သုံးရလွယ်ကူစေသည့် Link များ

မောင်တောဆင်ခြေဖုံး တိုက်ပွဲတွေဖြစ်နေ


မောင်တောမြို့လုံခြံရေးတိုးမြှင့်နေစဉ်
မောင်တောမြို့လုံခြံရေးတိုးမြှင့်နေစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့ ဆင်ခြေဖုံးကျေးရွာတွေဖက်က ပြစ်ခတ်သံတွေကို ကြာသပတေးနေ့ည ၁၁ နာရီကျော်လောက်ကစပြီး ဒီနေ့မနက်အစောပိုင်းအထိ ကြိုကြား ကြိုကြား ကြားနေရဆဲလို့ ဒေသခံတယောက်က VOA မြန်မာပိုင်းကို ပြောပြပါတယ်။

"ည ၁၁ နာရီခွဲကျော်ကျော်လောက်အချိန်မှာ မောင်တောမြို့တွင်းမလှမ်းမကမ်း ကနေပြီးတော့ လက်နက်ကြီးသံတွေကြားနေရတယ်။ အဲဒါနဲ့ သိပ်မကြာဘူးခင်ဗျ ဒီမြို့အနီးအနားမှာလည်း လက်နက်ပစ်သံတွေပေါ့လေ အများကြီးပဲ ။ ကျနော်တို့ မောင်တောမြို့နေရာအနှံ့ပေ့ါ ၊ အဲဒီနေရာတွေမှာ ပစ်သံခတ်သံတွေပေါ့လေ အများကြီးကြားနေရတယ်။ နောက်လက်နက်ကြီး အသံတွေလည်းကြားနေရတယ် ၁၁ နာရီခွဲကျော်ကျော်လောက်ကနေပြီးတော့ မနက်မိုးလင်းတဲ့အထိပေါ့ ပစ်သံခတ်သံတွေကြားနေရတယ်။"

မောင်တောမြို့ဒေသခံက သူကြားရတဲ့ အခြေအနေကို VOA ကိုပြောပြခဲ့တာဖြစ်ပါတယ်။

မောင်တောခရိုင်ထဲက မြိုတိုင်းရင်းသားကျေးရွာက မြိုလူမျိုးတချို့ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေသခံတွေရဲ့လုံခြုံရေးအတွက် စစ်တပ် အဖွဲ့ဝင်တွေစေလွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တွေက ကာကွယ်ရေးဦးစီးချုပ်ကို တေ့ွဆုံပြီးတောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက်ရက်ပိုင်းအကြာမှာပဲ စစ်တပ်တွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုးမြှင့်ချထားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG