သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေၾကာင့္ စက္႐ုံယာယီပိတ္ဖို႔ ျမန္မာနဲ႔ထိုင္း အလုပ္သမားေတြ ေတာင္းဆိုဆႏၵျပ 


ဆႏၵျပေနသည့္ ထိုင္းႏွင့္ျမန္မာ စက္႐ုံလုပ္သားမ်ား

[ Zawgyi ]

ကိုဗစ္ ကပ္ေရာဂါပိုး ပိုမိုျပန္ ့ပြား ကူးစက္မူ မ်ားလာတဲ့ ထုိင္းနိုင္ငံ စမုတ္ပရာကမ္ျပည္နယ္ ဘန္ ့ေဆာင္ထုန္း ျမိဳ ့နယ္က ထိုင္းနဲ ့ျမန္မာနိုင္ငံသား အလုပ္သမား ၃၀၀၀ ေက်ာ္ရွိတဲ့ Bowgart Lingerie Thailand Co., Ltd. စက္ရံုက အလုပ္သမား ၁၀၀၀ ေက်ာ္ဟာ စက္ရံုတြင္း ကုိဗစ္ကူးစက္သူ ၁၂၀ ေက်ာ္ရွိတဲ့အတြက္ စက္ရံုကို ယာယီပိတ္ေပးဖို့ နဲ့ အလုပ္သမားေတြကို ေဆးစစ္ေပးဖို့ ေတာင္းဆို ဆႏၵျပခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပထားပါတယ္။

ထိုင္းႏိုင္ငံ စမုတ္ပရာကန္ျပည္နယ္အတြင္းက ျမန္မာအလုပ္သမားေတြ အလုပ္လုပ္ေနႀကတဲ့ စက္ရံုတခု ကိုဗစ္ကပ္ေရာဂါပုိး ကူးစက္ေနသူ ၁၂၀ ေက်ာ္ ရွိလာေနတဲ့ႀကားက အလုပ္သမားေတြကို အလုပ္ဆက္ဆင္းခိုင္းျပီး စက္ရံုကို ပံုမွန္လည္ပတ္ေနတဲ့အတြက္ စက္ရံုကို ပိတ္ျပီး အလုပ္သမားအားလံုး ေဆးစစ္ေပးဖို့ေတာင္းဆုိေနေၾကာင္း AAC အလုပ္သမား ကူညီေရးအဖဲြ႔ ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာပါတယ္။

" ေျပာတာက စက္ရံုထဲမွာ ကုိဗစ္ကူးစက္ေနသူ ၁၂၀ ေက်ာ္ရွိတယ္။ ဒါေပမယ့္ အလုပ္သမားေတြကို အလုပ္ဆက္ဆင္းခိုင္းေနတယ္ လြန္ခဲ့တဲ့ ၂ ရက္က ႏြံထဘူရီမွာျဖစ္သြားတဲ့ ျဖစ္စဥ္နဲ႔ အတူတူပါပဲ။ စက္ရံုက ပံုမွန္လည္ပတ္ေနတဲ့အတြက္ စက္ရံုကို ယာယီပိတ္ေပးဖို့ အလုပ္သမားေတြ အားလံုးကို ေဆးစစ္ေပးဖို့ စက္ရံုထဲမွာ ဒီျဖစ္စဥ္ေတြအားလုံး ေျဖရွင္းေပးဖို့ေတာင္းဆုိေနတယ္။ အဓိကေတာ့ စက္ရံုအလုပ္ရံု မပိ္တ္ခ်င္ဘူး ဆုိတာက လုပ္အားခထဲကေန အလုပ္သမားေတြ သြင္းေနတဲ့ ပကန္ဆန္ခြန္းလို့ ေခၚတဲ့ လူမႈဖူလံုေၾကးေတြ သြင္းေနတဲ့ အလုပ္သမားေတြမ်ားတယ္။ ျမန္မာအလုပ္သမားေတြက လူမႈဖူလံုေၾကး အသက္အာမခံေၾကး က်န္းမာေရးေၾကးေတြ သြင္းရတယ္။ အခုလို အလုပ္ပိတ္ရရင္ အလုပ္ရံုကလည္း ခံစားခြင့္ေတြကို အခ်ဳိးက်ျပန္ေပးရတယ္။ အစုိးရဘက္ကလည္း ၅၀ ရာခို္င္ႏႈန္းေပးရတယ္ ၊ ဒါေတြေငြေတြကိုတြက္ျပီး တခ်ိဳ့ အလုပ္ရံုေတြက မပိတ္ခ်င္ႀကဘူး။"

စက္ရံုအတြင္း အလုပ္သမားေတြရဲ ့ ေတာင္းဆိုမွုေတြကို ညိွနိုင္းေဆာင္ရြက္ဖို့ နယ္ေျမက အလုပ္သမားသမဂၢအဖြဲ ့ေတြက အလုပ္ရွင္နဲ ့အလုပ္သမားေတြၾကား ၀င္ေရာက္ ညိွႏွိုင္းေပးေနႀကပါတယ္။

ဇြန္လ ၃၀ ရက္တုန္းကလည္း ႏြံထဘူရီခရိုင္က စက္ရံုတခုမွာလည္း အလားတူ ဆႏၵျပမူေတြျဖစ္အျပီး အလုပ္ရွင္က ၁၄ ရက္ အလုပ္ပိတ္ေပး လိုက္ရပါတယ္။

အခုလိုကိုဗစ္ကပ္ေဘးကာလမွာ အလုပ္သမားေတြဆႏၵထုတ္ေဖာ္မူေတြဆက္တိုက္ျဖစ္လာတဲ့အတြက္သက္ဆုိင္ရာနဲ့ အရင္ညိွႏွိုင္းႀကဖို့ကိုလည္းကိုရဲမင္းကတုိက္တြန္းသြားခဲ့ပါတယ္။

"ထိုင္းေရာက္ အလုပ္သမားေတြကို မွာခ်င္တာကေတာ့ တကယ္ မိမိစက္ရံုမွ ာပုိးေတြ့လူနာေတြ ့မ်ားလာရင္ နားလည္တဲ့သူေတြနဲ့ တိုင္ပင္ပါ။ အလုပ္သမားေခါင္းေဆာင္ကို ေရြးခ်ယ္ပါ။ ဆႏၵျပမႈေတြ စုရံုးမႈေတြ မလုပ္ခင္ သက္ဆိုင္ရာ မန္ေနဂ်ာေတြ တာ၀န္ရွိသူေတြကို ဒီ office မွ ာတင္ျပႀကပါ။"

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကူးစက္တဲ့ အတည္ျပဳလူနာ ၂ သိန္းခဲြေက်ာ္ထဲမွာ ေရြေျပာင္းအလုပ္သမားက ၄ ေသာင္းေက်ာ္ ရွိေနပါတယ္။ ဒီထဲမွာျမန္မာ အလုပ္သမားက အမ်ားစုျဖစ္ေနပါတယ္။ အခုဆိုရင္ ဘန္ေကာက္နဲ့ အနီးတ၀ိုက္က ျပည္နယ္ေတြနဲ့ ဆုံခလာျပည္နယ္ ၊ တာ့ခ္ျပည္နယ္ ၊ ႏြံထဘူရီျပည္နယ္ေတြမွာ ျမန္မာအလုပ္သမားေတြ ရာနဲ့ခ်ီျပီး ကုိဗစ္ကူးစက္မူေတြ ျဖစ္ေပၚေနပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ကိုဗစ်ကူးစက်မှုကြောင့် စက်ရုံယာယီပိတ်ဖို့ မြန်မာနဲ့ထိုင်း အလုပ်သမားတွေ တောင်းဆိုဆန္ဒပြ

ကိုဗစ် ကပ်ရောဂါပိုး ပိုမိုပြန့်ပွား ကူးစက်မူ များလာတဲ့ ထိုင်းနိုင်ငံ စမုတ်ပရာကမ်ပြည်နယ် ဘန့်ဆောင်ထုန်း မြို့နယ်က ထိုင်းနဲ့မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀၀ ကျော်ရှိတဲ့ Bowgart Lingerie Thailand Co., Ltd. စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ စက်ရုံတွင်း ကိုဗစ်ကူးစက်သူ ၁၂၀ ကျော်ရှိတဲ့အတွက် စက်ရုံကို ယာယီပိတ်ပေးဖို့ နဲ့ အလုပ်သမားတွေကို ဆေးစစ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ်အတွင်းက မြန်မာအလုပ်သမားတွေ အလုပ်လုပ်နေကြတဲ့ စက်ရုံတခု ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေသူ ၁၂၀ ကျော် ရှိလာနေတဲ့ကြားက အလုပ်သမားတွေကို အလုပ်ဆက်ဆင်းခိုင်းပြီး စက်ရုံကို ပုံမှန်လည်ပတ်နေတဲ့အတွက် စက်ရုံကို ပိတ်ပြီး အလုပ်သမားအားလုံး ဆေးစစ်ပေးဖို့တောင်းဆိုနေကြောင်း AAC အလုပ်သမား ကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

" ပြောတာက စက်ရုံထဲမှာ ကိုဗစ်ကူးစက်နေသူ ၁၂၀ ကျော်ရှိတယ်။ ဒါပေမယ့် အလုပ်သမားတွေကို အလုပ်ဆက်ဆင်းခိုင်းနေတယ် လွန်ခဲ့တဲ့ ၂ ရက်က နွံထဘူရီမှာဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ အတူတူပါပဲ။ စက်ရုံက ပုံမှန်လည်ပတ်နေတဲ့အတွက် စက်ရုံကို ယာယီပိတ်ပေးဖို့ အလုပ်သမားတွေ အားလုံးကို ဆေးစစ်ပေးဖို့ စက်ရုံထဲမှာ ဒီဖြစ်စဉ်တွေအားလုံး ဖြေရှင်းပေးဖို့တောင်းဆိုနေတယ်။ အဓိကတော့ စက်ရုံအလုပ်ရုံ မပိတ်ချင်ဘူး ဆိုတာက လုပ်အားခထဲကနေ အလုပ်သမားတွေ သွင်းနေတဲ့ ပကန်ဆန်ခွန်းလို့ ခေါ်တဲ့ လူမှုဖူလုံကြေးတွေ သွင်းနေတဲ့ အလုပ်သမားတွေများတယ်။ မြန်မာအလုပ်သမားတွေက လူမှုဖူလုံကြေး အသက်အာမခံကြေး ကျန်းမာရေးကြေးတွေ သွင်းရတယ်။ အခုလို အလုပ်ပိတ်ရရင် အလုပ်ရုံကလည်း ခံစားခွင့်တွေကို အချိုးကျပြန်ပေးရတယ်။ အစိုးရဘက်ကလည်း ၅၀ ရာခိုင်နှုန်းပေးရတယ် ၊ ဒါတွေငွေတွေကိုတွက်ပြီး တချို့ အလုပ်ရုံတွေက မပိတ်ချင်ကြဘူး။"

စက်ရုံအတွင်း အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို ညှိနိုင်းဆောင်ရွက်ဖို့ နယ်မြေက အလုပ်သမားသမဂ္ဂအဖွဲ့တွေက အလုပ်ရှင်နဲ့အလုပ်သမားတွေကြား ဝင်ရောက် ညှိနှိုင်းပေးနေကြပါတယ်။

ဇွန်လ ၃၀ ရက်တုန်းကလည်း နွံထဘူရီခရိုင်က စက်ရုံတခုမှာလည်း အလားတူ ဆန္ဒပြမူတွေဖြစ်အပြီး အလုပ်ရှင်က ၁၄ ရက် အလုပ်ပိတ်ပေး လိုက်ရပါတယ်။

အခုလိုကိုဗစ်ကပ်ဘေးကာလမှာ အလုပ်သမားတွေဆန္ဒထုတ်ဖော်မူတွေဆက်တိုက်ဖြစ်လာတဲ့အတွက်သက်ဆိုင်ရာနဲ့ အရင်ညှိနှိုင်းကြဖို့ကိုလည်းကိုရဲမင်းကတိုက်တွန်းသွားခဲ့ပါတယ်။

"ထိုင်းရောက် အလုပ်သမားတွေကို မှာချင်တာကတော့ တကယ် မိမိစက်ရုံမှ ာပိုးတွေ့လူနာတွေ့များလာရင် နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပါ။ အလုပ်သမားခေါင်းဆောင်ကို ရွေးချယ်ပါ။ ဆန္ဒပြမှုတွေ စုရုံးမှုတွေ မလုပ်ခင် သက်ဆိုင်ရာ မန်နေဂျာတွေ တာဝန်ရှိသူတွေကို ဒီ office မှ ာတင်ပြကြပါ။"

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ ၂ သိန်းခွဲကျော်ထဲမှာ ရွေပြောင်းအလုပ်သမားက ၄ သောင်းကျော် ရှိနေပါတယ်။ ဒီထဲမှာမြန်မာ အလုပ်သမားက အများစုဖြစ်နေပါတယ်။ အခုဆိုရင် ဘန်ကောက်နဲ့ အနီးတဝိုက်က ပြည်နယ်တွေနဲ့ ဆုံခလာပြည်နယ် ၊ တာ့ခ်ပြည်နယ် ၊ နွံထဘူရီပြည်နယ်တွေမှာ မြန်မာအလုပ်သမားတွေ ရာနဲ့ချီပြီး ကိုဗစ်ကူးစက်မူတွေ ဖြစ်ပေါ်နေပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG