သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မံုရြာေဂဇက္တိုက္ ၀င္စီးခံရမႈ ႏွင္႔ စစ္ေကာင္စီရဲ႕သတင္း အေမွာင္ခ် လုပ္ရပ္ 


မံုရြာေဂဇက္ဂ်ာနယ္ သတင္းစာတိုက္

(Zawgyi/Unicode)

မံုရြာၿမိဳ႕မွာ ဗုဒၶဟူးေန႔က မံုရြာေဂဇက္ ဂ်ာနယ္ သတင္းစာတိုက္ကို အာဏာပိုင္ေတြဘက္က ၀င္ေရာက္စီးနင္း ရွာေဖြတာေတြလုပ္ခဲ့တဲ့အတြက္ ဂ်ာနယ္ထုတ္ေ၀ေရးလုပ္ငန္းေတြအျပင္၊ အြန္လိုင္းသတင္းတင္ဆက္မႈကိုပါ ရပ္နားထားလိုက္ရၿပီျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ သတင္းမီဒီယာေတြကို ဖိနွိပ္ေနတဲ့ ေနာက္ဆံုးအေျခအေနေတြနဲ႔ ပတ္သက္လို႔ လံုၿခံုေရးအရ အမည္မေဖၚလိုတဲ့ သတင္းဌာနတာ၀န္ရွိသူတဦးကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ အခု ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီကေနၿပီးေတာ့ သတင္းမီဒီယာေတြကို ဖိနွိပ္ေနတဲ့ေနရာမွာေပါ့ေနာ္ အခုေနာက္ဆံုးဆိုရင္ ဗုဒၶဟူးေန႔က မံုရြာမွာအေျခစိုက္တဲ့ မံုရြာေဂဇက္ ဂ်ာနယ္ သတင္းစာတိုက္ကို ၀င္ေရာက္စီးနင္းတဲ့အေၾကာင္း က်မတို႔ သိရပါတယ္။ အဲဒီေတာ့ လက္ရွိျမန္မာႏိုင္ငံမွာ သတင္းမီဒီယာေတြ ဖိႏွိပ္ခံေနရတာ ဘယ္ေလာက္အထိ ျဖစ္ေနသလဲရွင့္။

ေျဖ။ ။ ဒီေန႔ မံုရြာေဂဇက္ ရံုးကို ၀င္စီးတယ္ဆိုတာ ၾကားပါတယ္။ ၿပီးေတာ့ ပိုင္ရွင္ကိုလည္း ၀င္စီးတယ္ဆိုတာလည္း ၾကားပါတယ္။ ၿပီးေတာ့ ပိုင္ရွင္အိမ္ကိုလည္း ၀င္စီးတယ္ဆိုတာလည္း ၾကားပါတယ္။ အဲဒါေၾကာင့္မို႔လို႔ မံုရြာေဂဇက္ကေနၿပီးေတာ့ ဒီအလုပ္ေတြေပါ့ေနာ္ သတင္းမီဒီယာေတြ ဆက္မလုပ္ေတာ့ဘူးဆိုတာမ်ိဳး စာထုတ္တာလည္း သူတို႔ Page မွာတင္ထားတာလည္း ေတြ႕ပါတယ္ခင္ဗ်။ ျမန္မာႏိုင္ငံသတင္းမီဒီယာနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ သတင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ား အေမွာင္က်သြားတယ္လို႔ ေျပာလို႔ရပါတယ္။ သတင္းမီဒီယာႀကီးေတြကို ပိတ္ပင္တားဆီးတာ ခံလိုက္ရၿပီးတဲ့ေနာက္မွာ သတင္းေထာက္ေတြဆိုရင္လည္း ၇၀ ေက်ာ္ေလာက္ အဖမ္းအဆီးခံၿပီးတဲ့ေနာက္မွာ က်ေနာ္တို႔ CJ (citizen journalist) တခ်ိဳ႕ကေနပဲ က်န္တဲ့ သတင္းမီဒီယာတခ်ိဳ႕ေပၚမွာပဲ အလုပ္လုပ္ေနၾကၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ား မိုဘိုင္းအင္တာနက္လည္း ပိတ္ဆို႔ခံလိုက္ရတဲ့အတြက္ေၾကာင့္မို႔ သတင္းေတြက နယ္က သတင္းေတြဆိုရင္ က်ေနာ္တို႔ မသိရေတာ့ပါဘူး။

ေမး။ ။ အဲဒီေတာ့ ျပည္တြင္းမွာ သတင္းမီဒီယာေတြ အကုန္လံုးနီးပါးက ပိတ္သိမ္းခံထားရတဲ့အခါက်ေတာ့ ျပည္သူအမ်ားစုက သူတို႔ သတင္းေတြကို ဘယ္လိုရေနၾကသလဲရွင့္။

ေျဖ။ ။ က်ေနာ္တို႔ ျပည္တြင္းသတင္းေတြကေတာ့ က်ေနာ္တို႔ ရႏိုင္သမွ် သတင္းဌာနေတြတို႔၊ Social media ေတြတုိ႔ ေတာ္ေတာ္မ်ားမ်ား တင္ၿပီးေတာ့ သတင္းေတြကို ရႏိုင္သမွ် ကမာၻကို ထုတ္ျပတာရွိပါတယ္။ ကမာၻကေတာ့ သိေပမယ့္လို႔ ျပည္တြင္းသတင္းေတြကို အထဲက လူေတြ ဒီသတင္းေတြသိႏိုင္ဖို႔ ေရဒီယိုတခုပဲ အားကိုးေနရၿပီးေတာ့ ေနာက္ ရန္ကုန္လို ၿမိဳ႕ႀကီးေတြမွာဆိုရင္လည္း ဒီစာေစာင္ေတြကို အားကိုးေနရတာရွိပါတယ္။ ျပည္သူေတြမွာ အင္တာနက္ျဖတ္ေတာက္ခံလိုက္ရတဲ့အတြက္ က်ေနာ္တို႔အားလံုးဟာ သတင္းအေမွာင္က်သြားတယ္လို႔ ေျပာလို႔ရပါတယ္။ Social Media ေတြလည္း မရွိေတာ့ဘူး သတင္းဌာနေတြလည္း ရပ္သြားတယ္။ သတင္းသမား မွန္လို႔ရွိရင္လည္း ထြက္ေျပးေနရတဲ့သေဘာလည္းရွိေနလို႔ သတင္းအလုပ္လည္း လုပ္လို႔မရေတာ့တဲ့အခါမို႔လို႔ ျပည္ပကသတင္းေတြ ေရးတဲ့သတင္းေတြကိုပဲ အားကိုးရတာရွိလာတယ္။ တခ်ိဳ႕ဆိုရင္ SMS ေလးေတြ ပို႔တာရွိတယ္။ ရန္ကုန္၊ မႏၱေလးလို ၿမိဳ႕ႀကီးေတြမွာေတာ့ ဒီစာေစာင္ေလးေတြ ထုတ္တာေတြ ရွိတယ္ေပါေ့နာ္။ က်ေနာ္တို႔ နယ္မွာဆိုရင္ သတင္းေတြက လံုး၀နီးနီးေလာက္ အေမွာင္က်သြားၿပီးေတာ့ ေရဒီယိုေလာက္ပဲ အားကိုးရတာေပါ့ေနာ္။ TV ဆိုတာလည္း တခ်ိဳ႕ ခ်ာနယ္ေတြလည္း ၾကည့္လို႔မရေတာ့တာေတြ ရွိလာတာမို႕ အခက္အခဲေတြက ရွိလာပါတယ္။

ေမး။ ။ ဒါဆိုရင္ စစ္ေကာင္စီက သတင္းအေမွာင္ခ်ဖို႔ ႀကိဳးစားေနတဲ့ သူတို႔ လုပ္ရပ္က ထိေရာက္မႈ ရွိမရွိ ဘယ္လိုျမင္သလဲရွင့္။

ေျဖ။ ။ စစ္ေကာင္စီက သတင္းအေမွာင္ခ်တာေၾကာင့္ ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရပါတယ္။ သမာရိုးက်ရွိေနတဲ့ အင္တာနက္ေပၚမွာရွိေနတဲ့ social media ေတြ ပိတ္ခ်လိုက္တာေတြ ၊ သတင္းဌာနႀကီးေတြ ပိတ္လိုက္တဲ့အတြက္ေၾကာင့္မို႔ သာမာန္သံုးစြဲေနသူေတြကေတာ့ အဲဒီအေပၚကေနၿပီးေတာ့သံုးလို႔မရတာေၾကာင့္ တျခား ပလက္ေဖာင္းေတြကို ေျပာင္းသြားတယ္ေပါ့ေနာ္။ တျခား ပလက္ေဖာင္းေတြဆိုတာက တျခားရင္းႏွီးရာအခ်င္းခ်င္း SMS တို႔ပို႔တာေတြ၊ စာေစာင္ေတြထုတ္ေ၀တာေတြ လုပ္လာတယ္။ ေနာက္တခုက ေရဒီယိုေတြေျပာင္းၿပီးနားေထာင္တာေတြ လုပ္လာတယ္။ ရႏိုင္တဲ့ TV ခ်ာနယ္ေတြကို ၾကည့္လာတယ္ေပါ့ေနာ္ ။ အဲဒါေၾကာင့္ ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္တယ္၊ ဒါေပမယ့္ ေအာင္ျမင္မႈ နည္းတယ္လို႔ ေျပာလုိ႔ရပါတယ္ခင္ဗ်။

ေမး။ ။ အင္တာနက္ေတြကို ပိတ္ဆို႔ထားတဲ့အခါက်ေတာ့ လက္ရွိ နယ္ေတြဘက္မွာေရာ social media တို႔က အထူးသျဖင့္ facebook တို႔ဘာတို႔က သူတို႔ သံုးေနတဲ့ အေျခအေနကေရာ ဘယ္လိုရွိသလဲရွင့္။

ေျဖ။ ။ အင္တာနက္ေတြကို ပိတ္ခ်ရင္ေတာင္မွ နယ္ေတြမွာဆိုရင္ social media ပလက္ေဖာင္းေတြ သံုးလို႔မရေတာ့ဘူး။ ၿမိဳ႕ႀကီးေပၚမွာပဲ သံုးလို႔ရတဲ့အတြက္ေၾကာင့္ အင္တာနက္ေပၚကေန facebook ေတြဘာေတြ social media ေပၚကေန ၾကည့္လို႔ရေတာ့တယ္။ က်န္တဲ့ နယ္ေတြမွာလံုး၀ ၾကည့္လို႔ မရေတာ့ဘူး ၿမိဳ႕အၾကီးႀကီးေတြပဲ သံုးလို႔ရေတာ့တယ္ခင္ဗ်။ ဥပမာအားျဖင့္ ရန္ကုန္၊ မႏၱေလး ၊ ေနျပည္ေတာ္ အျခားၿမိဳ႕ႀကီးေတြေပ့ါေနာ္ ေမာ္လၿမိဳင္တို႔ ဘာတို႔ အဲလိုၿမိဳ႕ႀကီးေတြပဲ သံုးၾကတယ္။ က်န္တဲ့ ၿမိဳ႕ေလးေတြေတာင္ သံုးမရဘူး ရြာဆိုရင္ေတာ့ မေျပာနဲ႔ေတာ့ေပါ့ေနာ္ အင္တာနက္ပိတ္လိုက္တာနဲ႔ ဒါေတြသံုးလို႔မရေတာ့ဘူး။

တိုက္႐ိုက္ လင့္ခ္


.............

မုံရွာဂေဇက်တိုက် ဝင်စီးခံရမှု နှင့် စစ်ကောင်စီရဲ့သတင်း အမှောင်ချ လုပ်ရပ်

(Unicode)

မုံရွာမြို့မှာ ဗုဒ္ဓဟူးနေ့က မုံရွာဂေဇက် ဂျာနယ် သတင်းစာတိုက်ကို အာဏာပိုင်တွေဘက်က ဝင်ရောက်စီးနင်း ရှာဖွေတာတွေလုပ်ခဲ့တဲ့အတွက် ဂျာနယ်ထုတ်ဝေရေးလုပ်ငန်းတွေအပြင်၊ အွန်လိုင်းသတင်းတင်ဆက်မှုကိုပါ ရပ်နားထားလိုက်ရပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ သတင်းဌာနတာဝန်ရှိသူတဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခု မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေပြီးတော့ သတင်းမီဒီယာတွေကို ဖိနှိပ်နေတဲ့နေရာမှာပေါ့နော် အခုနောက်ဆုံးဆိုရင် ဗုဒ္ဓဟူးနေ့က မုံရွာမှာအခြေစိုက်တဲ့ မုံရွာဂေဇက် ဂျာနယ် သတင်းစာတိုက်ကို ဝင်ရောက်စီးနင်းတဲ့အကြောင်း ကျမတို့ သိရပါတယ်။ အဲဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတာ ဘယ်လောက်အထိ ဖြစ်နေသလဲရှင့်။

ဖြေ။ ။ ဒီနေ့ မုံရွာဂေဇက် ရုံးကို ဝင်စီးတယ်ဆိုတာ ကြားပါတယ်။ ပြီးတော့ ပိုင်ရှင်ကိုလည်း ဝင်စီးတယ်ဆိုတာလည်း ကြားပါတယ်။ ပြီးတော့ ပိုင်ရှင်အိမ်ကိုလည်း ဝင်စီးတယ်ဆိုတာလည်း ကြားပါတယ်။ အဲဒါကြောင့်မို့လို့ မုံရွာဂေဇက်ကနေပြီးတော့ ဒီအလုပ်တွေပေါ့နော် သတင်းမီဒီယာတွေ ဆက်မလုပ်တော့ဘူးဆိုတာမျိုး စာထုတ်တာလည်း သူတို့ Page မှာတင်ထားတာလည်း တွေ့ပါတယ်ခင်ဗျ။ မြန်မာနိုင်ငံသတင်းမီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တော်တော်များများ အမှောင်ကျသွားတယ်လို့ ပြောလို့ရပါတယ်။ သတင်းမီဒီယာကြီးတွေကို ပိတ်ပင်တားဆီးတာ ခံလိုက်ရပြီးတဲ့နောက်မှာ သတင်းထောက်တွေဆိုရင်လည်း ၇၀ ကျော်လောက် အဖမ်းအဆီးခံပြီးတဲ့နောက်မှာ ကျနော်တို့ CJ (citizen journalist) တချို့ကနေပဲ ကျန်တဲ့ သတင်းမီဒီယာတချို့ပေါ်မှာပဲ အလုပ်လုပ်နေကြပြီးတော့ တော်တော်များများ မိုဘိုင်းအင်တာနက်လည်း ပိတ်ဆို့ခံလိုက်ရတဲ့အတွက်ကြောင့်မို့ သတင်းတွေက နယ်က သတင်းတွေဆိုရင် ကျနော်တို့ မသိရတော့ပါဘူး။

မေး။ ။ အဲဒီတော့ ပြည်တွင်းမှာ သတင်းမီဒီယာတွေ အကုန်လုံးနီးပါးက ပိတ်သိမ်းခံထားရတဲ့အခါကျတော့ ပြည်သူအများစုက သူတို့ သတင်းတွေကို ဘယ်လိုရနေကြသလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ပြည်တွင်းသတင်းတွေကတော့ ကျနော်တို့ ရနိုင်သမျှ သတင်းဌာနတွေတို့၊ Social media တွေတို့ တော်တော်များများ တင်ပြီးတော့ သတင်းတွေကို ရနိုင်သမျှ ကမ္ဘာကို ထုတ်ပြတာရှိပါတယ်။ ကမ္ဘာကတော့ သိပေမယ့်လို့ ပြည်တွင်းသတင်းတွေကို အထဲက လူတွေ ဒီသတင်းတွေသိနိုင်ဖို့ ရေဒီယိုတခုပဲ အားကိုးနေရပြီးတော့ နောက် ရန်ကုန်လို မြို့ကြီးတွေမှာဆိုရင်လည်း ဒီစာစောင်တွေကို အားကိုးနေရတာရှိပါတယ်။ ပြည်သူတွေမှာ အင်တာနက်ဖြတ်တောက်ခံလိုက်ရတဲ့အတွက် ကျနော်တို့အားလုံးဟာ သတင်းအမှောင်ကျသွားတယ်လို့ ပြောလို့ရပါတယ်။ Social Media တွေလည်း မရှိတော့ဘူး သတင်းဌာနတွေလည်း ရပ်သွားတယ်။ သတင်းသမား မှန်လို့ရှိရင်လည်း ထွက်ပြေးနေရတဲ့သဘောလည်းရှိနေလို့ သတင်းအလုပ်လည်း လုပ်လို့မရတော့တဲ့အခါမို့လို့ ပြည်ပကသတင်းတွေ ရေးတဲ့သတင်းတွေကိုပဲ အားကိုးရတာရှိလာတယ်။ တချို့ဆိုရင် SMS လေးတွေ ပို့တာရှိတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ ဒီစာစောင်လေးတွေ ထုတ်တာတွေ ရှိတယ်ပေါေ့နာ်။ ကျနော်တို့ နယ်မှာဆိုရင် သတင်းတွေက လုံးဝနီးနီးလောက် အမှောင်ကျသွားပြီးတော့ ရေဒီယိုလောက်ပဲ အားကိုးရတာပေါ့နော်။ TV ဆိုတာလည်း တချို့ ချာနယ်တွေလည်း ကြည့်လို့မရတော့တာတွေ ရှိလာတာမို့ အခက်အခဲတွေက ရှိလာပါတယ်။

မေး။ ။ ဒါဆိုရင် စစ်ကောင်စီက သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့ သူတို့ လုပ်ရပ်က ထိရောက်မှု ရှိမရှိ ဘယ်လိုမြင်သလဲရှင့်။

ဖြေ။ ။ စစ်ကောင်စီက သတင်းအမှောင်ချတာကြောင့် အောင်မြင်သင့်သလောက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ သမာရိုးကျရှိနေတဲ့ အင်တာနက်ပေါ်မှာရှိနေတဲ့ social media တွေ ပိတ်ချလိုက်တာတွေ ၊ သတင်းဌာနကြီးတွေ ပိတ်လိုက်တဲ့အတွက်ကြောင့်မို့ သာမာန်သုံးစွဲနေသူတွေကတော့ အဲဒီအပေါ်ကနေပြီးတော့သုံးလို့မရတာကြောင့် တခြား ပလက်ဖောင်းတွေကို ပြောင်းသွားတယ်ပေါ့နော်။ တခြား ပလက်ဖောင်းတွေဆိုတာက တခြားရင်းနှီးရာအချင်းချင်း SMS တို့ပို့တာတွေ၊ စာစောင်တွေထုတ်ဝေတာတွေ လုပ်လာတယ်။ နောက်တခုက ရေဒီယိုတွေပြောင်းပြီးနားထောင်တာတွေ လုပ်လာတယ်။ ရနိုင်တဲ့ TV ချာနယ်တွေကို ကြည့်လာတယ်ပေါ့နော် ။ အဲဒါကြောင့် အောင်မြင်သင့်သလောက် အောင်မြင်တယ်၊ ဒါပေမယ့် အောင်မြင်မှု နည်းတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။

မေး။ ။ အင်တာနက်တွေကို ပိတ်ဆို့ထားတဲ့အခါကျတော့ လက်ရှိ နယ်တွေဘက်မှာရော social media တို့က အထူးသဖြင့် facebook တို့ဘာတို့က သူတို့ သုံးနေတဲ့ အခြေအနေကရော ဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ အင်တာနက်တွေကို ပိတ်ချရင်တောင်မှ နယ်တွေမှာဆိုရင် social media ပလက်ဖောင်းတွေ သုံးလို့မရတော့ဘူး။ မြို့ကြီးပေါ်မှာပဲ သုံးလို့ရတဲ့အတွက်ကြောင့် အင်တာနက်ပေါ်ကနေ facebook တွေဘာတွေ social media ပေါ်ကနေ ကြည့်လို့ရတော့တယ်။ ကျန်တဲ့ နယ်တွေမှာလုံး၀ ကြည့်လို့ မရတော့ဘူး မြို့အကြီးကြီးတွေပဲ သုံးလို့ရတော့တယ်ခင်ဗျ။ ဥပမာအားဖြင့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အခြားမြို့ကြီးတွေပေ့ါနော် မော်လမြိုင်တို့ ဘာတို့ အဲလိုမြို့ကြီးတွေပဲ သုံးကြတယ်။ ကျန်တဲ့ မြို့လေးတွေတောင် သုံးမရဘူး ရွာဆိုရင်တော့ မပြောနဲ့တော့ပေါ့နော် အင်တာနက်ပိတ်လိုက်တာနဲ့ ဒါတွေသုံးလို့မရတော့ဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG