သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံလာဖို့ စီစဉ်

USAID အုပ်ချုပ်ရေးမှူး Mark Green
USAID အုပ်ချုပ်ရေးမှူး Mark Green

USAID အုပ်ချုပ်ရေးမှူး Mark Green ဟာ မြန်မာနိုင်ငံကို မေလ ၁၇ ရက် ကြာသပတေးနေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။

Mark Green ဟာ သူ့ရဲ့ အာရှခရီးစဉ် မေလ ၁၃ ရက်ကနေ ၂၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကို လာရောက်ဖု့ိ့ စီစဉ်ထားပါတယ်။ သူနဲ့အတူ USAID ရဲ့အာရှဒေသဆိုင်ရာ အကြီးတန်းလက်ထောက် အုပ်ချုပ်ရေးမှုး Gloria Steele၊ အမေရိကန်နိုင်ငံခြားရေးဌာန လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ ဒု- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella တို့ပါ လိုက်ပါလာမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှိနိုင်ငံ ဒက်ကာမြို့ကို ရောက်မှာ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာအရေး နဲ့ အင်ဒို ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာ အကောင်ထည်ဖေါ်ရေး အပါအဝင် ကိစ္စရပ်တွေ ကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရရဲ့ လူသားချင်းစာနာမှု အကူညီပေးနေတဲ့ နေရာတွေကို သွားရောက်ကြည့်ရှုမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ရခိုင်ပြည်နယ်အရေးနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေတဲ့ တခြားဒေသတွေ အရေးတွေနဲ့ ပတ်သက်ပြိး အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိသလို အရပ်ဖက်လူမှုလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေနဲ့ လူငယ်ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံမှုာ ဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

USAID အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံလာဖို့ စီစဉ်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG