သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ဦးေဒသ ကမၻာ႔အေမြအႏွစ္ အဆိုျပဳလႊာ တင္သြင္းေရး တႏွစ္ေရႊ႕ဆိုင္း


(Zawgyi/Unicode)

ရခုိင္ျပည္နယ္က၊ ေျမာက္ဦးေဒသကို ကမာၻ႔ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ျဖစ္ေရး ေနာက္ဆံုး အဆိုျပဳလြႊာတင္မယ့္ အစီအစဥ္ကုိ ေနာက္ ၁ ႏွစ္ ေရႊ႕ဆုိင္းလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ VOA ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏုိင္က ရခုိင္ျပည္နယ္ကေန သတင္းေပးပုိ႔ထားပါတယ္။

ေရွးေဟာင္းေစတီပုထုိးေတြနဲ႔ ထင္ရွားတဲ့ ေျမာက္ဦးေဒသကုိ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖဲြ႔ (UNESCO) ရဲ႕ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ျဖစ္ဖုိ႔ စီစဥ္ေနေပမယ့္ လြန္ခဲ့တဲ့ တႏွစ္ေက်ာ္ကစ လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ၿပီးခဲ့တဲ့ႏွစ္ကစခဲ့တဲ့ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေနာက္တႏွစ္ ေရႊ႕ဖုိ႔ ဆုံးျဖတ္လုိက္တာ ျဖစ္ပါတယ္။

UNESCO စာရင္းဝင္ျဖစ္ေရး ဒီႏွစ္ထဲမွာ နောက္ဆံုး အဆိုျပဳလြႊာတင္ဖို႔ ရည္ရြယ္ထားေပမဲ့ အေျခအေနအရ ေရႊ႕လုိက္ရတာလုိ႔လည္း ေျမာက္ဦးယဥ္ေက်းမႈ အေမြအနွစ္ေဒသ ထိန္းသိမ္း ေစာင့္ေရွာက္ေရးအဖြဲ႔ ဥကၠဌ ေဒၚခင္သန္းက ေျပာပါတယ္။

“က်မတို႔ကေတာ့ ၂၀၂၀ ဇန္နဝါရီမွာ ေနာက္ဆံုးအဆိုျပဳလႊာကုိ တင္ၿပီးၿပီဆိုၿပီးေတာ့ က်မတို႔ နားလည္ခဲ့တယ္။ ဒါေပမယ့္ လုိအပ္ေနတာက စီမံခန္႔ခြဲမႉေတြ လုိအပ္ေနတယ္ဆိုၿပီးေတာ့ ေနာက္ဆက္တြဲ ထပ္တင္မယ္ဆိုၿပီးေတာ့ က်မတို႔ သိခဲ့ရတယ္။ သိၿပီးေတာ့ မွ COVIDျဖစ္ တယ္ ေနာက္ၿပီးေတာ့ နယ္ေျမမၿငိမ္မသက္ျဖစ္ေတာ့ အဲဒီနွစ္ခုေၾကာင့္ သူတို႔က တစ္ႏွစ္ ေနာက္ဆုတ္မယ္ဆိုတာ အခုမွ သိရတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္ၾကား ပဋိပကၡေတြေၾကာင့္ ကိုးေသာင္းဘုရား အပါအ၀င္ ေရွးေဟာင္း ေစတီပုထိုးနဲ႔ အေဆာက္အအံုတခ်ဳိ႕ ထိခုိက္ပ်က္စီးမႈေတြ ရွိခဲ့ေၾကာင္း လည္း ေျမာက္ဦးယဥ္ေက်းမႈ အေမြအနွစ္ေဒသ ထိန္းသိမ္း ေစာင့္ေရွာက္ေရးအဖြဲ႔ က ေျပာဆိုထားပါတယ္။

လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ကပ္ေရာဂါေၾကာင့္ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ျဖစ္ဖုိ႔ ေလွ်ာက္ ထားတဲ့ အစီအစဥ္ ေႏွာင့္ေႏွးခဲ့ရေပမယ့္ အဆုိျပဳလႊာအတြက္ ျပင္ဆင္ေနတာေတြ ရွိတယ္လုိ႔ လည္း ရခိုင္ျပည္နယ္ ေရွးေဟာင္းသုေတသနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာန ကမၻာ့အေမြအနွစ္ မ်ားဌာနခြဲ ညြန္ၾကားေရးမွဴး ဦးစိုးစိုးလင္းက ေျပာပါတယ္။

“အဓိကေတာ့ နယ္ေျမေဒသအေျခအေနေပါ့ေလ။ က်ေနာ္မေရာက္ခင္ကတည္းက ဒီဖက္မွာက ျပင္ဆင္ထားတာေတြရွိပါတယ္။ ဝင္ဖို႔ရာအတြက္ေလ။ အဲတာေတြက ေတာ္ေတာ္မ်ား မ်ားျပည့္စံုေနပါတယ္။ ျပည့္စံုေနေပမယ့္ ဒီဘက္မွာက နယ္ေျမေဒသအေနအထားအရ ျဖစ္ေနေတာေတြ႔ေတာ့ က်ေနာ္တို႔က ျပန္ၿပီးေတာ့ updateာလုပ္တာတို႔ လိုအပ္တာေတြကို ေဆာင္ရြက္ေပးတာတို႔ လိုအပ္တာေတြကို ညိွႏိုင္းတာတို႔ လုပ္ေဆာင္ေနတာ အေတာ္ေလး ျပည့္စံုေနပါၿပီ။”

ေျမာက္ဦးေဒသကုိ ကမာၻ႔အေမြအႏွစ္စာရင္း၀င္ျဖစ္ေရး အဆုိျပဳလႊာ မူၾကမ္းကုိ UNESCO ထံ ၂၀၁၉ ခုႏွစ္မွာ တင္သြင္းခဲ့ၿပီး အၿပီးသတ္ အဆုိျပဳလႊာကုိ ဒီႏွစ္ဆန္းမွာ ေပးပုိ႔ဖုိ႔ စီစဥ္ထားေပမဲ့ ပဋိပကၡေတြေၾကာင့္ ပညာရွင္ေတြ ကြင္းဆင္းေလ့လာမႈေတြ မလုပ္ႏုိင္ပဲ ျဖစ္ေနရတယ္လုိ႔ လည္း သာသနာေရးနဲ႔ ယဥ္ေက်းမႈ၀န္ႀကီး သူရဦးေအာင္ကုိက ေျပာဆုိထားတာပါ။

ေျမာက္ဦးေဒသကုိ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ျဖစ္ဖုိ႔ ေဒသခံႏုိင္ငံေရး အသုိင္းအ၀န္းကလည္း ၀ုိင္း၀န္းႀကိဳးပမ္းခဲ့ၾကေပမဲ့ လုံၿခံဳေရးနဲ႔ ကပ္ေရာဂါ အႏၱရာယ္ေၾကာင့္ အစီအစဥ္ ေႏွာင့္ေႏွးခဲ့ရ တဲ့အတြက္ စိတ္မေကာင္း ျဖစ္မိတယ္လုိ႔လည္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းသာစိန္ ကေျပာပါတယ္။

“ ဒါေတြဟာ တကယ္ အမ်ိဳးသားအေမြအနွစ္ျဖစ္တယ္။ ႏိုင္ငံရဲ႕ အေမြအနွစ္ျဖစ္တယ္။ ဒါေၾကာင့္ ထိန္းသိမ္းရမယ္ဆိုၿပီးေတာ့ ျပည္သူေတြကလည္း ေတာင္းဆိုတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ကလည္း ျပည္သူ႔ေတာင္းဆိုခ်က္ကို အေကာင္ အထည္ေဖာ္ခဲ့ တယ္ေပါ့ ေနာ္။ က်ေနာ္တို႔ကေတာ့ လြတ္ေတာ္ထဲမွာ ျပည္သူ႔ကိုယ္စားအလုပ္လုပ္ ေပးခဲ့ပါ တယ္။ အဲဒီအေပၚမွာ အစိုးရအေနနဲ႔ အေကာင္အထည္ ေဖာ္ေဆာင္ရြက္တာေတြက အားနည္းေန ေသးတယ္လို႔ ျမင္တယ္။ အခုလည္းပဲ အဆိုျပဳလႊာတင္ဖို႔ တစ္ႏွစ္ေနာက္ဆုတ္ လိုက္တယ္။ ဆိုေတာ့ က်ေနာ္တို႔ ႀကိဳးစားခဲ့တာ အရာမထင္ေတာ့ က်ေနာ္တို႔လည္း စိတ္မေကာင္းပါဘူး။”

ျမန္မာႏုိင္ငံမွာ ေရွးေဟာင္းေစတီပုထုိးေတြနဲ႔ ထင္ရွားတဲ့ ပုဂံေဒသကိုေတာ့ UNESCO ရဲ႕ ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ စာရင္း၀င္အျဖစ္ ၂၀၁၉ ခုႏွစ္မွာပဲ အသိအမွတ္ျပဳ လက္ခံထားၿပီး၊ ပ်ဳေခတ္ေရွးေဟာင္းၿမိဳ႕ေတြျဖစ္တဲ့ သေရေခတၱရာ၊ ဗိႆႏုိးနဲ႔ ဟန္လင္း တုိ႔ကုိလည္း ၂၀၁၄ ခုႏွစ္မွာပဲ ကမာၻ႔အေမြအႏွစ္စာရင္းမွာ ထည့္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် အဆိုပြုလွှာ တင်သွင်းရေး တနှစ်ရွှေ့ဆိုင်း

(Unicode)

ရခိုင်ပြည်နယ်က၊ မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ရေး နောက်ဆုံး အဆိုပြုလွှာတင်မယ့် အစီအစဉ်ကို နောက် ၁ နှစ် ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေနဲ့ ထင်ရှားတဲ့ မြောက်ဦးဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ စီစဉ်နေပေမယ့် လွန်ခဲ့တဲ့ တနှစ်ကျော်ကစ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပြီးခဲ့တဲ့နှစ်ကစခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နောက်တနှစ် ရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

UNESCO စာရင်းဝင်ဖြစ်ရေး ဒီနှစ်ထဲမှာ နောက်ဆုံး အဆိုပြုလွှာတင်ဖို့ ရည်ရွယ်ထားပေမဲ့ အခြေအနေအရ ရွှေ့လိုက်ရတာလို့လည်း မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

“ကျမတို့ကတော့ ၂၀၂၀ ဇန်နဝါရီမှာ နောက်ဆုံးအဆိုပြုလွှာကို တင်ပြီးပြီဆိုပြီးတော့ ကျမတို့ နားလည်ခဲ့တယ်။ ဒါပေမယ့် လိုအပ်နေတာက စီမံခန့်ခွဲမှူတွေ လိုအပ်နေတယ်ဆိုပြီးတော့ နောက်ဆက်တွဲ ထပ်တင်မယ်ဆိုပြီးတော့ ကျမတို့ သိခဲ့ရတယ်။ သိပြီးတော့ မှ COVIDဖြစ် တယ် နောက်ပြီးတော့ နယ်မြေမငြိမ်မသက်ဖြစ်တော့ အဲဒီနှစ်ခုကြောင့် သူတို့က တစ်နှစ် နောက်ဆုတ်မယ်ဆိုတာ အခုမှ သိရတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်ကြား ပဋိပက္ခတွေကြောင့် ကိုးသောင်းဘုရား အပါအဝင် ရှေးဟောင်း စေတီပုထိုးနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း လည်း မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ က ပြောဆိုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကပ်ရောဂါကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ လျှောက် ထားတဲ့ အစီအစဉ် နှောင့်နှေးခဲ့ရပေမယ့် အဆိုပြုလွှာအတွက် ပြင်ဆင်နေတာတွေ ရှိတယ်လို့ လည်း ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ် များဌာနခွဲ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါတယ်။

“အဓိကတော့ နယ်မြေဒေသအခြေအနေပေါ့လေ။ ကျနော်မရောက်ခင်ကတည်းက ဒီဖက်မှာက ပြင်ဆင်ထားတာတွေရှိပါတယ်။ ဝင်ဖို့ရာအတွက်လေ။ အဲတာတွေက တော်တော်များ များပြည့်စုံနေပါတယ်။ ပြည့်စုံနေပေမယ့် ဒီဘက်မှာက နယ်မြေဒေသအနေအထားအရ ဖြစ်နေတောတွေ့တော့ ကျနော်တို့က ပြန်ပြီးတော့ updateာလုပ်တာတို့ လိုအပ်တာတွေကို ဆောင်ရွက်ပေးတာတို့ လိုအပ်တာတွေကို ညှိနိုင်းတာတို့ လုပ်ဆောင်နေတာ အတော်လေး ပြည့်စုံနေပါပြီ။”

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဆိုပြုလွှာ မူကြမ်းကို UNESCO ထံ ၂၀၁၉ ခုနှစ်မှာ တင်သွင်းခဲ့ပြီး အပြီးသတ် အဆိုပြုလွှာကို ဒီနှစ်ဆန်းမှာ ပေးပို့ဖို့ စီစဉ်ထားပေမဲ့ ပဋိပက္ခတွေကြောင့် ပညာရှင်တွေ ကွင်းဆင်းလေ့လာမှုတွေ မလုပ်နိုင်ပဲ ဖြစ်နေရတယ်လို့ လည်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားတာပါ။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ ဒေသခံနိုင်ငံရေး အသိုင်းအဝန်းကလည်း ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပေမဲ့ လုံခြုံရေးနဲ့ ကပ်ရောဂါ အန္တရာယ်ကြောင့် အစီအစဉ် နှောင့်နှေးခဲ့ရ တဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့လည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန် ကပြောပါတယ်။

“ ဒါတွေဟာ တကယ် အမျိုးသားအမွေအနှစ်ဖြစ်တယ်။ နိုင်ငံရဲ့ အမွေအနှစ်ဖြစ်တယ်။ ဒါကြောင့် ထိန်းသိမ်းရမယ်ဆိုပြီးတော့ ပြည်သူတွေကလည်း တောင်းဆိုတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း ပြည်သူ့တောင်းဆိုချက်ကို အကောင် အထည်ဖော်ခဲ့ တယ်ပေါ့ နော်။ ကျနော်တို့ကတော့ လွတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားအလုပ်လုပ် ပေးခဲ့ပါ တယ်။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်တာတွေက အားနည်းနေ သေးတယ်လို့ မြင်တယ်။ အခုလည်းပဲ အဆိုပြုလွှာတင်ဖို့ တစ်နှစ်နောက်ဆုတ် လိုက်တယ်။ ဆိုတော့ ကျနော်တို့ ကြိုးစားခဲ့တာ အရာမထင်တော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။”

မြန်မာနိုင်ငံမှာ ရှေးဟောင်းစေတီပုထိုးတွေနဲ့ ထင်ရှားတဲ့ ပုဂံဒေသကိုတော့ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်မှာပဲ အသိအမှတ်ပြု လက်ခံထားပြီး၊ ပျုခေတ်ရှေးဟောင်းမြို့တွေဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်း တို့ကိုလည်း ၂၀၁၄ ခုနှစ်မှာပဲ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းထားပါတယ်။

XS
SM
MD
LG