သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ကျဆင်းမှု ILO သတိပေး


အထည်ချုပ်စက်ရုံမြင်ကွင်း
အထည်ချုပ်စက်ရုံမြင်ကွင်း

မေလ (၁) ရက်နေ့ကျရောက်တဲ့ မေးဒေး ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွေ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက အလုပ်သမားတွေ ကျင်းပနေကြပါတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားအခွင့်အရေးအခြေအနေ ဆုတ်ယုတ်ကျဆင်းနေတာကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ပြန်အကောင်အထည်ဖေါ်ဖို့နဲ့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားဖို့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ILO အဖွဲ့က တောင်းဆိုပါတယ်။ တဆက်တည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ စုဝေးပြီး အလုပ်သမားတွေအတွက် အခြေခံ လခတိုးပေးရေးနဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုကြပါတယ်။

ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံ အလုပ်သမား သမဂ္ဂတွေနဲ့အတူ အမျိုးသမီး အလုပ်သမားတွေလည်း ပူးပေါင်းပါဝင်ကြတဲ့အကြောင်းနဲ့ အလုပ်သမားနေ့ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ပူးပေါင်းကျင်းပတာဖြစ်တဲ့အကြောင်း ဆန္ဒပြအလုပ်သမား ခေါင်းဆောင်တယောက်က ပြောဆိုသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံမှာလည်း အလုပ်သမား ငါးသောင်းလောက် စုဝေးပြီး အခမ်းအနားတွေ ကျင်းပပြီး အင်ဒိုနီးရှားအစိုးရ အသစ်ပြဌာန်းလိုက်တဲ့ အလုပ်အကိုင်ဖန်တီးရေး ဥပဒေကို ကန့်ကွက်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ သမ္မတ Widodo အစိုးရ ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ဆိုပေမဲ့လည်း အလုပ်သမားတွေ အကျိုးထက် စီးပွားရေးလုပ်ငန်းတွေကိုပဲ အကျိုးအမြတ်ရအောင် ဖန်တီးပေးထားတယ်ဆိုပြီး အလုပ်သမားသမဂ္ဂတွေက ကန့်ကွက်နေပါတယ်။ ဒီနေ့ ဂျာကာတာမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ထောင်လောက် ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG