သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံရသူမ်ားကို ၫွင္းပမ္းႏွိပ္စက္မႈ လူ႔အခြင့္အေရးသမားေတြ ေ၀ဖန္


မုံရြာၿမိဳ႕ သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ (Photo Credit: : Wei Moe Naing)

{{Zawgyi/Unicode}}

အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ဖမ္းဆီးထားသူေတြကို ႏွိပ္စက္ထားတဲ့ ပံုေတြကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ဒါဟာ လူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္တာျဖစ္တယ္လို႔ လူ႔အခြင့္အေရးေဆာင္႐ြက္ေနသူေတြနဲ႔ ဥပေဒပညာရွင္ေတြက ေျပာၾကားလိုက္ပါတယ္။ အမ်ဳိးသမီးငယ္ေတြကုိပါ ႐ုပ္ပ်က္ ဆင္းပ်က္ျဖစ္တဲ့အထိ ႐ိုက္ႏွက္ထားတာဟာ အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈေျမာက္တယ္လို႔ ေထာက္ျပေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ ကတင္ျပပါမယ္။

စစ္အာဏာ႐ွင္ဆန္႔က်င္မႈေတြ႐ွိေနတဲ့ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ ႏွိပ္စက္ထားပံုရတဲ့ ဖမ္းဆီးခံထားရသူပံုေတြကို လူသိ႐ွင္ၾကားထုတ္ျပန္ခဲ့ပါတယ္။ မံု႐ြာၿမိဳ႕က ဆႏၵျပပဲြေတြကို ဦးေဆာင္သူတေယာက္ျဖစ္တဲ့ ကိုေဝမိုးႏုိင္ရဲ႕ ဖူးေယာင္ေနတဲ့မ်က္ႏွာနဲ႔ ဓါတ္ပံုေတြ ေပၚထြက္လာၿပီး မၾကာခင္မွာပဲ၊ ရန္ကုန္ၿမိဳ႕ ရန္ကင္းၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္တို႔က ဖမ္းဆီးခံလူငယ္ေတြကို ႐ုပ္ပ်က္ေလာက္ေအာင္ အျပင္းအထန္႐ိုက္ႏွက္ထားတဲ့ ပုံေတြကို စစ္တပ္ပိုင္ ျမဝတီ ႐ုပ္သံမွာ တနဂၤေႏြေန႔က ထုတ္ျပန္ခဲ့တာပါ။ အဲဒီလို ႐ုိက္ႏွက္ခံထားရသူေတြထဲမွာ မိန္းကေလးေတြလည္း ပါေနပါတယ္။ ဖမ္းဆီးထားသူေတြကို ႏွိပ္စက္မႈ၊ အထူးသျဖင့္ အမ်ိဳးသမီးေတြကို ႐ိုက္ႏွက္ ႏွိပ္စက္တာမ်ိဳးေတြအထိ စစ္ေကာင္စီက လူ႔အခြင္းအေရးခ်ိဳးေဖာက္မႈေတြကို ေျပာင္ေျပာင္တင္းတင္း လုပ္ျပေနတယ္လို႔ လူ႔အခြင့္အေရး လႈပ္႐ွားေနသူ ဦးေအာင္မ်ဳိးမင္း က ေျပာပါတယ္။

“ပထမဦးဆုံးကေတာ့ ခုလိုမ်ိဳးဖမ္းဆီးမႈ ကိုယ္တိုင္ကိုယ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ေျမာက္ေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုမ်ိဳးဖမ္းဆီးတဲ့ ကိစၥေတြက ဘာမွ ခိုင္လုံတာမရွိဘူး။ ခိုင္လုံမႈမရွိဘဲ၊ တရားဥပေဒလုပ္ထုံးလုပ္နည္းအရ ဖမ္းဆီးတာ မဟုတ္ဘူး။ ဒါပထမတစ္ခ်က္ပါ။ ပိုဆိုးဝါးတာကေတာ့ ဖမ္းဆီးၿပီးေတာ့ ေနာက္တစ္ရက္မွာပဲ ခ်က္ခ်င္း ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ ႏွိပ္စက္ခံရတဲ့ ပုံေတြေတြ႕ရတယ္။ ဒါဆိုရင္ ႏွိပ္စက္ညႇင္းပန္းမႈဆိုတဲ့ ေနာက္လူံအခြင့္အေရးတစ္ခုကို ထပ္ၿပီးခ်ိဳးေဖာက္တာျဖစ္ပါတယ္။ ႏွိပ္စက္ညႇင္းပန္းမႈကို ကြၽန္ေတာ္တို႔စစ္ပြဲအတြင္းမွာေတာင္ ႏွိပ္စက္ညႇင္းပန္းခြင့္မရွိဘူး။ ေနာက္တစ္ခါ ဘယ္လိုမ်ိဳး အေၾကာင္းျပခ်က္မွာပဲ ျဖစ္ျဖစ္ ႏွိပ္စက္ညႇင္းပန္းမႈကို မလုပ္ေဆာင္ရဘူးဆိုၿပီး ကမာၻတစ္ဝန္းလုံးမႈ ဒါေတြကို ပိတ္ပင္တားဆီးထားတာ ရွိပါတယ္။ အဲ့ေတာ့ ေနာက္ထပ္ပိုမိုဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ တစ္ခုလို႔ ေျပာခ်င္ပါတယ္။ ဒီထဲမွာ မိန္းကေလးေတြပါပါတယ္။ မိန္းကေလးေတြအေပၚမွာ စိတ္ပိုင္း၊ ႐ုပ္ပိုင္း၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ တစ္ခုျဖစ္လို႔ရွိရင္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ေနာက္ထပ္ပစ္ခ်က္တစ္ခုျဖစ္ပါတယ္။ အဲ့ေတာ့ အခုလိုမ်ိဳးျဖစ္တဲ့ ကိစၥေတြမွာ လူအခြင့္အေရးအရ ခ်ိဳးေဖာက္မႈျဖစ္သလို အမ်ိဳးသမီးငယ္ေတြကို လုပ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အမ်ိဳးသမီးငယ္ေတြအေပၚအၾကမ္းဖက္ျခင္းဆိုတဲ့ ေနာက္ထပ္ပစ္ခ်က္တစ္ခုတိုးပါတယ္။”

ဥပေဒအရ ႐ိုက္ႏွက္ဖမ္းဆီးပိုင္ခြင့္မရွိေပမယ့္ ဒီကာလမွာ ဥပေဒကို ေျပာလို႔မရတဲ့ အေနမထားမ်ိဳးျဖစ္ေနတယ္လို႔ ေရွ႕ေနတစ္ဦးက VOA ကို ေျပာပါတယ္။

“အစကတည္းက ဥပေဒေၾကာင္းအရ ႐ိုက္ႏွက္ စစ္ေဆးပိုင္ခြင့္၊ ႐ိုက္ႏွက္ဖမ္းဆီးပိုင္ခြင့္လည္း မရွိဘူးေလ။ ဒါေပမယ့္ ဒီအခ်ိန္မွာကေတာ့ ဥပေဒေၾကာင္းအရ လုပ္တယ္ဆိုတာမ်ိဳးကေတာ့ ေျပာလို႔မရပါဘူး။ အားလုံးကေတာ့ ဥပေဒေၾကာင္းအရ လုပ္ေနတာေတြ မရွိပါဘူးရွင့္။ ႐ိုက္ႏွက္ဖမ္းဆီးခံရတယ္ဆိုတာေတြ ကြၽန္မတို႔ ခုေပါ့ေႏွာ္၊ တစ္ခ်ိဳ႕ေတြ ထြက္လာတယ္ တစ္ခ်ိဳ႕ဆိုတာက သူတို႔ဖမ္းဆီးခံရၿပီးေတာ့ တရား႐ုံးကို ႐ုံးထုတ္လာတဲ့ခါေပါ့ေႏွာ္၊ ကြၽန္မတို႔ရဲ႕ တစ္ခ်ိဳ႕ အမႈသည္ေတြက်ေတာ့ ႐ိုက္ႏွက္ခံထားရတာေတြကို အေပၚသြားေအာက္သြားမရွိတာမ်ိဳးေတြ ၿပီးေတာ့ ဒဏ္ရာဒဏ္ခ်က္ေတြ၊ ေခါင္းကြဲတာမ်ိဳးေတြေပါ့။ အဲ့လိုမ်ိဳးေတြရွိမယ္။ ၿပီးရင္ ဒဏ္ရာရေနတဲ့သူေတြကိုလည္း အထဲမွာ ေဆးကုသခြင့္မေပးတာေတြလည္းရွိတယ္။”

ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔က စစ္ေကာင္စီရဲ႕ လြတ္ၿငိမ္းခြင့္နဲ႔ လြတ္ေျမာက္လာသူတစ္ဦးကေတာ့ သူအင္းစိန္အက်ဥ္းေထာင္ထဲမွာ ျမင္ေတ႔ြခဲ့ရတာကို ခုလို ေျပာပါတယ္။

“အက်ဥ္းေထာင္ေဆး႐ုံရွိတယ္ဗ်။ အဲ့ဒီမွာက ဖမ္းဆီးစဥ္က ပါလာတဲ့ ဒဏ္ရာေတြကို၊ ေထာင္မွာေတာ့ ႏွိပ္စက္တာေတာ့ မရွိေတာ့ဘူးေပါ့။ ဒါေပမယ့္ အျပင္ကေန ပါလာတဲ့ ဒဏ္ရာေတြကိုေတာ့ အက်ဥ္းေထာင္ထဲမွာ ကုသေပးတာေတာ့ရွိတယ္။ ဒါေပမယ့္ ခုစကေျပာသလို အမ်ားႀကီး Gun Shoot ေတြ ပါလာတာေတြရွိတယ္။ ႐ိုက္ႏွက္ၿပီးေတာ့ ေခါင္းကြဲၿပီး အဲ့လို ပါလာတာေတြရွိတယ္။ ညိဳမဲဖူးေရာင္ၿပီးေတာ့ ေရာက္လာတာေတြရွိတယ္။ အဲ့လိုလူေတြကိုေတာ့ အက်ဥ္းေထာင္ထဲမွာ ကုေပးတာရွိတယ္။”

ဖမ္းဆီးတရားစဲြထားသူတခ်ဳိ႕ကုိ အက်ဥ္းေထာင္ထဲ ပို႔ၿပီး ဖမ္းခ်ဳပ္ထားေပမဲ့ တခ်ဳိ႕ကေတာ့ ဘယ္ေရာက္ေနမွန္း မသိရတာ႐ွိသလို တခ်ဳိ႕ကလည္း ဆံုးၿပီလို႔ မိသားစုကို အေၾကာင္းၾကားတာေတြ႐ွိပါတယ္။ အဲဒီသူေတြထဲက အေလာင္းကို ျပန္မရတာမ်ိဳးေတြရွိတယ္လို႔ အကူအညီေပးေနတဲ့ ေရွ႕ေနေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းထားခ်ိန္မွာ ဖမ္းဆီးတရားစြဲခံထားရသူေတြအေနနဲ႔ ေ႐ွ႕ေနနဲ႔ ေျပာဆိုေဆြးေႏြးႏိုင္ခြင့္ မရျဖစ္ေနတ့ဲ အေျခအေနကိုလည္း ဖမ္းဆီးခံရသူေတြအေရးလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ခုလိုေျပာျပပါတယ္။

“သူတို႔ေတြကို ႐ုံးထုတ္လာတဲ့ခါမွာ ကြၽန္မတို႔ကို ေကာင္းေကာင္းစကားေျပာခြင့္မရွိတာမ်ိဳးေတြ ရွိတယ္။ ၿပီးရင္ ေအာ္ဟစ္ေျပာဆိုတာမ်ိဳးေတြေပါ့။ ဒီေရွ႕ေနေတြနဲ႔ အမႈသည္ေတြနဲ႔ စကားေျပာတဲ့အခါမွာ သူတို႔ ခြင့္မျပဳတာေတြ။ ၿပီးေတာ့ သူတို႔အမႈစစ္တဲ့ခါမွာ အမႈတြဲကို ၾကည့္ခြင့္မေပးတာေတြ။ ကြၽန္မတို႔ ေရွ႕ေနေတြက ဒီအမႈတြဲေတြကို ေလ့လာခြင့္ရွိတယ္ေလ။ ဥပေဒေၾကာင္းအရလည္းရွိတယ္။ အမႈစစ္တဲ့ခါမွာလည္း ဒီအမႈတြဲကို ကြၽန္မတို႔ ေလ့လာၿပီးေတာ့မွပဲ အမႈလိုက္ေပးလို႔ရတယ္ေပါ့။ အဲ့ဒီအေပၚမွာ သူတို႔က ကြၽန္မတို႔ကို အမႈတြဲကို ေလ့လာစစ္ေဆးခြင့္မေပးတာမ်ိဳးေတြေပါ့ေႏွာ္ အဲ့လိုေတြရွိတယ္။ ၿပီးရင္ အမႈသည္ေတြနဲ႔ ကြၽန္မတို႔ကို စကားေအးေဆးေျပာခြင့္မေပးတာေတြရွိတယ္။”

မတရားဖမ္းဆီးထားသူေတြကို ခ်က္ခ်င္းလြတ္ေပးဖို႔နဲ႔ ဖမ္းဆီးခံထားရသူေတြထဲက ေဆးကုသခြင့္လိုေနသူေတြကို ကုသေပးဖို႔အတြက္ အေမရိကန္၊ ဆြီဒင္ စတဲ့ႏိုင္ငံတကာေတြက ေတာင္းဆိုထားၾကပါတယ္။ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ မတ္လ ၁၈ ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း တပ္ေတြပစ္ခတ္လို႔ ေသဆံုးသူ ဧၿပီလ ၁၈ ရက္ေန႔အထိ ၇၃၇ ေယာက္ စာရင္းရထားေပမဲ့ အေရအတြက္ အတိအက်က ဒီထက္ပိုမ်ားႏိုင္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က စာရင္းထုတ္ျပန္ထားပါတယ္။ ဖမ္းဆီးခံရသူ အေရအတြက္ကေတာ့ ၃၂၀၀ ေက်ာ္ ရွိေနပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို နှိပ်စက်ထားတဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပြီးနောက် ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ အမျိုးသမီးငယ်တွေကိုပါ ရုပ်ပျက် ဆင်းပျက်ဖြစ်တဲ့အထိ ရိုက်နှက်ထားတာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမြောက်တယ်လို့ ထောက်ပြနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် ကတင်ပြပါမယ်။

စစ်အာဏာရှင်ဆန့်ကျင်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ထားပုံရတဲ့ ဖမ်းဆီးခံထားရသူပုံတွေကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်။ မုံရွာမြို့က ဆန္ဒပြပွဲတွေကို ဦးဆောင်သူတယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ရဲ့ ဖူးယောင်နေတဲ့မျက်နှာနဲ့ ဓါတ်ပုံတွေ ပေါ်ထွက်လာပြီး မကြာခင်မှာပဲ၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့က ဖမ်းဆီးခံလူငယ်တွေကို ရုပ်ပျက်လောက်အောင် အပြင်းအထန်ရိုက်နှက်ထားတဲ့ ပုံတွေကို စစ်တပ်ပိုင် မြဝတီ ရုပ်သံမှာ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီလို ရိုက်နှက်ခံထားရသူတွေထဲမှာ မိန်းကလေးတွေလည်း ပါနေပါတယ်။ ဖမ်းဆီးထားသူတွေကို နှိပ်စက်မှု၊ အထူးသဖြင့် အမျိုးသမီးတွေကို ရိုက်နှက် နှိပ်စက်တာမျိုးတွေအထိ စစ်ကောင်စီက လူ့အခွင်းအရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေသူ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ပထမဦးဆုံးကတော့ ခုလိုမျိုးဖမ်းဆီးမှု ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးချိုးဖောက်မှု မြောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးဖမ်းဆီးတဲ့ ကိစ္စတွေက ဘာမှ ခိုင်လုံတာမရှိဘူး။ ခိုင်လုံမှုမရှိဘဲ၊ တရားဥပဒေလုပ်ထုံးလုပ်နည်းအရ ဖမ်းဆီးတာ မဟုတ်ဘူး။ ဒါပထမတစ်ချက်ပါ။ ပိုဆိုးဝါးတာကတော့ ဖမ်းဆီးပြီးတော့ နောက်တစ်ရက်မှာပဲ ချက်ချင်း ရုပ်ပျက်ဆင်းပျက်နဲ့ နှိပ်စက်ခံရတဲ့ ပုံတွေတွေ့ရတယ်။ ဒါဆိုရင် နှိပ်စက်ညှင်းပန်းမှုဆိုတဲ့ နောက်လူံအခွင့်အရေးတစ်ခုကို ထပ်ပြီးချိုးဖောက်တာဖြစ်ပါတယ်။ နှိပ်စက်ညှင်းပန်းမှုကို ကျွန်တော်တို့စစ်ပွဲအတွင်းမှာတောင် နှိပ်စက်ညှင်းပန်းခွင့်မရှိဘူး။ နောက်တစ်ခါ ဘယ်လိုမျိုး အကြောင်းပြချက်မှာပဲ ဖြစ်ဖြစ် နှိပ်စက်ညှင်းပန်းမှုကို မလုပ်ဆောင်ရဘူးဆိုပြီး ကမ္ဘာတစ်ဝန်းလုံးမှု ဒါတွေကို ပိတ်ပင်တားဆီးထားတာ ရှိပါတယ်။ အဲ့တော့ နောက်ထပ်ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုလို့ ပြောချင်ပါတယ်။ ဒီထဲမှာ မိန်းကလေးတွေပါပါတယ်။ မိန်းကလေးတွေအပေါ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခုဖြစ်လို့ရှိရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နောက်ထပ်ပစ်ချက်တစ်ခုဖြစ်ပါတယ်။ အဲ့တော့ အခုလိုမျိုးဖြစ်တဲ့ ကိစ္စတွေမှာ လူအခွင့်အရေးအရ ချိုးဖောက်မှုဖြစ်သလို အမျိုးသမီးငယ်တွေကို လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးငယ်တွေအပေါ်အကြမ်းဖက်ခြင်းဆိုတဲ့ နောက်ထပ်ပစ်ချက်တစ်ခုတိုးပါတယ်။”

ဥပဒေအရ ရိုက်နှက်ဖမ်းဆီးပိုင်ခွင့်မရှိပေမယ့် ဒီကာလမှာ ဥပဒေကို ပြောလို့မရတဲ့ အနေမထားမျိုးဖြစ်နေတယ်လို့ ရှေ့နေတစ်ဦးက VOA ကို ပြောပါတယ်။

“အစကတည်းက ဥပဒေကြောင်းအရ ရိုက်နှက် စစ်ဆေးပိုင်ခွင့်၊ ရိုက်နှက်ဖမ်းဆီးပိုင်ခွင့်လည်း မရှိဘူးလေ။ ဒါပေမယ့် ဒီအချိန်မှာကတော့ ဥပဒေကြောင်းအရ လုပ်တယ်ဆိုတာမျိုးကတော့ ပြောလို့မရပါဘူး။ အားလုံးကတော့ ဥပဒေကြောင်းအရ လုပ်နေတာတွေ မရှိပါဘူးရှင့်။ ရိုက်နှက်ဖမ်းဆီးခံရတယ်ဆိုတာတွေ ကျွန်မတို့ ခုပေါ့နှော်၊ တစ်ချို့တွေ ထွက်လာတယ် တစ်ချို့ဆိုတာက သူတို့ဖမ်းဆီးခံရပြီးတော့ တရားရုံးကို ရုံးထုတ်လာတဲ့ခါပေါ့နှော်၊ ကျွန်မတို့ရဲ့ တစ်ချို့ အမှုသည်တွေကျတော့ ရိုက်နှက်ခံထားရတာတွေကို အပေါ်သွားအောက်သွားမရှိတာမျိုးတွေ ပြီးတော့ ဒဏ်ရာဒဏ်ချက်တွေ၊ ခေါင်းကွဲတာမျိုးတွေပေါ့။ အဲ့လိုမျိုးတွေရှိမယ်။ ပြီးရင် ဒဏ်ရာရနေတဲ့သူတွေကိုလည်း အထဲမှာ ဆေးကုသခွင့်မပေးတာတွေလည်းရှိတယ်။”

မြန်မာ နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူတစ်ဦးကတော့ သူအင်းစိန်အကျဉ်းထောင်ထဲမှာ မြင်တေ့ွခဲ့ရတာကို ခုလို ပြောပါတယ်။

“အကျဉ်းထောင်ဆေးရုံရှိတယ်ဗျ။ အဲ့ဒီမှာက ဖမ်းဆီးစဉ်က ပါလာတဲ့ ဒဏ်ရာတွေကို၊ ထောင်မှာတော့ နှိပ်စက်တာတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် အပြင်ကနေ ပါလာတဲ့ ဒဏ်ရာတွေကိုတော့ အကျဉ်းထောင်ထဲမှာ ကုသပေးတာတော့ရှိတယ်။ ဒါပေမယ့် ခုစကပြောသလို အများကြီး Gun Shoot တွေ ပါလာတာတွေရှိတယ်။ ရိုက်နှက်ပြီးတော့ ခေါင်းကွဲပြီး အဲ့လို ပါလာတာတွေရှိတယ်။ ညိုမဲဖူးရောင်ပြီးတော့ ရောက်လာတာတွေရှိတယ်။ အဲ့လိုလူတွေကိုတော့ အကျဉ်းထောင်ထဲမှာ ကုပေးတာရှိတယ်။”

ဖမ်းဆီးတရားစွဲထားသူတချို့ကို အကျဉ်းထောင်ထဲ ပို့ပြီး ဖမ်းချုပ်ထားပေမဲ့ တချို့ကတော့ ဘယ်ရောက်နေမှန်း မသိရတာရှိသလို တချို့ကလည်း ဆုံးပြီလို့ မိသားစုကို အကြောင်းကြားတာတွေရှိပါတယ်။ အဲဒီသူတွေထဲက အလောင်းကို ပြန်မရတာမျိုးတွေရှိတယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်အာဏာသိမ်းထားချိန်မှာ ဖမ်းဆီးတရားစွဲခံထားရသူတွေအနေနဲ့ ရှေ့နေနဲ့ ပြောဆိုဆွေးနွေးနိုင်ခွင့် မရဖြစ်နေတဲ့ အခြေအနေကိုလည်း ဖမ်းဆီးခံရသူတွေအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ခုလိုပြောပြပါတယ်။

“သူတို့တွေကို ရုံးထုတ်လာတဲ့ခါမှာ ကျွန်မတို့ကို ကောင်းကောင်းစကားပြောခွင့်မရှိတာမျိုးတွေ ရှိတယ်။ ပြီးရင် အော်ဟစ်ပြောဆိုတာမျိုးတွေပေါ့။ ဒီရှေ့နေတွေနဲ့ အမှုသည်တွေနဲ့ စကားပြောတဲ့အခါမှာ သူတို့ ခွင့်မပြုတာတွေ။ ပြီးတော့ သူတို့အမှုစစ်တဲ့ခါမှာ အမှုတွဲကို ကြည့်ခွင့်မပေးတာတွေ။ ကျွန်မတို့ ရှေ့နေတွေက ဒီအမှုတွဲတွေကို လေ့လာခွင့်ရှိတယ်လေ။ ဥပဒေကြောင်းအရလည်းရှိတယ်။ အမှုစစ်တဲ့ခါမှာလည်း ဒီအမှုတွဲကို ကျွန်မတို့ လေ့လာပြီးတော့မှပဲ အမှုလိုက်ပေးလို့ရတယ်ပေါ့။ အဲ့ဒီအပေါ်မှာ သူတို့က ကျွန်မတို့ကို အမှုတွဲကို လေ့လာစစ်ဆေးခွင့်မပေးတာမျိုးတွေပေါ့နှော် အဲ့လိုတွေရှိတယ်။ ပြီးရင် အမှုသည်တွေနဲ့ ကျွန်မတို့ကို စကားအေးဆေးပြောခွင့်မပေးတာတွေရှိတယ်။”

မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွတ်ပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ဆေးကုသခွင့်လိုနေသူတွေကို ကုသပေးဖို့အတွက် အမေရိကန်၊ ဆွီဒင် စတဲ့နိုင်ငံတကာတွေက တောင်းဆိုထားကြပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်း တပ်တွေပစ်ခတ်လို့ သေဆုံးသူ ဧပြီလ ၁၈ ရက်နေ့အထိ ၇၃၇ ယောက် စာရင်းရထားပေမဲ့ အရေအတွက် အတိအကျက ဒီထက်ပိုများနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၃၂၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG