သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန္႔က်င္မႈေတြ ထင္ဟပ္ေနတဲ့ သၾကၤန္သံခ်ပ္


မုံ႐ြာလူထုသပိတ္တိုက္ပြဲဦးေဆာင္ေကာ္မတီဝင္တစ္ဦးလည္းျဖစ္ေဒါင္းတို႔မ်ိဳးဆက္ အတာသၾကၤန္အလွျပယာဥ္ႏွင့္ သံခ်ပ္အသင္းရဲ႕ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ကိုေဝမိုးႏိုင္ ပါ၀င္တဲ့ ေဒါင္းမ်ဳိးဆက္ - မုံရြာ အလွျပယာဥ္ႏွင့္ သံခ်ပ္အသင္း (ေဒါင္းတို႔မ်ဳိးဆက္ @peacockgeneration )

(Zawgyi/Unicode)

ႏိုင္ငံထဲမွာ ေဝဖန္ေထာက္ျပစရာျဖစ္ေနတာေတြ၊ အဆီအေလ်ာ္မတည့္ျဖစ္ေနတာကို သေရာ္တင္ျပတဲ့ သံခ်ပ္ဗီဒီယုိေတြကုိ စစ္အာဏာ႐ွင္ကို ဆန္႔က်င္ေနၾကတဲ့ ေက်ာင္းသား လူငယ္ေတြက ဒီႏွစ္မွာလည္း ဖန္တီးထားၾကပါတယ္။ ျပည္သူေတြ သံပံုးတီးၿပီး စစ္အာဏာသိမ္းမႈဆန္႔က်င္တာ၊ လူငယ္ေတြ သတိၱ႐ွိ႐ွိ လမ္းေပၚထြက္ေနတာ၊ ဝန္ထမ္းေတြ CDM လႈပ္႐ွားမႈလုပ္ေနၾကတာ စတဲ့ လက္႐ွိျဖစ္ေနတဲ့ အေျခအေနေတြကို တကၠသိုလ္ေက်ာင္းသား သမဂၢအဖဲြ႔ဝင္လူငယ္ေတြ သံခ်ပ္ တိုင္ထားၾကတဲ့အေၾကာင္း မစုျမတ္မြန္က တင္ျပပါမယ္။

“တို႔ျပည္သူေတြ ၿငိမ္မေနနဲ႔ ….

ပင့္ကူအိမ္နဲ႔ ၿငိေနလိမ့္မယ္…. ပင့္ကူအိမ္နဲ႔ ၿငိေနလိမ့္မယ္

ရုန္းထြက္မယ္လို႔ ဆံုးျဖတ္ၾကရင္….. သံႀကိဳးေတြေတာင္ျပတ္ေတာက္လိမ့္မယ္……သံႀကိဳးေတြေတာင္ျပတ္ေတာက္လိမ့္မယ္။”

တကသ တကၠသိုလ္ေက်ာင္းသားသမဂၢေတြရဲ႕ ေက်ာင္းသားလူငယ္ေတြ စုေပါင္းဖဲြ႔ထားတဲ့ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖဲြ႔ရဲ႕ သံခ်ပ္တိုင္သံေတြျဖစ္ပါတယ္။ စစ္အာဏာသိမ္း အုပ္ခ်ဳပ္မႈကို ဆန္႔က်င္ၿပီး ေတာ္လွန္သႀကၤန္အျဖစ္ ဆင္ႏဲြေနၾကတဲ့ ေက်ာင္းသားလူငယ္ေတြက လက္႐ွိျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြကို သံခ်ပ္စာသားေတြ အျဖစ္ ေျပာင္းလဲဖန္တီးထားၾကပါတယ္။

“ပန္းပြင့္တိုင္းဟာ …၂၁ မွာ ဖူးပြင့္လာၿပီ… ၂၁ မွာ ဖူးပြင့္လာၿပီ”

ေဒါင္းတုိ႔မ်ဳိးဆက္သံခ်ပ္အဖြဲ႔ရဲ႕ဒီႏွစ္ သႀကၤန္သံခ်ပ္စာသားေတြကေတာ့ စစ္အာဏာသိမ္းတဲ့အေၾကာင္း၊ ျပည္သူအမ်ား ဆန္႔က်င္ ကန္႔ကြက္တဲ့အေၾကာင္းေတြကုိ အဓိက ေထာက္ျပထားၾကပါတယ္။

“ျပည္သူ႔အနာဂတ္ အလုခံရတာ၊ ျပည္သူ႕အိမ္မက္ ခ်ိဳးခံရတာ။

လက္နက္ကိုင္ၿပီး လုယူခဲ့တဲ့ ညသန္းေကာင္ယံမွာ လုယူခဲ့တဲ့ … ျပည္သူ႔အာဏာျပန္ရေရး ပထမဆံုးေတာ္လွန္ခဲ့တာ … သံပံုးတီးတဲ့ ေတာ္လွန္ေရး … . သံပံုးတီးတဲ့ ေတာ္လွန္ေရး

လမ္းမေတြမွာလူေတြေ၀… ျမန္မာ့ေႏြဦးေတာ္လွန္ေရး…. ျမန္မာ့ေႏြဦးေတာ္လွန္ေရး”

ေခတ္ စနစ္ ကေမာက္ကမျဖစ္ေနတဲ့ အေျခအေတြကို သႀကၤန္အခ်ိန္ေရာက္ရင္ သံခ်ပ္ေတြနဲ႔ သေရာ္တင္ျပၾကေလ့႐ွိတာပါ။ ဒါေၾကာင့္လည္း လက္႐ွိ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြကို ေဒါင္းတို႔မ်ဳိးဆက္ ေက်ာင္းသားလူငယ္ေတြရဲ႕ သႀကၤန္စာသားေတြမွာ ခုလို ထည့္သြားထားၾကပါတယ္။

“ေခတ္ႀကီးကလည္းေမွာင္…. စနစ္ႀကီးကလည္း ေၾကာင္… ျပည္သူ႔၀မ္းလည္း တေခ်ာင္ေခ်ာင္… ျပည္သူ႔၀မ္းလည္း တေခ်ာင္ေခ်ာင္

ျပည္သူေတြဟာ… လူငယ္ေတြဟာ … ေက်ာင္းသားေတြဟာ … အမွန္တရားကို အလံလိုလႊင့္တယ္။”

ေဒါင္းတို႔မ်ဳိးဆက္သံခ်ပ္အဖဲြ႔ဟာ အရင္ထဲကခုလို ႏိုင္ငံထဲမွာျဖစ္ေနတဲ့ အေျခအေနေတြကို သံခ်ပ္ေတြလုပ္ခဲ့တာေၾကာင့္ အဖဲြ႔ဝင္တခ်ဳိ႕ ဖမ္းဆီး တရားစဲြ ေထာင္ခ်ခံထားရတာပါ။ ၂၀၁၉ ခုႏွစ္က သႀကၤန္သံခ်ပ္ေဖ်ာ္ေျဖမႈေတြမွာ စစ္တပ္ရဲ႕ ႏိုင့္ထက္စီးနင္းလုပ္မႈေတြကို တင္ျပခဲ့တဲ့အတြက္ သံခ်ပ္အဖဲြ႔ ေခါင္းေဆာင္ ၃ ေယာက္ အင္းစိန္ေထာင္မွာ ေထာင္ ၆ ႏွစ္ ခ်ခံထားရပါတယ္။

ေဒါင္းတို႔မ်ဳိးဆက္လိုပဲ မုံ႐ြာ တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက လူငယ္ေတြရဲ႕ ေဒါင္းမ်ဳိးဆက္သံခ်ပ္အဖဲြ႔ကလည္း သံခ်ပ္ဗြီဒီယုိကို အြန္လိုင္းေပၚမွာ ထုတ္လႊင့္ခဲ့ပါတယ္။

“ေျခာက္မေၾကာက္ တို႔ေသြးေသာက္… ေလွ်ာက္ဆက္ေလွ်ာက္ ရဲရဲေတာက္

CMD CDM စစ္ေကာင္စီကို ပလက္လွန္… အရိႈက္ကို ထိတဲ့ CDM … အႀကိဳက္ကိုထိတဲ့ CDM

ဒီအခ်ိန္မွာ တာ၀န္မရွိ… ဓမၼ၊ အဓမၼ ၂ ခုပဲ ရွိတယ္ … ျပည္သူ႔လစာ ယူထားၿပီးေတာ့ ျပည္သူနဲ႔အတူ ရပ္တည္ၾကပါ။”

မံု႐ြာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢသံခ်ပ္အဖဲြ႔ ဦးေဆာင္သူ ကိုေဝမိုးႏိုင္ကေတာ့ ဧၿပီလ ၁၅ ရက္ေန႔ ဖမ္းဆီးခံခဲ့ရပါတယ္။ မံု႐ြာၿမိဳ႕က စစ္အာဏာ႐ွင္ဆန္႔က်င္ေရးဆႏၵျပပြဲေတြမွာ ေ႐ွ႕ကဦးေဆာင္သူ ကိုေဝမိုးႏိုင္ကုိ ဆိုင္ကယ္ သပိတ္စစ္ေၾကာင္းထြက္ေနစဥ္မွာ ကားနဲ႔ မ်က္ႏွာခ်င္းဆိုင္ ဝင္တုိက္ၿပီး ၾကမ္းၾကမ္းတမ္းတမ္း ဖမ္းဆီးခ့ဲတာပါ။ သူ အဖမ္းမခံရခင္ အႏၱရာယ္ေတြၾကားကပ ခက္ခက္ခဲခဲ ဒီသႀကၤန္သံခ်ပ္ဗီြဒီယိုကို ႐ိုက္ခဲ့ရတယ္လို႔ မုံ႐ြာေက်ာင္းသားသမဂၢတေယာက္က ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

“ဒီေတာ္လွန္သၾကၤန္မွာ က်ေနာ္တို႔လူငယ္ ေတြ ပါၾကမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ အႀကိဳေန႔မွာ က်ေနာ္တို႔ သံခ်ပ္ေရးတယ္။ ေရးၿပီးအက်ေန႔မွာ သံခ်ပ္ကို ဒီလုံၿခဳံႏိုင္မယ္ထင္တဲ့ တေနရာကိုသြားၿပီးေတာ့ ႐ိုက္ခဲ့တာျဖစ္ပါတယ္။ အဓိကကေတာ့ လူထုကို ျမန္မာႏိုင္ငံတြင္းမွာျဖစ္ပ်က္ေနတဲ့ အေျခအေန ေတြကို ထင္ဟပ္ေစခ်င္လို႔ အသံျပဳလိုက္တာပါ”

လက္႐ွိ ျပည္သူေတြႀကံဳေနရတဲ့ အက်ပ္အတည္းေတြကို အားမေလ်ာ့ ဆက္ၿပီးရင္ဆုိင္သြားဖုိ႔ တိုက္တြန္း အားေပးခ်င္တာေၾကာင့္ ဒီသံခ်ပ္ကို ရည္႐ြယ္လုပ္တာျဖစ္တယ္လို႔ မံု႐ြာေက်ာင္းသားေခါင္းေဆာင္က ေျပာပါတယ္။

“ေဖေဖာ္ဝါရီ ၁ရက္ေန႔က စၿပီး တိုင္းျပည္အာဏာကို လက္နက္အားကိုးနဲ႔ အႏိုင္က်င့္ခံခဲ့ရတယ္။ ျပည္သူမဲေတြခိုးခံခဲ့ရတယ္။ အဲလိုခိုးခံခဲ့ရလို႔ က်ေနာ္တို႔ လူငယ္ေတြ က်ေနာ္အပါအဝင္ေပါ့ မ်ိဳးဆက္အသီးသီးက က်ေနာ္တို႔ အာဏာကို အၾကမ္းဖက္ လုယူသြားတဲ့ စစ္ေကာင္စီကို ေတာ္လွန္ေနရတဲ့ အခ်ိန္ကာလျဖစ္တယ္။ ဒီလိုအခ်ိန္မွာ ျပည္သူေတြ အေနနဲ႔စိတ္ဓါတ္ပ်က္ျပားတာမရွိ ဘဲနဲ႔ စိတ္ဓါတ္ၿပိဳလဲတာမရွိဘဲ အားေမြးထား ၿပီးေတာ့ က်ေနာ္တို႔ ဆက္လက္ေတာ္လွန္ေပးဖို႔ က်ေနာ္ တို႔က အဓိက သတင္းစကားပါးခ်က္တာပါ။ ဒါဟာက်ေနာ္တို႔ေနာက္ဆုံးတိုက္ပြဲႏိုင္ေအာင္တိုက္ရမယ္ ဆိုတာကို သတင္းစကား ပါးခ်င္တာပါ”

ေခတ္အေျခအေနကို ထင္ဟပ္ေနတဲ့ သႀကၤန္သံခ်ပ္ေတြဟာ အရင္ စစ္အစိုးရလက္ထက္မွာ ႏွစ္ေပါင္းမ်ားစြာ ကြယ္ေပ်ာက္ေနခဲ့ၿပီး အရပ္သားအစိုးရလက္ထက္မွာ ျပန္လည္ ေပၚလာခဲ့ပါတယ္။ ဒါေတာင္ အေျခအေနမွန္ေတြကို သေရာ္ပံုေဖာ္တဲ့အတြက္ တရားစြဲ ေထာင္ခ်ခံရသူေတြ႐ွိပါတယ္။ အခုလည္း ေနာက္တႀကိမ္ စစ္တပ္ အာဏာသိမ္းအုပ္ခ်ဳပ္ခံထားရခ်ိန္ သႀကၤန္သံခ်ပ္ေတြကို ဖန္တီးထားတဲ့ အာဏာ႐ွင္ဆန္႔က်င္သူ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား ထြက္ေျပး တိမ္းေ႐ွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ ထင်ဟပ်နေတဲ့ သင်္ကြန်သံချပ်

(Unicode)

နိုင်ငံထဲမှာ ဝေဖန်ထောက်ပြစရာဖြစ်နေတာတွေ၊ အဆီအလျော်မတည့်ဖြစ်နေတာကို သရော်တင်ပြတဲ့ သံချပ်ဗီဒီယိုတွေကို စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ကျောင်းသား လူငယ်တွေက ဒီနှစ်မှာလည်း ဖန်တီးထားကြပါတယ်။ ပြည်သူတွေ သံပုံးတီးပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်တာ၊ လူငယ်တွေ သတ္တိရှိရှိ လမ်းပေါ်ထွက်နေတာ၊ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုလုပ်နေကြတာ စတဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်လူငယ်တွေ သံချပ် တိုင်ထားကြတဲ့အကြောင်း မစုမြတ်မွန်က တင်ပြပါမယ်။

“တို့ပြည်သူတွေ ငြိမ်မနေနဲ့ ….

ပင့်ကူအိမ်နဲ့ ငြိနေလိမ့်မယ်…. ပင့်ကူအိမ်နဲ့ ငြိနေလိမ့်မယ်

ရုန်းထွက်မယ်လို့ ဆုံးဖြတ်ကြရင်….. သံကြိုးတွေတောင်ပြတ်တောက်လိမ့်မယ်……သံကြိုးတွေတောင်ပြတ်တောက်လိမ့်မယ်။”

တကသ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်တိုင်သံတွေဖြစ်ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး တော်လှန်သင်္ကြန်အဖြစ် ဆင်နွဲနေကြတဲ့ ကျောင်းသားလူငယ်တွေက လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို သံချပ်စာသားတွေ အဖြစ် ပြောင်းလဲဖန်တီးထားကြပါတယ်။

“ပန်းပွင့်တိုင်းဟာ …၂၁ မှာ ဖူးပွင့်လာပြီ… ၂၁ မှာ ဖူးပွင့်လာပြီ”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ဒီနှစ် သင်္ကြန်သံချပ်စာသားတွေကတော့ စစ်အာဏာသိမ်းတဲ့အကြောင်း၊ ပြည်သူအများ ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်းတွေကို အဓိက ထောက်ပြထားကြပါတယ်။

“ပြည်သူ့အနာဂတ် အလုခံရတာ၊ ပြည်သူ့အိမ်မက် ချိုးခံရတာ။

လက်နက်ကိုင်ပြီး လုယူခဲ့တဲ့ ညသန်းကောင်ယံမှာ လုယူခဲ့တဲ့ … ပြည်သူ့အာဏာပြန်ရရေး ပထမဆုံးတော်လှန်ခဲ့တာ … သံပုံးတီးတဲ့ တော်လှန်ရေး … . သံပုံးတီးတဲ့ တော်လှန်ရေး

လမ်းမတွေမှာလူတွေဝေ… မြန်မာ့နွေဦးတော်လှန်ရေး…. မြန်မာ့နွေဦးတော်လှန်ရေး”

ခေတ် စနစ် ကမောက်ကမဖြစ်နေတဲ့ အခြေအတွေကို သင်္ကြန်အချိန်ရောက်ရင် သံချပ်တွေနဲ့ သရော်တင်ပြကြလေ့ရှိတာပါ။ ဒါကြောင့်လည်း လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို ဒေါင်းတို့မျိုးဆက် ကျောင်းသားလူငယ်တွေရဲ့ သင်္ကြန်စာသားတွေမှာ ခုလို ထည့်သွားထားကြပါတယ်။

“ခေတ်ကြီးကလည်းမှောင်…. စနစ်ကြီးကလည်း ကြောင်… ပြည်သူ့ဝမ်းလည်း တချောင်ချောင်… ပြည်သူ့ဝမ်းလည်း တချောင်ချောင်

ပြည်သူတွေဟာ… လူငယ်တွေဟာ … ကျောင်းသားတွေဟာ … အမှန်တရားကို အလံလိုလွှင့်တယ်။”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ အရင်ထဲကခုလို နိုင်ငံထဲမှာဖြစ်နေတဲ့ အခြေအနေတွေကို သံချပ်တွေလုပ်ခဲ့တာကြောင့် အဖွဲ့ဝင်တချို့ ဖမ်းဆီး တရားစွဲ ထောင်ချခံထားရတာပါ။ ၂၀၁၉ ခုနှစ်က သင်္ကြန်သံချပ်ဖျော်ဖြေမှုတွေမှာ စစ်တပ်ရဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေကို တင်ပြခဲ့တဲ့အတွက် သံချပ်အဖွဲ့ ခေါင်းဆောင် ၃ ယောက် အင်းစိန်ထောင်မှာ ထောင် ၆ နှစ် ချခံထားရပါတယ်။

ဒေါင်းတို့မျိုးဆက်လိုပဲ မုံရွာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက လူငယ်တွေရဲ့ ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ကလည်း သံချပ်ဗွီဒီယိုကို အွန်လိုင်းပေါ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

“ခြောက်မကြောက် တို့သွေးသောက်… လျှောက်ဆက်လျှောက် ရဲရဲတောက်

CMD CDM စစ်ကောင်စီကို ပလက်လှန်… အရှိုက်ကို ထိတဲ့ CDM … အကြိုက်ကိုထိတဲ့ CDM

ဒီအချိန်မှာ တာဝန်မရှိ… ဓမ္မ၊ အဓမ္မ ၂ ခုပဲ ရှိတယ် … ပြည်သူ့လစာ ယူထားပြီးတော့ ပြည်သူနဲ့အတူ ရပ်တည်ကြပါ။”

မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂသံချပ်အဖွဲ့ ဦးဆောင်သူ ကိုဝေမိုးနိုင်ကတော့ ဧပြီလ ၁၅ ရက်နေ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ရှေ့ကဦးဆောင်သူ ကိုဝေမိုးနိုင်ကို ဆိုင်ကယ် သပိတ်စစ်ကြောင်းထွက်နေစဉ်မှာ ကားနဲ့ မျက်နှာချင်းဆိုင် ဝင်တိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့တာပါ။ သူ အဖမ်းမခံရခင် အန္တရာယ်တွေကြားကပ ခက်ခက်ခဲခဲ ဒီသင်္ကြန်သံချပ်ဗွီဒီယိုကို ရိုက်ခဲ့ရတယ်လို့ မုံရွာကျောင်းသားသမဂ္ဂတယောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီတော်လှန်သင်္ကြန်မှာ ကျနော်တို့လူငယ် တွေ ပါကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကြိုနေ့မှာ ကျနော်တို့ သံချပ်ရေးတယ်။ ရေးပြီးအကျနေ့မှာ သံချပ်ကို ဒီလုံခြုံနိုင်မယ်ထင်တဲ့ တနေရာကိုသွားပြီးတော့ ရိုက်ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ လူထုကို မြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို ထင်ဟပ်စေချင်လို့ အသံပြုလိုက်တာပါ”

လက်ရှိ ပြည်သူတွေကြုံနေရတဲ့ အကျပ်အတည်းတွေကို အားမလျော့ ဆက်ပြီးရင်ဆိုင်သွားဖို့ တိုက်တွန်း အားပေးချင်တာကြောင့် ဒီသံချပ်ကို ရည်ရွယ်လုပ်တာဖြစ်တယ်လို့ မုံရွာကျောင်းသားခေါင်းဆောင်က ပြောပါတယ်။

“ဖေဖော်ဝါရီ ၁ရက်နေ့က စပြီး တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခံခဲ့ရတယ်။ ပြည်သူမဲတွေခိုးခံခဲ့ရတယ်။ အဲလိုခိုးခံခဲ့ရလို့ ကျနော်တို့ လူငယ်တွေ ကျနော်အပါအဝင်ပေါ့ မျိုးဆက်အသီးသီးက ကျနော်တို့ အာဏာကို အကြမ်းဖက် လုယူသွားတဲ့ စစ်ကောင်စီကို တော်လှန်နေရတဲ့ အချိန်ကာလဖြစ်တယ်။ ဒီလိုအချိန်မှာ ပြည်သူတွေ အနေနဲ့စိတ်ဓါတ်ပျက်ပြားတာမရှိ ဘဲနဲ့ စိတ်ဓါတ်ပြိုလဲတာမရှိဘဲ အားမွေးထား ပြီးတော့ ကျနော်တို့ ဆက်လက်တော်လှန်ပေးဖို့ ကျနော် တို့က အဓိက သတင်းစကားပါးချက်တာပါ။ ဒါဟာကျနော်တို့နောက်ဆုံးတိုက်ပွဲနိုင်အောင်တိုက်ရမယ် ဆိုတာကို သတင်းစကား ပါးချင်တာပါ”

ခေတ်အခြေအနေကို ထင်ဟပ်နေတဲ့ သင်္ကြန်သံချပ်တွေဟာ အရင် စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ပြီး အရပ်သားအစိုးရလက်ထက်မှာ ပြန်လည် ပေါ်လာခဲ့ပါတယ်။ ဒါတောင် အခြေအနေမှန်တွေကို သရော်ပုံဖော်တဲ့အတွက် တရားစွဲ ထောင်ချခံရသူတွေရှိပါတယ်။ အခုလည်း နောက်တကြိမ် စစ်တပ် အာဏာသိမ်းအုပ်ချုပ်ခံထားရချိန် သင်္ကြန်သံချပ်တွေကို ဖန်တီးထားတဲ့ အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားတော်တော်များများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG