သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဗိုလ်ချုပ်တဦးကို ကနေဒါ ဒဏ်ခတ်အရေးယူ


ကနေဒါ ဒဏ်ခတ်အရေးယူ လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး
ကနေဒါ ဒဏ်ခတ်အရေးယူ လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး

ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည် ၇၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့အခြေအနေထိ ရောက်ခဲ့တဲ့ စစ်တပ်စစ်ဆင်ရေးကို တာဝန်ယူကွပ်ကဲခဲ့သူ မြန်မာစစ်ဗိုလ်ချုပ်တယောက်ကို ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း ကနေဒါ နိုင်ငံက သောကြာနေ့မှာကြေညာပါတယ်။

အခု ကနေဒါက အရေးယူတယ်လို့ကြေညာလိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ကလည်း ဒဏ်ခတ်အရေးယူတဲ့ အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကြေညာထားတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေ ကျူးလွန်ပြီး ရိုဟင်ဂျာ ၆၈၈,၀၀၀ ကျော် နိုင်ငံကနေ ထွက်ပြေးသွားရတာမှာ ဗိုလ်ချုပ်မောင်မောင်စိုးဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားထုအပေါ် ကျူးလွန်တဲ့ရာဇတ်မှုတွေ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတာကိုှ ကနေဒါနိုင်ငံအနေနဲ့ မသိကျိူးကျွံပြုမနေနိုင် ဘူးလို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကပြောပါတယ်။ ဒီဆိုးသွမ်းရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေ သူတို့လုပ်ထားတဲ့အတိုင်း တာဝန်ခံစေရမယ်လို့လည်း ဆိုပါတယ်။

အခုဒဏ်ခတ်အရေးယူမှုထဲမှာ ကနေဒါနိုင်ငံမှာ ဗိုလ်ချုပ်မောင်မောင်စိုးရဲ့ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုရင် ထိန်းချုပ်သွားမှာဖြစ်သလို သူနဲ့ ပတ်သက်ဆက်စပ်တာကို ပိတ်ပင်ကန့်သတ်တာလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG