သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လစာမရတဲ့ ထိုင္းေရာက္ တရားမဝင္လုပ္သားေတြ သံ႐ံုး အကူအညီေပး


ျမန္မာႏိုင္ငံသား ၉ ဦး ရွိတဲ့ ေဆာက္လုပ္ေရး အလုပ္သမားတန္းလ်ားေတြကို ထုိင္းအဖဲြ႔က သြားေရာက္ စစ္ေဆးေနပံု (သတင္းဓာတ္ပံု - ဦးစိုင္းေအး)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံထဲက အေထာက္အထားမဲ့ ျမန္မာအလုပ္သမားအခ်ိဳ႕ လုပ္ခ မရဘဲ အလုပ္ရွင္ရဲ႕ ျခိမ္းေျခာက္မႈႀကံဳေနရတာကို ျမန္မာသံရံုးက အကူအညီေပးခဲ့တဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းႏို္င္ငံထဲကုိ တရားမ၀င္နည္းနဲ႔ လာၾကတဲ့ အေထာက္အထားမဲ့ ျမန္မာအလုပ္သမားမ်ားဟာ COVID-19 အေရးေပၚကာလမွာ ျခိမ္းေျခာက္ခံရျပီး လုပ္အားခ မရရွိတာေၾကာင့္ဧျပီလ ၂၂ ရက္ေန႔မွာေတာ့ ထိုင္းအာဏာပိုင္ေတြရဲ႕ အကူအညီနဲ႔ ျမန္မာသံရံုးက သူတို႔ကိုသြားေရာက္ေခၚေဆာင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံသား ၉ ဦး ရွိတဲ့ ေဆာက္လုပ္ေရး အလုပ္သမားတန္းလ်ားေတြကို ထုိင္းအဖဲြ႔က သြားေရာက္ စစ္ေဆးေနပံု (သတင္းဓာတ္ပံု - ဦးစိုင္းေအး)
ျမန္မာႏိုင္ငံသား ၉ ဦး ရွိတဲ့ ေဆာက္လုပ္ေရး အလုပ္သမားတန္းလ်ားေတြကို ထုိင္းအဖဲြ႔က သြားေရာက္ စစ္ေဆးေနပံု (သတင္းဓာတ္ပံု - ဦးစိုင္းေအး)

တနသၤာရီ ထား၀ယ္ထီးခီးလမ္းကေန ထုိင္းႏုိင္ငံ ပရာက်င္ဘူလီျမိဳ႕ရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို ေရာက္လာတဲ့ အေထာက္အထားမဲ့ ျမန္မာႏို္င္ငံသား ၉ ေယာက္ဟာ သူတို႔ကုိအလုပ္ရွင္နဲ႔ ပဲြစားေပါင္းျပီး လုပ္အားခမေပးဘဲ ျခိမ္းေျခာက္ေနတာေၾကာင့္ ျမန္မာသံရံုးကုိအကူညီေတာင္းခံလာေၾကာင္း ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးရဲရန္ေအာင္ကေျပာျပပါတယ္။

"အလုပ္သမားေတြက work permit လည္း မရွိဘူး။ ပါတ္စ္ပို႔လည္း မရွိဘူး။ ပဲြစားကတရားမ၀င္လမ္းေၾကာင္းက ေခၚလာျပီး ဒီဘက္က အလုပ္မွာ အပ္ထားလိုက္တာပါ သူတို႔ဆီမွာ တရား၀င္အေထာက္အထား မရွိေတာ့ ပတ္စ္ပို႔လည္း မရွိေတာ့ အလုပ္ရွင္ကလည္း သူတို႔ကို လုပ္အားခမေပးဘူး။ သက္ဆုိင္ရာ ဆာ၀ါဒီကန္ေတြ၊ ရဲေတြ DSI အဖဲြ႔ေတြ အကူညီေတာင္းလိုက္တယ္။ အခုေလာေလာဆယ္ သက္ဆုိင္ရာကို အကူညီေတာင္းျပီး ဥပေဒနဲ႔အညီ စီစဥ္ေပးဖို႔ အပ္ထားေပးပါျပီ။"

သူတို႔ဟာ ဇန္န၀ါရီလကစျပီး မေကြးတိုင္းနဲ႔ ပဲခူးတုိင္းေတြေန ထုိင္းႏို္င္ငံထဲမွာ အလုပ္လုပ္ဖို့ထြက္လာၾကသူမ်ား ျဖစ္ပါတယ္။ သူတို႔ကုိ ပဲြစားက တဦးက်ပ္ ၇၀၀,၀၀၀ ဆီေတာင္းျပီး ႏိုင္ငံကူးလက္မွတ္နဲ႔ တရား၀င္ အလုပ္လုပ္ရမယ္ဆိုတာေၾကာင့္ ထြက္လာခဲ့ၾကတာပါ။ ဒီေနာက္မွာေတာ့ တရားမ၀င္လမ္းကေန ေခၚလာျပီး ပိတ္ေလွာင္ခံရတာေတြ ရွိခဲ့တဲ့အျပင္လုပ္အားခကုိ မေပးဘဲ ခိုင္းေစခဲ့တယ္လို႔ အလုပ္သမားတဦးက ေျပာျပပါတယ္။"

"အဆာေရစာ ငတ္တာလည္း ရွိတယ္။ အခန္းလည္း ပိတ္ထားတာ ရွိတယ္။ မထြက္နဲ႔ ထြက္ရင္ ေသမွာတဲ့ ပဲြစားမက ဖုန္းနဲ႔ ေျပာတယ္။ ပိုက္ဆံဘာမွ မရဘူး။ တပတ္စာကုိ ဆန္ေလး၊ ဆီေလး ၀ယ္ဖုိ႔အတြက္ ၂၅၀၊ ၄၊ ၅၊ ၆၀၀ စသျဖင့္ ေပးတာပဲ ရွိတယ္။ ပိုက္ဆံေတာင္းရင္လည္း ေသနတ္ေတြ၊ ဒါးေတြနဲ႔ လာႀကိမ္းေမာင္းေနေရာပဲ။"

ဒီအမႈဟာ လူကုန္ကူးမူဆိုရင္ေတာ့ ထုိင္းဥပေဒအတုိင္း အေရးယူေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ျမန္မာသံရံုးနဲ႔အတူ သက္ဆုိင္ရာအဖဲြ႔အစည္းေတြအတြက္ ဘာသာျပန္အျဖစ္လုိ္က္ပါ ကူညီေပးေနတဲ့ ဦးစိုင္းေအးကလည္းေျပာပါတယ္။

"လူကုန္ကူးမႈေျမာက္ရင္ေတာ့ ထိုင္းမွာ ခ်မွတ္ထားတဲ့ ဥပေဒအတုိင္း သြားရမွာပဲ လူကုန္ကူးမႈ မေျမာက္ဘူးဆုိရင္ေတာ့ ႏိုင္ငံျဖတ္ေက်ာ္မႈနဲ႔ သူတို႔ကိုျပန္ပို႔ေပးမွာပါ။"

ျမန္မာအလုပ္သမား ၉ ဦးဟာ ထုိင္းႏိုင္ငံထဲကို ေရာက္ရွိတာ ၃ လ ၀န္းက်င္းပဲ ရွိပါေသးတယ္။ အမ်ားစုကေတာ့ အသက္၂၀ ေက်ာ္ လူငယ္ေတြျဖစ္ၾကပါတယ္။ သူတို႔ေတြကို ထိုင္းဥပေဒပါ လုပ္အားခရမယ္။ ႏုိင္ငံကူးလက္မွတ္လုပ္ေပးမယ္ဆိုျပီး ပဲြစားက လိမ္ညာျပီးေခၚလာခဲ့တာလို႔ အလုပ္သမားေတြကေျပာပါတယ္။ ထိုင္းႏို္င္ငံထဲမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ၀န္းက်င္ရိွျပီး အမ်ားစုကေတာ့ တရားမ၀င္ အလုပ္သမားေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လစာမရတဲ့ ထိုင်းရောက် တရားမဝင်လုပ်သားတွေ သံရုံး အကူအညီပေး

ထိုင်းနိုင်ငံထဲက အထောက်အထားမဲ့ မြန်မာအလုပ်သမားအချို့ လုပ်ခ မရဘဲ အလုပ်ရှင်ရဲ့ ခြိမ်းခြောက်မှုကြုံနေရတာကို မြန်မာသံရုံးက အကူအညီပေးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းနဲ့ လာကြတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများဟာ COVID-19 အရေးပေါ်ကာလမှာ ခြိမ်းခြောက်ခံရပြီး လုပ်အားခ မရရှိတာကြောင့် ဧပြီလ ၂၂ ရက်နေ့မှာတော့ ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီနဲ့ မြန်မာသံရုံးက သူတို့ကိုသွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။

တနင်္သာရီ ထားဝယ်ထီးခီးလမ်းကနေ ထိုင်းနိုင်ငံ ပရာကျင်ဘူလီမြို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉ ယောက်ဟာ သူတို့ကို အလုပ်ရှင်နဲ့ ပွဲစားပေါင်းပြီး လုပ်အားခမပေးဘဲ ခြိမ်းခြောက်နေတာကြောင့် မြန်မာသံရုံးကိုအကူညီတောင်းခံလာကြောင်း မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်ကပြောပြပါတယ်။

"အလုပ်သမားတွေက work permit လည်း မရှိဘူး။ ပါတ်စ်ပို့လည်း မရှိဘူး။ ပွဲစားကတရားမဝင်လမ်းကြောင်းက ခေါ်လာပြီး ဒီဘက်က အလုပ်မှာ အပ်ထားလိုက်တာပါ သူတို့ဆီမှာ တရားဝင်အထောက်အထား မရှိတော့ ပတ်စ်ပို့လည်း မရှိတော့ အလုပ်ရှင်ကလည်း သူတို့ကို လုပ်အားခမပေးဘူး။ သက်ဆိုင်ရာ ဆာဝါဒီကန်တွေ၊ ရဲတွေ DSI အဖွဲ့တွေ အကူညီတောင်းလိုက်တယ်။ အခုလောလောဆယ် သက်ဆိုင်ရာကို အကူညီတောင်းပြီး ဥပဒေနဲ့အညီ စီစဉ်ပေးဖို့ အပ်ထားပေးပါပြီ။"

သူတို့ဟာ ဇန်နဝါရီလကစပြီး မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေနေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ထွက်လာကြသူများ ဖြစ်ပါတယ်။ သူတို့ကို ပွဲစားက တဦးကျပ် ၇၀၀,၀၀၀ ဆီတောင်းပြီး နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အလုပ်လုပ်ရမယ်ဆိုတာကြောင့် ထွက်လာခဲ့ကြတာပါ။ ဒီနောက်မှာတော့ တရားမဝင်လမ်းကနေ ခေါ်လာပြီး ပိတ်လှောင်ခံရတာတွေ ရှိခဲ့တဲ့အပြင်လုပ်အားခကို မပေးဘဲ ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပြပါတယ်။"

"အဆာရေစာ ငတ်တာလည်း ရှိတယ်။ အခန်းလည်း ပိတ်ထားတာ ရှိတယ်။ မထွက်နဲ့ ထွက်ရင် သေမှာတဲ့ ပွဲစားမက ဖုန်းနဲ့ ပြောတယ်။ ပိုက်ဆံဘာမှ မရဘူး။ တပတ်စာကို ဆန်လေး၊ ဆီလေး ဝယ်ဖို့အတွက် ၂၅၀၊ ၄၊ ၅၊ ၆၀၀ စသဖြင့် ပေးတာပဲ ရှိတယ်။ ပိုက်ဆံတောင်းရင်လည်း သေနတ်တွေ၊ ဒါးတွေနဲ့ လာကြိမ်းမောင်းနေရောပဲ။"

ဒီအမှုဟာ လူကုန်ကူးမူဆိုရင်တော့ ထိုင်းဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာသံရုံးနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက် ဘာသာပြန်အဖြစ်လိုက်ပါ ကူညီပေးနေတဲ့ ဦးစိုင်းအေးကလည်းပြောပါတယ်။

"လူကုန်ကူးမှုမြောက်ရင်တော့ ထိုင်းမှာ ချမှတ်ထားတဲ့ ဥပဒေအတိုင်း သွားရမှာပဲ လူကုန်ကူးမှု မမြောက်ဘူးဆိုရင်တော့ နိုင်ငံဖြတ်ကျော်မှုနဲ့ သူတို့ကိုပြန်ပို့ပေးမှာပါ။"

မြန်မာအလုပ်သမား ၉ ဦးဟာ ထိုင်းနိုင်ငံထဲကို ရောက်ရှိတာ ၃ လ ဝန်းကျင်းပဲ ရှိပါသေးတယ်။ အများစုကတော့ အသက်၂၀ ကျော် လူငယ်တွေဖြစ်ကြပါတယ်။ သူတို့တွေကို ထိုင်းဥပဒေပါ လုပ်အားခရမယ်။ နိုင်ငံကူးလက်မှတ်လုပ်ပေးမယ်ဆိုပြီး ပွဲစားက လိမ်ညာပြီးခေါ်လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ဝန်းကျင်ရှိပြီး အများစုကတော့ တရားမဝင် အလုပ်သမားတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG