သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းမီဒီယာတခ်ဳိ႕ စစ္တပ္နဲ႔ေပါင္းဖို႔ ဖိအားေပးခံရ


Myanmar Now သတင္းေထာက္ မေကဇြန္ေႏြးကို ဖမ္းဆီးသြားသည့္ျမင္ကြင္း။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက သတင္းမီဒီယာလုပ္ငန္းတခ်ဳိ႕ကို စစ္တပ္နဲ႔ဆုိင္တဲ့သတင္းေတြ ေရးေပးဖုိ႔နဲ႔ စစ္တပ္နဲ႔ ပူးေပါင္းဖုိ႔ တိုက္တြန္းတာေတြ ႐ွိေနပါတယ္။ အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီဟာ သတင္းမီဒီယာေတြကို ထိန္းခ်ဳပ္ေနတာနဲ႔တခ်ိန္ထဲ သူတို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဖိအားေပးေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

အရပ္သားအစိုးရဆီကေန အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက သတင္းလုပ္ငန္းႀကီး ၅ ခုရဲ႕ လုပ္ငန္းလည္ပတ္ခြင့္ကို ပိတ္ပင္လိုက္တာအပါအဝင္ သတင္းလုပ္ငန္းေတြကို ထိန္းခ်ဳပ္ေဆာင္႐ြက္မႈေတြ လုပ္ခဲ့ပါတယ္။

သတင္းသမားေတြ သတင္းရယူေနခ်ိန္မွာ ဖမ္းဆီးအေရးယူတာ၊ သတင္းမီဒီယာတိုက္ေတြကိုဝင္ေရာက္ စီးနင္းတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

အခုေနာက္ပိုင္းမွာေတာ့ တခ်ဳိ႕ သတင္းဌာနေတြကို စစ္တပ္နဲ႔ ပူးေပါင္းဖုိ႔ ေျပာဆို တိုက္တြန္း စည္း႐ံုးမႈေတြ လုပ္လာတယ္လို႔ ကိုယ္တိုင္ႀကံဳခဲ့ရတဲ့ နယ္ၿမိဳ႕အေျခစိုက္ သတင္းဌာနတစ္ခုက အမည္မေဖာ္လိုတဲ့ အယ္ဒီတာခ်ဳပ္တေယာက္က ေျပာျပပါတယ္။

"က်ေနာ္တို႔ကို စစ္အုပ္ခ်ဳပ္ေရးကေခၚေတြ႕တယ္။ သူတို႔နဲ႔ပူးေပါင္းဖို႔ သူတို႔သတင္းေတြကိုေရးေပးဖို႔ ကိုေခၚေျပာတယ္။ က်ေနာ္တို႔ကလည္း ဟုတ္ကဲ့လို႔ေျပာေပမယ့္ တကယ္က်ေတာ့ က်ေနာ္တို႔ အလုပ္ကို ဆက္လုပ္တယ္။ ေနာက္ က်ေနာ္တို႔ကို လိုက္ဖမ္းတယ္။ ဖမ္းတာ က်ေနာ္တို႔ကိုဝရမ္းႀကီးထုတ္ထားတာလဲမဟုတ္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔နယ္ေတြမွာ သတင္းရယူတာနဲ႔ ဖမ္းတယ္။ သတင္းရယူဖို႔ခက္တယ္။ သတင္းမီဒီယာက အဆိုးဆုံးအေျခအေနပါ"

ရန္ကုန္ၿမိဳ႕ထဲက Myanmar Now၊ မဇၥိ်မ၊ ေခတ္သစ္မီဒီယာ၊ ဒီဗီြဘီသတင္းဌာန၊ ကမာ႐ြတ္မီဒီယာစတဲ့ သတင္းမီဒီယာလုပ္ငန္းေတြရဲ႕ ႐ံုးေတြကို မတ္လတုန္းက တပ္ေတြက ဝင္ေရာက္႐ွာေဖြခဲ့သလုိ အခုရက္ပိုင္းကလည္း နယ္ၿမိဳ႕အေျခစိုက္ သတင္းဌာန႐ံုးေတြကို စီးနင္း ႐ွာေဖြခဲ့ပါတယ္။

မံု႐ြာၿမိဳ႕အေျခစိုက္ မံု႐ြာေဂဇက္ဂ်ာနယ္တိုက္လည္း ဒီသတင္းပတ္ထဲမွာပဲ ဝင္ေရာက္ ႐ွာေဖြခံရပါတယ္။အဲဒီေနာက္ပိုင္းမွာပဲ စစ္ကိုင္းတိုင္းေဒသထဲမွာျဖစ္ေနတ့ဲ သတင္းေတြကို ဦးစားေပးေရးသားေဖာ္ျပတဲ့ မံု႐ြာေဂဇက္ သတင္းဂ်ာနယ္ ဂ်ာနယ္ထုတ္ေဝေရးလုပ္ငန္းအျပင္ အြန္လိုင္းသတင္းတင္ဆက္မႈကိုပါ ရပ္နားထားလိုက္ရၿပီျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ျမစ္ႀကီးနား၊ ေတာင္ႀကီး၊ ထားဝယ္စတဲ့ နယ္ၿမိဳ႕ေတြမွာ အေျခစိုက္တဲ့ သတင္းဌာနေတြက သတင္းသမား ၁၀ ေယာက္ထက္မနည္းလည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဖမ္းဆီးခံရၿပီး တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈ၊ အၾကည္ညိဳပ်က္ေအာင္လႈံ႔ေဆာ္မႈေတြနဲ႔ တရားစဲြခံထားၾကရပါတယ္။ တခ်ဳိ႕သတင္းေထာက္ေတြကလည္း လုံျခံဳေရးအရ ေနအိမ္ေတြကေန ထြက္ေျပးတိမ္းေရွာင္ေနရတာေတြ ရွိေနပါတယ္။

ရွမ္းျပည္အေျခစိုက္ ကေမာၻဇတိုင္း သတင္းဌာနကို ဝင္ေရာက္စီးနင္းခဲ့စဥ္ ဖမ္းဆီးသြားတဲ့ အမ်ိဳးသမီးသတင္းေထာက္ ၂ ဦးအပါအဝင္ သတင္းေထာက္ ၄ ဦးကို ဒီေန႔ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့‌ေပမဲ့ တရားလိုျပသက္ေသ လာေရာက္ျခင္းမရွိတဲ့အတြက္ အမႈကို စစ္ေဆးျခင္းမရွိခဲ့ဘဲ ေမလ ၆ ရက္မွာ ေနာက္႐ံုးခ်ိန္းေပးခဲ့ပါတယ္။ သူတုိ႔ကို ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေ႐ႊအက်ဥ္းေထာင္မွာ ခ်ဳပ္ထားပါတယ္။

ေနျပည္ေတာ္မွာ မတ္လက ဖမ္းဆီးခံရၿပီး ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲခံထားရတဲ့ မဇၥ်ိမသတင္း အယ္ဒီတာေဟာင္း ဦးသန္းထိုက္ေအာင္ကိုလည္း ဒီကေန႔႐ုံးထုတ္ခဲ့ပါတယ္။

"ဒီကေန႔ သူ႔အေမနဲ႔ စကားေျပာရတယ္။ က်န္းမာေရးေတာ့ေကာင္းတယ္ ။ က်ေနာ္အေနနဲ႔က တူတူသြားတဲ့ သူတေယာက္ေတာင္ ျပန္လႊတ္ေသးတယ္။ က်ေနာ္သားအေနနဲ႔ ဘာေၾကာင့္ဒီပုဒ္မနဲ႔ ဆြဲခံရတယ္။ ဘယ္လိုေၾကာင့္ခုထိထိန္းခံေနရလဲဆိုတာကေနာ္သိခ်င္ေနတယ္"

ကိုသန္းထိုက္ေအာင္ရဲ႕ အေဖက ဗီအုိေအကို ေျပာျပတာပါ။

၅၀၅ က နဲ႔ပဲ တရားစြဲခံထားရတဲ့ ျမန္မာေနာင္းသတင္းဌာနက သတင္းေထာက္ မေကဇင္ေႏြး ကိုလည္း ဒီေန႔ ႐ုံးထုတ္ခဲ့ပါတယ္။ အဲဒီ႐ုံးခ်ိန္းမွာ သတင္းေထာက္ေတြရဲ႕အာမခံေလွ်ာက္ထားမႈကို ပယ္ခ်ခံရတယ္လို႔ သူမေရွ႕ေန ေဒၚနီလာခိုင္ကေျပာပါတယ္။

" ေကဇင္ေႏြးကို ဒီကေန႔ အာမခံေလွ်ာက္ပါတယ္။ ဒါေပမယ့္ပယ္ခ်တယ္။ ေနာက္လ ၆ရက္ေန႔ ႐ုံးျပန္ခ်ိန္းတယ္။ အဲဒီက်ရင္ေတာ့ စၿပီးစစ္ေဆးမယ္"

သူတရားစဲြခံထားရတဲ့ ၅၀၅ က ပုဒ္မဟာ အာမခံေပးႏိုင္တဲ့ ပုဒ္မမဟုတ္ေပမယ့္ တရားသူႀကီးရဲ႕ဆင္ျခင္တုံတရားနဲ႔ အာမခံေပးႏိုင္တယ္လို႔ ေ႐ွ႔ေနက ေျပာပါတယ္။ ဒါေပမဲ့ သတင္းယူေနတုန္း ဖမ္းဆီးထိန္းသိမ္းခံရတဲ့ ဘယ္သတင္းေထာက္ကိုမွ အာမခံ ေလွ်ာက္ထားတာကို လက္ခံခဲ့တာမရွိပါဘူး။ မေကဇင္ေႏြးကေတာ့ ရန္ကုန္ၿမိဳ႕ ေျမနီကုန္းမွာ ဆႏၵျပသူေတြကို တပ္က ၿဖိဳခဲြမႈကို တိုက္႐ိုက္ သတင္းထုတ္ျပန္ေနစဥ္ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီအာဏာသိမ္းၿပီးေနာက္ သတင္းသမား အေယာက္ ၈၀ ထက္မနည္း ဖမ္းဆီးခံရတာမွာ အေယာက္ ၃၀ နီးပါး ျပန္လြတ္လာေပမဲ့ အေယာက္ ၄၀ ေက်ာ္ ဆက္လက္ ဖမ္းဆီးခံထားရပါတယ္။ အေယာက္ ၂၀ ထက္မနည္း ပုဒ္မ ၅၀၅- ကနဲ႔ ဖမ္းဆီးဖို႔ ဝရမ္းထုတ္ တာခံထားရပါတယ္။

နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔က လတ္တေလာထုတ္ျပန္တဲ့ သတင္းမီဒီယာ လြတ္လပ္ခြင့္ ၫႊန္းကိန္းမွာ ဒီႏွစ္ ျမန္မာက ေနာက္ထပ္တစ္ဆင့္ က်ဆင္းခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံက သတင်းမီဒီယာလုပ်ငန်းတချို့ကို စစ်တပ်နဲ့ဆိုင်တဲ့သတင်းတွေ ရေးပေးဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်နေတာနဲ့တချိန်ထဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

အရပ်သားအစိုးရဆီကနေ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကောင်စီက သတင်းလုပ်ငန်းကြီး ၅ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ပိတ်ပင်လိုက်တာအပါအဝင် သတင်းလုပ်ငန်းတွေကို ထိန်းချုပ်ဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။

သတင်းသမားတွေ သတင်းရယူနေချိန်မှာ ဖမ်းဆီးအရေးယူတာ၊ သတင်းမီဒီယာတိုက်တွေကိုဝင်ရောက် စီးနင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ တချို့ သတင်းဌာနတွေကို စစ်တပ်နဲ့ ပူးပေါင်းဖို့ ပြောဆို တိုက်တွန်း စည်းရုံးမှုတွေ လုပ်လာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ နယ်မြို့အခြေစိုက် သတင်းဌာနတစ်ခုက အမည်မဖော်လိုတဲ့ အယ်ဒီတာချုပ်တယောက်က ပြောပြပါတယ်။

"ကျနော်တို့ကို စစ်အုပ်ချုပ်ရေးကခေါ်တွေ့တယ်။ သူတို့နဲ့ပူးပေါင်းဖို့ သူတို့သတင်းတွေကိုရေးပေးဖို့ ကိုခေါ်ပြောတယ်။ ကျနော်တို့ကလည်း ဟုတ်ကဲ့လို့ပြောပေမယ့် တကယ်ကျတော့ ကျနော်တို့ အလုပ်ကို ဆက်လုပ်တယ်။ နောက် ကျနော်တို့ကို လိုက်ဖမ်းတယ်။ ဖမ်းတာ ကျနော်တို့ကိုဝရမ်းကြီးထုတ်ထားတာလဲမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့နယ်တွေမှာ သတင်းရယူတာနဲ့ ဖမ်းတယ်။ သတင်းရယူဖို့ခက်တယ်။ သတင်းမီဒီယာက အဆိုးဆုံးအခြေအနေပါ"

ရန်ကုန်မြို့ထဲက Myanmar Now၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ ဒီဗွီဘီသတင်းဌာန၊ ကမာရွတ်မီဒီယာစတဲ့ သတင်းမီဒီယာလုပ်ငန်းတွေရဲ့ ရုံးတွေကို မတ်လတုန်းက တပ်တွေက ဝင်ရောက်ရှာဖွေခဲ့သလို အခုရက်ပိုင်းကလည်း နယ်မြို့အခြေစိုက် သတင်းဌာနရုံးတွေကို စီးနင်း ရှာဖွေခဲ့ပါတယ်။

မုံရွာမြို့အခြေစိုက် မုံရွာဂေဇက်ဂျာနယ်တိုက်လည်း ဒီသတင်းပတ်ထဲမှာပဲ ဝင်ရောက် ရှာဖွေခံရပါတယ်။အဲဒီနောက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်းဒေသထဲမှာဖြစ်နေတဲ့ သတင်းတွေကို ဦးစားပေးရေးသားဖော်ပြတဲ့ မုံရွာဂေဇက် သတင်းဂျာနယ် ဂျာနယ်ထုတ်ဝေရေးလုပ်ငန်းအပြင် အွန်လိုင်းသတင်းတင်ဆက်မှုကိုပါ ရပ်နားထားလိုက်ရပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြစ်ကြီးနား၊ တောင်ကြီး၊ ထားဝယ်စတဲ့ နယ်မြို့တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေက သတင်းသမား ၁၀ ယောက်ထက်မနည်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရပြီး တပ်မတော်ကို အကြည်ညိုပျက်စေမှု၊ အကြည်ညိုပျက်အောင်လှုံ့ဆော်မှုတွေနဲ့ တရားစွဲခံထားကြရပါတယ်။ တချို့သတင်းထောက်တွေကလည်း လုံခြုံရေးအရ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေပါတယ်။

ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့စဉ် ဖမ်းဆီးသွားတဲ့ အမျိုးသမီးသတင်းထောက် ၂ ဦးအပါအဝင် သတင်းထောက် ၄ ဦးကို ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ခဲ့‌ပေမဲ့ တရားလိုပြသက်သေ လာရောက်ခြင်းမရှိတဲ့အတွက် အမှုကို စစ်ဆေးခြင်းမရှိခဲ့ဘဲ မေလ ၆ ရက်မှာ နောက်ရုံးချိန်းပေးခဲ့ပါတယ်။ သူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်ထားပါတယ်။

နေပြည်တော်မှာ မတ်လက ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရတဲ့ မဇ္ဈိမသတင်း အယ်ဒီတာဟောင်း ဦးသန်းထိုက်အောင်ကိုလည်း ဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။

"ဒီကနေ့ သူ့အမေနဲ့ စကားပြောရတယ်။ ကျန်းမာရေးတော့ကောင်းတယ် ။ ကျနော်အနေနဲ့က တူတူသွားတဲ့ သူတယောက်တောင် ပြန်လွှတ်သေးတယ်။ ကျနော်သားအနေနဲ့ ဘာကြောင့်ဒီပုဒ်မနဲ့ ဆွဲခံရတယ်။ ဘယ်လိုကြောင့်ခုထိထိန်းခံနေရလဲဆိုတာကနော်သိချင်နေတယ်"

ကိုသန်းထိုက်အောင်ရဲ့ အဖေက ဗီအိုအေကို ပြောပြတာပါ။

၅၀၅ က နဲ့ပဲ တရားစွဲခံထားရတဲ့ မြန်မာနောင်းသတင်းဌာနက သတင်းထောက် မကေဇင်နွေး ကိုလည်း ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီရုံးချိန်းမှာ သတင်းထောက်တွေရဲ့အာမခံလျှောက်ထားမှုကို ပယ်ချခံရတယ်လို့ သူမရှေ့နေ ဒေါ်နီလာခိုင်ကပြောပါတယ်။

" ကေဇင်နွေးကို ဒီကနေ့ အာမခံလျှောက်ပါတယ်။ ဒါပေမယ့်ပယ်ချတယ်။ နောက်လ ၆ရက်နေ့ ရုံးပြန်ချိန်းတယ်။ အဲဒီကျရင်တော့ စပြီးစစ်ဆေးမယ်"

သူတရားစွဲခံထားရတဲ့ ၅၀၅ က ပုဒ်မဟာ အာမခံပေးနိုင်တဲ့ ပုဒ်မမဟုတ်ပေမယ့် တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ ဒါပေမဲ့ သတင်းယူနေတုန်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘယ်သတင်းထောက်ကိုမှ အာမခံ လျှောက်ထားတာကို လက်ခံခဲ့တာမရှိပါဘူး။ မကေဇင်နွေးကတော့ ရန်ကုန်မြို့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို တပ်က ဖြိုခွဲမှုကို တိုက်ရိုက် သတင်းထုတ်ပြန်နေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီအာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၈၀ ထက်မနည်း ဖမ်းဆီးခံရတာမှာ အယောက် ၃၀ နီးပါး ပြန်လွတ်လာပေမဲ့ အယောက် ၄၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရပါတယ်။ အယောက် ၂၀ ထက်မနည်း ပုဒ်မ ၅၀၅- ကနဲ့ ဖမ်းဆီးဖို့ ဝရမ်းထုတ် တာခံထားရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့က လတ်တလောထုတ်ပြန်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းမှာ ဒီနှစ် မြန်မာက နောက်ထပ်တစ်ဆင့် ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG