{{Zawgyi/Unicode}}
စေနေန႔မွာက်င္းပမယ့္ ျမန္မာ့အေရး အေရွ ႔ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN ထိပ္သီးအစည္းအေ၀းကို စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကိီးမင္းေအာင္လႈိင္တက္ေရာက္မယ္လို႔ စစ္တပ္ေျပာခြင့္ရသူကို ကုိးကားၿပီး ဂ်ပန္ Nikkei Asia သတင္းက ဒီကေန႔ဗုဒၶဟူးေန႔မွာ ေဖာ္ျပပါတယ္။
အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ ႔မွာက်င္းပမယ့္ အာဆီယံအေရးေပၚအစည္းအေ၀းကို ဗို္လ္ခ်ဳပ္မႈွးႀကီး မင္းေအာင္လႈိင္တက္ေရာက္မယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳေျပာဆုိထားတာပါ။
ဒီမတိုင္ခင္ကလည္း အာဆီယံအစည္းအေ၀းကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တက္မယ္လို႔ ထုိင္းနဲ႔ မေလးရွားႏုိင္ငံျခားေရးဌာနက ေျပာဆိုထားပါတယ္။ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္ဟာ အာဆီယံထိပ္သီးအစည္းအေ၀းကို အြန္လိုင္းကေန တက္မယ္လို ့သတင္းေတြလည္း ထြက္ခဲ့တာေၾကာင့္၊ လူကိုယ္တိုင္ တက္မွာလား အြန္လိုင္းကတဆင့္ တက္မွာလားဆိုတာ သဲသဲကဲြကဲြသိႏိုင္ဖို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ဖံုးလက္ခံေျဖဆိုျခင္းမရွိပါဘူး။
လက္ရွိ အလွည့္က်ဥကၠဌျဖစ္တဲ့ ဘရူႏုိင္းႏုိင္ငံကလည္း အာဆီယံေခါင္းေဆာင္ေတြ ဂ်ကာတာၿမိဳ ႔မွာ လာမယ့္စေနေန႔က်ရင္ ေတြ႔ဆုံမယ္လို႔ ဒီကေန႔ ဗုဒၶဟူးေန႔မွာသတင္းထုတ္ျပန္ပါတယ္။ ၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ဘရူႏုိင္းေစာ္ဘြား Hassanal Bolkiah က အစည္းအေ၀း ဥကၠဌအျဖစ္တာ၀န္ယူမယ္လို႔ သူ႔႐ုံးက ေၾကျငာခ်က္ထုတ္ထားေပမယ့္ ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး ထည့္သြင္းေဖာ္ျပထားတာေတာ့မရွိပါဘူး။
ျမန္မာအပါအ၀င္ အာဆီယံအရာ႐ွိတခ်ိဳ ႔ကေတာ့ ဒီအစည္းအေ၀းဟာ ျမန္မာ့အေရး သီးျခားလုပ္တဲ့ ထိပ္သီးအစည္းအေ၀းျဖစ္တယ္လို႔ အတည္ျပဳေျပာဆိုထားၾကပါတယ္။ ဒီအစည္းအေ၀းကို ဗိယက္နမ္ ၀န္ႀကီးခ်ဳပ္သစ္ Pham Minh Chinh တက္ေရာက္မယ္လို႔ ဗီယက္နမ္အစိုးရက ဒီကေန႔ပဲေျပာပါတယ္။ ထိုင္းႏိ္ုင္ငံကေတာ့ ၀န္ႀကီးခ်ဳပ္ကိုယ္တိုင္တတ္ေရာက္မွာမဟုတ္ပဲ၊ ႏိုင္ငံေရးျခားေရး၀န္ႀကီးကို ေစလႊတ္မယ္လို႔ ထိ္ုင္း၀န္ႀကီးခ်ဳပ္က ေျပာထားပါတယ္။
ျမန္မာ့အေရး အာဆီယံထိပ္သီးစည္းေ၀းေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဂ်ကာတာၿမိဳ႕ကို လာေရာက္မယ္လို႔ သိရပါတယ္။ အာဆီယံထိပ္သီးအစည္းအေ၀းကို တတ္ေရာက္မွာမဟုတ္ေပမယ့္လို႔၊ အစည္းအေ၀း ေဘးပန္းမွာ ေဆြးေႏြးပဲြေတြ လုပ္သြားဖို႔ရွိတယ္လို႔သိရပါတယ္။ ျမန္မာ့အေရးကို အာဆီယံအသင္းႀကီးအေနနဲ႕ ၾကား၀င္ညိႈႏိႈင္းကိုင္တြယ္ေျဖရွင္းဖို႔ကို အိမ္နီးခ်င္းတ႐ုတ္ေရာ အေမရိကန္ျပည္ေထာင္စုေရာ ကမ႓ာကုလသမဂၢအသင္းႀကီးကပါ ေထာက္ခံေျပာဆိုထားၾကပါတယ္။
ျပည္တြင္းေရး၀င္မစြက္တဲ့မူ၀ါဒ လက္ကိုင္ထားတဲ့ အာဆီယံအသင္းႀကီးမွာ ျမန္မာ့အေရး ေဆြးေႏြးမွာျဖစ္တဲ့အတြက္ ဒီအစည္းအေ၀းကို အမ်ိဳးသားညီညႊတ္ေရအစိုးရ NUG ကိုဖိတ္ၾကားသင့္တယ္လို႔ လူ႔အခြင့္အေရးဆုိင္ရာ အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖြဲ႔ APHRက ဧၿပီလ ၂၀ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ တုိက္တြန္းထားပါတယ္။ NUG ရဲ ႔အသံကို နားမေထာင္ပဲ ျမန္မာ့အေရးကို ျပည့္ျပည့္စုံစုံေဆြးေႏြးႏုိင္မွာမဟုတ္ဘူးလို႔လည္း ေၾကျငာခ်က္မွာ ေဖာ္ျပထားတာပါ။
ရက္စက္ၾကမ္းၾကဳတ္စြာ အာဏာသိမ္းထားတဲ့ သူ႔ရဲ ႔လုပ္ရပ္ကို လုံး၀တာ၀န္မခံ ျငင္းဆန္ထားတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကိီးမင္းေအာင္လႈိင္ကိုလည္း ျမန္မာျပည္သူကုိယ္စား အာဆီယံအစည္းအေ၀းကို ဖိတ္ေခၚထားတာမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း သိေအာင္လုပ္ရမယ္လို႔လည္း ေၾကျငာခ်က္မွာ အႀကံျပဳထားပါတယ္။
လူ႔အခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ HRW ကေတာ့ အာဆီယံအသင္းႀကီးက ျမန္မာစစ္ေခါင္းေဆာင္ကို ဖိတ္ၾကားထားတာ ခ်က္ခ်က္ျပန္ရုပ္သိမ္းသင့္တယ္လို႔ ေျပာပါတယ္။
.............................................
{{Unicode}}
စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ စစ်တပ်ပြောခွင့်ရသူကို ကိုးကားပြီး ဂျပန် Nikkei Asia သတင်းက ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပမယ့် အာဆီယံအရေးပေါ်အစည်းအဝေးကို ဗိုလ်ချုပ်မှုှးကြီး မင်းအောင်လှိုင်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောဆိုထားတာပါ။
ဒီမတိုင်ခင်ကလည်း အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်မယ်လို့ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ တက်မယ်လို့သတင်းတွေလည်း ထွက်ခဲ့တာကြောင့်၊ လူကိုယ်တိုင် တက်မှာလား အွန်လိုင်းကတဆင့် တက်မှာလားဆိုတာ သဲသဲကွဲကွဲသိနိုင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုံးလက်ခံဖြေဆိုခြင်းမရှိပါဘူး။
လက်ရှိ အလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကလည်း အာဆီယံခေါင်းဆောင်တွေ ဂျကာတာမြို့မှာ လာမယ့်စနေနေ့ကျရင် တွေ့ဆုံမယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဘရူနိုင်းစော်ဘွား Hassanal Bolkiah က အစည်းအဝေး ဥက္ကဌအဖြစ်တာဝန်ယူမယ်လို့ သူ့ရုံးက ကြေငြာချက်ထုတ်ထားပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာတော့မရှိပါဘူး။
မြန်မာအပါအဝင် အာဆီယံအရာရှိတချို့ကတော့ ဒီအစည်းအဝေးဟာ မြန်မာ့အရေး သီးခြားလုပ်တဲ့ ထိပ်သီးအစည်းအဝေးဖြစ်တယ်လို့ အတည်ပြုပြောဆိုထားကြပါတယ်။ ဒီအစည်းအဝေးကို ဗိယက်နမ် ဝန်ကြီးချုပ်သစ် Pham Minh Chinh တက်ရောက်မယ်လို့ ဗီယက်နမ်အစိုးရက ဒီကနေ့ပဲပြောပါတယ်။ ထိုင်းနိုင်ငံကတော့ ဝန်ကြီးချုပ်ကိုယ်တိုင်တတ်ရောက်မှာမဟုတ်ပဲ၊ နိုင်ငံရေးခြားရေးဝန်ကြီးကို စေလွှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။
မြန်မာ့အရေး အာဆီယံထိပ်သီးစည်းဝေးနေချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ဂျကာတာမြို့ကို လာရောက်မယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို တတ်ရောက်မှာမဟုတ်ပေမယ့်လို့၊ အစည်းအဝေး ဘေးပန်းမှာ ဆွေးနွေးပွဲတွေ လုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။ မြန်မာ့အရေးကို အာဆီယံအသင်းကြီးအနေနဲ့ ကြားဝင်ညှိုနှိုင်းကိုင်တွယ်ဖြေရှင်းဖို့ကို အိမ်နီးချင်းတရုတ်ရော အမေရိကန်ပြည်ထောင်စုရော ကမ္ဘာကုလသမဂ္ဂအသင်းကြီးကပါ ထောက်ခံပြောဆိုထားကြပါတယ်။
ပြည်တွင်းရေးဝင်မစွက်တဲ့မူဝါဒ လက်ကိုင်ထားတဲ့ အာဆီယံအသင်းကြီးမှာ မြန်မာ့အရေး ဆွေးနွေးမှာဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို အမျိုးသားညီညွှတ်ရေအစိုးရ NUG ကိုဖိတ်ကြားသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHRက ဧပြီလ ၂၀ ရက်နေ့မှာ ကြေငြာချက်ထုတ် တိုက်တွန်းထားပါတယ်။ NUG ရဲ့အသံကို နားမထောင်ပဲ မြန်မာ့အရေးကို ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်မှာမဟုတ်ဘူးလို့လည်း ကြေငြာချက်မှာ ဖော်ပြထားတာပါ။
ရက်စက်ကြမ်းကြုတ်စွာ အာဏာသိမ်းထားတဲ့ သူ့ရဲ့လုပ်ရပ်ကို လုံးဝတာဝန်မခံ ငြင်းဆန်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း မြန်မာပြည်သူကိုယ်စား အာဆီယံအစည်းအဝေးကို ဖိတ်ခေါ်ထားတာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်လို့လည်း ကြေငြာချက်မှာ အကြံပြုထားပါတယ်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ အာဆီယံအသင်းကြီးက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားထားတာ ချက်ချက်ပြန်ရုပ်သိမ်းသင့်တယ်လို့ ပြောပါတယ်။