သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ballon d'Or ဆုစာရင်း မက်ဆီနဲ့ ဟာလန်တို့ထိပ်မှာရှိနေ


ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ Ballon d’Or ရွှေဘောလုံးဆုအတွက် ရေပန်းစားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးကစားသမားများ (စက်တင်ဘာ ၆၊ ၂၀၂၃)
ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ Ballon d’Or ရွှေဘောလုံးဆုအတွက် ရေပန်းစားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးကစားသမားများ (စက်တင်ဘာ ၆၊ ၂၀၂၃)

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ရွှေဘောလုံးဆုအတွက် ပဏာမ လူ ၃၀ စာရင်းကို ကို စက်တင်ဘာ ၆ ရက်နေ့က ရွေးချယ်လိုက်ပါတယ် Ballon d’Or လို့ ခေါ်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုအတွက် ဒီနှစ်မှာတော့ မက်ဆီ၊ ဟာလန် နဲ့ Mbappe တို့ ပဏာမရွေးချယ်လိုက်တဲ့အထဲမှာ ပါဝင်လာခဲ့ပေမယ့် ရွှေဘောလုံးဆုကို ၅ ကြိမ် ရဖူးတဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရိုနာလ်ဒိုတော့ မပါဝင်ခဲ့ပါဘူး ဒါဟာ ရိုနာလ်ဒိုအတွက်တော့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် မပါတာဖြစ်ပါတယ်။

ဒီနှစ် ရွှေဘောလုံးဆုအတွက် မက်ဆီ နဲ့ ဟာလန်တို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီမှာ ကစားနေတဲ့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကတော့ အာဂျင်တီးနားအသင်းကို မနှစ်က ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ပြီး၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်ကတော့ မန်ချက်စတာစီးတီးအသင်း ဖလား ၃ လုံးရတဲ့ နေရာမှာ တရာသီတည်း ၅၂ ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ၂ ဦးကတော့ အခုလောလောဆယ်မှာ ရွှေဘောလုံးဆုရဖို့အတွက် အလားအလာအကောင်းဆုံး ၂ ဦး ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီနှစ်ရွေးလိုက်တဲ့အထဲမှာ မန်ချက်စတာစီးတီးအသင်းက ကစားသမားတွေ အတော်များများ ပါဝင်ပါတယ်။

အမျိုးသမီးတွေဘက်မှာတော့ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာ အကောင်းဆုံးဘောလုံးသမားဆုရခဲ့တဲ့ စပိန်ကစားသမား Aitana Bonmatí ၊ သြစတြေးလျ နဲ့ ချယ်ဆီး ရှေ့တန်းလူ Sam Kerr ၊ ပြင်သစ် နဲ့ PSG တိုက်စစ်မှူး Kadidiatou Diani တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်မှာ ရွှေဘောလုံးဆု ၂ ကြိမ် ဆက်တိုက်ရခဲ့တဲ့ စပိန်နဲ့ ဘာစီလိုနာကစားသမား Alexia Putellas တို့ မပါဝင်ခဲ့ပါဘူး။

Ballon d’Or ဆုကိုတော့ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG