သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Pence မြန်မာ့အရေးဖိအားပေးမှု လွှတ်တော်လူ့အခွင့်အရေးအဖွဲ့ကြိုဆို


အထက်လွှတ်တော်လူ့အခွင့်အရေးအဖွဲ့ ဦးဆောင်သူ အမတ် Thom Tillis (ဘယ်)နှင့် အမတ် Chris Coons (ညာ)
အထက်လွှတ်တော်လူ့အခွင့်အရေးအဖွဲ့ ဦးဆောင်သူ အမတ် Thom Tillis (ဘယ်)နှင့် အမတ် Chris Coons (ညာ)

ရိုဟင်ဂျာမူဆလင်တွေ ဖိနှိပ်ခံနေရတဲ့ကိစ္စနဲ့ အဖမ်းအဆီးခံနေရတဲ့ ရိုက်တာသတင်းထောက်၂ဦး လွတ်မြောက်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဒုသမ္မတ Mike Pence က မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေး ပြောဆိုခဲ့တဲ့အတွက် အမေရိကန်အထက်လွှတ်တော် လူ့အခွင့်အရေးအဖွဲ့က ချီးမွမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဒုသမ္မတ Mike Pence က သီးသန့် တွေ့ဆုံတုန်း အခုလိုပြောဆိုခဲ့တာပါ။ အမေရိကန်အထက်လွှတ်တော် လူအခွင့်အရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျ ာမူဆလင်တွေ အဖိနှိပ်ခံနေရတဲ့ကိစ္စကို အပြစ်တင်ရှုတ်ချကြောင်း အကြိမ်ကြိမ်ပြောဆိုနေတာဖြစ်ပြီး ရိုက်တာသတင်းထောက် ၂ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းထားတယ်လို့ အထက်လွှတ်တော်အမတ် Thom Tillis ကပြောတဲ့အကြောင်း နိုဝင်ဘာလ ၁၆ရက်နေ့က ထုတ်ပြန်တဲ့ အထက် လွှတ်တော်အမတ် Thom Tillis နဲ့ Chris Coons တို့ရဲ့ပူးတွဲကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ရပ်တည်မှုရှိနေတဲ့အကြောင်းနဲ့ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာတွေအပေါ် ခပ်ပြင်းပြင်းဝေဖန်ခဲ့လို့ ဒုသမ္မတ Mike Pence ရဲ့ လုပ်ဆောင်မှုကို ချီးကျူးကြောင်း အထက်လွှတ်တော်အမတ် Chris Coons ကလည်းပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်ရှိစေမယ့်လမ်းကြောင်း ဖန်တီးပေးမှုအပါအဝင် မြန်မာနိုင်ငံက တခြားလူနည်းစုတွေရဲ့ အခြေအနေတွေ တိုးတက်လာရေး ဆောင်ရွက်တဲ့ခြေလှမ်းတွေကို မြန်မာအစိုးရက ချက်ချင်းလုပ်ဆောင်သင့်တယ်လို့လည်း အထက်လွှတ်တော် အမတ်၂ဦးက တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG