သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ေဒေါ်အာင်ဆန်းစုကြည်ရဲ့အနေအထားအပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး အမြင်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

(Zawgyi/Unicode)

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ် Louisville တက္ကသိုလ် McConnell စင်တာမှာ လုပ်တဲ့ အခမ်းအနားတွင်းမှာ တနလာၤနေ့က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာဆိုင်ရာ မူဝါဒတွေမှာ ဦးဆောင် တိုက်တွန်းသူ အထက်လွှတ်တော် အမတ် အများစု ခေါင်းဆောင် အထက်လွှတ်တော် အမတ် Mitch McConnell က Louisville တက္ကသိုလ် McConnell စင်တာမှာ နိုင်ငံခြားရေါ် ဝန်ကြီး Mike Pompeo နဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု အတွင်း မြန်မာ့ အရေးကို သီးခြား မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် အမတ် McConnell က မေးမြန်းခဲ့တာမှာတော့ နိုင်ငံခြားရေး ဝန်ကြီး Pompeo က အခုလို ပြောပါတယ်။

“သူမအနေနဲ့ လုံး၀ ဆန့်ကျင် ကွဲလွဲတဲ့ အစွန်းနှစ်ဘက်ကြား ရွေးချယ်ရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ ရှု့ထောင့်ကတော့ ကျနော်တို့ အနေနဲ့ ခေါင်းဆောင်တွေကို မရွေးပါဘူး။ ကျနော်တို့က ရလဒ်ကောင်းတွေကို ရွေးချယ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ စစ်တပ် အပေါ်မှာ ဖိအားပေးနိုင်ဖို့ ကျနော်တို့ လုပ်ပါတယ်။ အရင် အစိုးရတုန်းက ဒါမျိုး လုပ်ဖို့ ငြင်းခဲ့ပါတယ်။ ဒီလူတွေက တကယ်ကို မကောင်းဘူးဆိုတာကို ကျနော်တို့ ပြောထားပြီးပါပြီ။ နောက် ဒီကိစ္စမှာ ဆိုရင်လည်း ဒီလုပ်ရပ်တွေမှာ ပတ်သက်သူတွေက ကျနော်တို့ အားလုံး အတွက်လည်း ခြိမ်းခြောက်မှု ဖြစ်ပါတယ်။”

၂၀၁၇ ခုနှစ် နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးခဲ့ရမှု နောက်ပိုင်းမှာ မြန်မာ စစ်တပ်က တာဝန်ရှိသူတွေ အပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ရှုတ်ချပြောဆိုဖို့၊ ရပ်တည်ပေးဖို့ ပျက်ကွယ်တယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်ခံရတဲ့ အပြင် ဒီမိုကရေစီရေး ကြိုးပမ်းမှု ကာလက ချီးမြှင့်ခံရတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆုတွေလည်း ပြန်ပြီး ရုပ်သိမ်းခံခဲ့ပါတယ်။

သြဇာကြီးတဲ့ အမေရိကန် အထက် လွှတ်တော် အမတ် Mitch McConnell ကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆယ်စုနှစ် ၂ ခုကြား ခိုင်မာတဲ့ ဆက်ဆံရေး ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းဖို့ ကြိုးပမ်းမှုကိုလည်း သူ့အနေနဲ့ စိတ်ဝင်စား စောင့်ကြည့်ခဲ့ကြောင်း ဒါပေမယ့် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆုတ်ယုတ်မှု တချို့ ရှိနေပုံရပါတယ်။ သူလည်း အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ စစ်တပ်ကိုတင် မဟုတ်ဘဲ ရိုဟင်ဂျာတွေ အပေါ် ရက်စက် ကြမ်းကြုတ်မှုတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်း မရှိတဲ့ အတွက် ဖြစ်ပါတယ်။ သူမကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတွေကိုလည်း ပြန်ပြီး ရုပ်သိမ်းကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို မသိမ်းသွင်းနိုင်မယ့် ဆုံးဖြတ်ချက်မျိုးကို ကျင့်သုံးနေမိပြီလား၊ နောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်သွားရနိုင်တဲ့ အန္တရာယ် ရှိလားဆိုပြီး အထက်လွှတ်တော် အမတ် McConnell က မေးခွန်းထုတ်ပြီး နိုင်ငံခြားရေး ဝန်ကြီး Pompeo ကို မေးမြန်းခဲ့တာပါ။

နိုင်ငံခြားရေး ဝန်ကြီး Pompeo ကတော့ လက်ရှိမှာ စစ်တပ်က အာဏာသိပ်ကြီးနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အတော် စဉ်းစားရကြပ်တည်းတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

“စစ်တပ်က သိပ်ပြီး အာဏာကြီးနေပြီး သူမ အနေနဲ့ တကယ်ကို ဘေးကြပ်နံကြပ် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်ကတော့ မှန်ကန်တဲ့ ရဒ်တွေ ထွက်လာနိုင်ရေး အတွက် သူမ အနေနဲ့ အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံအတွက် ၊ ပြည်သူတွေ အတွက် သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပို့ဖို့ သူမက လိုလားနေပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အာဏာရယူပြီးနောက် ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး အတွက် ကုလ အကြီးအကဲဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီးနောက် ရခိုင် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် ထွက်ပေါ်လာပြီးနောက် မကြာခင်မှာဘဲ ရခိုင်မြောက်ပိုင်း ပဋိပက္ခ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ထွက်ပြေးရသူတွေကို ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေက ဘက်လိုက်တယ်လို့ အစိုးရက ပြောဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ အချက်အလက်ရှာ အဖွဲ့၊ နောက် အခု နောက်ဆုံး ဖွဲ့တဲ့ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး မစ်ရှင်တို့ကို ပြည်ဝင်ခွင့် မပေးပါဘူး။

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လည် လက်ခံရေးက မအောင်မြင်သေးတဲ့ အချိန်မှာဘဲ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာလည်း အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)










XS
SM
MD
LG