(Zawgyi/Unicode)
မကၠဆီကုိုႏိုင္ငံ ၿမိဳ႕ေတာ္ Mexico City နားက ေရွးေဟာင္းသုေတသန တူးကြက္ မွာ mammoth ေခၚ ေရွးဆင္ရိုင္း အေကာင္ ၆၀ ရဲ့ ရုပ္ၾကြင္းေတြကို ေတြ႔ခဲ့တယ္လို႔ မကၠဆီကုိအမ်ိဳးသား (INAH) မႏုႆေဗဒနဲ႔ သမိုင္းဌာန က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
သုေတသနလုပ္ကြက္ဟာ ေရွးေဟာင္းေရကန္ႀကီးတည္ရွိခဲ့တဲ့ ေနရာမွာ ျဖစ္ၿပီး ဒီကန္ႀကီးရဲ့ ရႊံ႔ ညြန္ေတြ ထဲမွာ ေရွးဆင္ရိုင္းအုပ္ႀကီး ရုန္းမထြက္ႏုိင္ပဲ ေသဆံုးခဲ့ရတာ ျဖစ္ႏိုင္တယ္လို႔ ေရွးေဟာင္း သုေတသနပညာရွင္ေတြက တြက္ဆ ေနၾကတာပါ။
အခု ေတြ႔ရွိရတဲ့ ႏို႔တုိက္သတၱဝါ မ်ိဳးစိတ္ မ်ိဳးကြဲေတြဟာ လြန္ခဲ့တဲ့ ႏွစ္ သန္းေပါင္း ၂ သန္းခြဲ ေလာက္ကစတင္ခဲ့တဲ့ Pleistocene ကပ္လို႔ ေခၚတဲ့ ေရခဲေခတ္ ကာလက ရွင္သန္ေပါက္ဖြားခဲ့တဲ့ သတၱဝါေတြ ျဖစ္ေၾကာင္း မကၠဆီကုိေရွးေဟာင္းသုေတသန ဌာန ေျပာခြင့္ရ Jose De Jesus ကေျပာပါတယ္။
သမိုင္းမတိုင္ခင္ေခတ္ရဲ့ ေရွးေဟာင္းသုေတသနေတြ႔ရွိခ်က္ဟာ Mexico City ႏိုင္ငံတကာေလဆိပ္ သစ္ အတြက္ ေဆာက္လုပ္ေရး လုပ္ငန္းေတြ လုပ္ေနတဲ့ ေနရာနားမွာ ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ေရွးဆင္ရိုင္း ရုပ္ၾကြင္းေတြကို ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ထဲမွာ ပထမဆံုးတူးေဖၚ ရရွိခဲ့တာပါ။
..............
မက္ကဆီကိုမှာ ရှေးဆင်ရိုင်း အကောင် ၆၀ ရဲ့ ရုပ်ကြွင်းတွေတွေ့
(Unicode)
မက္ကဆီကိုနိုင်ငံ မြို့တော် Mexico City နားက ရှေးဟောင်းသုတေသန တူးကွက် မှာ mammoth ခေါ် ရှေးဆင်ရိုင်း အကောင် ၆၀ ရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့တယ်လို့ မက္ကဆီကိုအမျိုးသား (INAH) မနုဿဗေဒနဲ့ သမိုင်းဌာန က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
သုတေသနလုပ်ကွက်ဟာ ရှေးဟောင်းရေကန်ကြီးတည်ရှိခဲ့တဲ့ နေရာမှာ ဖြစ်ပြီး ဒီကန်ကြီးရဲ့ ရွှံ့ ညွန်တွေ ထဲမှာ ရှေးဆင်ရိုင်းအုပ်ကြီး ရုန်းမထွက်နိုင်ပဲ သေဆုံးခဲ့ရတာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက တွက်ဆ နေကြတာပါ။
အခု တွေ့ရှိရတဲ့ နို့တိုက်သတ္တဝါ မျိုးစိတ် မျိုးကွဲတွေဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၂ သန်းခွဲ လောက်ကစတင်ခဲ့တဲ့ Pleistocene ကပ်လို့ ခေါ်တဲ့ ရေခဲခေတ် ကာလက ရှင်သန်ပေါက်ဖွားခဲ့တဲ့ သတ္တဝါတွေ ဖြစ်ကြောင်း မက္ကဆီကိုရှေးဟောင်းသုတေသန ဌာန ပြောခွင့်ရ Jose De Jesus ကပြောပါတယ်။
သမိုင်းမတိုင်ခင်ခေတ်ရဲ့ ရှေးဟောင်းသုတေသနတွေ့ရှိချက်ဟာ Mexico City နိုင်ငံတကာလေဆိပ် သစ် အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ နေရာနားမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရှေးဆင်ရိုင်း ရုပ်ကြွင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ထဲမှာ ပထမဆုံးတူးဖေါ် ရရှိခဲ့တာပါ။