သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုပ္သံၿဂိဳဟ္တု စေလာင္းေတြ ျဖဳတ္သိမ္းခံေနရ


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ စက္တင္ဘာတုန္းက ရန္ကုန္စည္ပင္၀န္ထမ္းမွ တိုက္ခန္းေနာက္ေဖး အျမစ္တြယ္ေနေသာ အပင္မ်ားကို ရွင္းလင္းစဥ္ (Photo by ROMEO GACAD / AFP)

(Zawgyi/Unicode)

VOA အပါအဝင္ ႏိုင္ငံတကာသတင္းဌာနေတြနဲ႔ အသံလႊင့္ဌာနေတြက ထုတ္လႊင့္ေနတဲ့ သတင္းေတြ အစီအစဥ္ေတြကို ဖမ္းယူၾကည့္ႏိုင္တဲ့ PSI ၿဂိဳလ္တုစေလာင္းေတြကို ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အာဏာပိုင္ေတြ လိုက္ၿပီးျဖဳတ္သိမ္းေနပါတယ္။ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္ေတြထဲက ရပ္ကြက္ေတြမွာလည္း PSI ၿဂိဳလ္တုစေလာင္းေတြ ျဖဳတ္ဖုိ႔ လမ္းေတြထဲ လိုက္ေအာ္ေျပာေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ကတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံတဝန္း အေတာ္မ်ားမ်ား တပ္ဆင္ၾကည့္ေနၾကတ့ဲ PSI ၿဂိဳလ္တုစေလာင္းေတြကို ဧရာဝတီတိုင္းနဲ႔ မြန္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ဳိ႕မွာ ဧၿပီလ ၈ ရက္ေန႔ မေန႔ကတည္းကစၿပီး လိုက္လံျဖဳတ္ခိုင္းေနတာေတြ အေရာင္းဆိုင္မွာ သိမ္းဆည္းေနတာ အာဏာသိမ္း စစ္ေကာင္စီက လုပ္ေဆာင္ေနပါတယ္။ ဒီကေန႔မွာလည္း ရန္ကုန္တိုင္း အလံုၿမိဳ႕နယ္၊ လိႈင္သာယာၿမိဳ႕နယ္နဲ႔ လမ္းမေတာ္ၿမိဳ႕နယ္ေတြထဲကေနအိမ္ေတြမွာ
တပ္ဆင္ထားတဲ့ PSI ၿဂိဳဟ္စေလာင္းေတြကုိ အိမ္ေပၚအထိ အာဏာပိုင္ေတြတက္ၿပီး လိုက္ျဖဳတ္သိမ္းတာမ်ဳိးေတြ လုပ္ေနတာပါ။

အလံုၿမိဳ႕နယ္ ဌာနာလမ္းမွာ စစ္ေကာင္စီတပ္ဖြဲ႔က အင္အားျပ အိမ္ေပၚတက္ၿပီး ဒီကေန႔ စေလာင္း လာျဖဳတ္သိမ္းသြားတယ္လို႔ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ခံတစ္ဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

အလံု ၿမိဳခံ “က်ေနာ္က မနက္က ဒီအလံုလမ္းဘက္ထြက္ေတာ့ အဲ့ဟိုဘက္မွာ သူတို႔ရဲတပ္ဖြဲ႕ဘက္က ကားေပါ့ေနာ္၊ ရပ္ၿပီးေတာ့ အဲ့မွာ အိမ္ေပၚတက္ၿပီးေတာ့သူတို႔ အဲ့စေလာင္းေတြ ျဖဳတ္ေနၾကတာ သူတို႔တက္ျဖဳတ္ၿပီး သိမ္းသြားတာေပါ့ေနာ္ အဲ့ဒါေတာ့ ေတြ႕ခဲ့တယ္၊ က်ေနာ္တို႔ဒီဘက္ အလံုဒီဘက္လမ္းက်ေတာ့ လမ္းအရွည္ႀကီးကို က်ေနာ္တို႔က လမ္းအရွည္ႀကီးဆိုေတာ့က်န္တာတစ္ေယာက္စကား တစ္ေယာက္အဲ့လိုေပါ့ေနာ္
ေတြ႕လည္းေတြ႕ၾကားလည္းၾကားဆိုေတာ့ က်ေနာ္တို႔ ဒီဘက္က လူေတြက်ေတာ့ ကိုယ္ဟာကိုယ္ပဲျပန္ျဖဳတ္သိမ္းထားလိုက္တာေပါ့၊ သူတို႔ကေတာ့ အဲ့ Sky Net ဗန္းက လြဲၿပီးေတာ့ က်န္တာအကုန္လံုး သူတို႔ျဖဳတ္သိမ္းတဲ့ ပံုစံျဖစ္ေနတာ၊”

လမ္းမေတာ္ၿမိဳ႕နယ္မွာလည္း သံပံုးတီးတာ နံပတ္ျဖဳတ္တာ လမ္းမေပၚနဲ႔ နံရံေတြမွာ စာသားေရးသားရာ အသံုးျပဳတဲ့ ေဆးဗူးေတြ မသံုးဖို႔နဲ႔ စေလာင္းေတြ ျဖဳတ္သိမ္းဖို႔ လုပ္ေနတယ္လို႔ လမ္းမေတာ္မွာ ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။

“သူတို႔မေန႔က ေထြအုပ္ကေန အစည္းအေဝးလုပ္တယ္ခင္ဗ်ာ ရပ္ကြက္လူႀကီးေတြနဲ႔ လမ္းထဲက ရပ္မိရပ္ဖလူႀကီးလို႔ သူတို႔ထင္တဲ့ လူေတြသြားတက္တယ္ သြားတက္ၿပီးေတာ့ ဒီ PSI စေလာင္းကိစၥနဲ႔ ဒီေဆးမႈတ္တဲ့ ကိစၥေတြ နံပါတ္ျဖဳတ္တဲ့ ကိစၥေတြ သံပံုးတီးတဲ့ ကိစၥေတြ ထိန္းသိမ္းၾကပ္မတ္ဖို႔ဆိုၿပီးေတာ့ သူတို႔ေျပာလိုက္တယ္ေပါ့ တခ်ဳိ႕ဒီ ဗဟိုစီဘက္မွာက်ေတာ့ လိုက္ျဖဳတ္တယ္လို႔ ေျပာထားတယ္ ဒီဘက္ကလူေတြက
လိုက္ျဖဳတ္ထားတယ္ သူတို႔ဘက္က လာျဖဳတ္တာခင္ဗ် ရဲေတြကိုယ္တိုင္တက္ၿပီး လာျဖဳတ္တယ္ ဟုတ္။”

ခုလို အိမ္ေတြမွာ တပ္ထားတဲ့ PSI ၿဂိဳလ္တုစေလာင္းေတြကို လိုက္ျဖဳတ္ေနေပမဲ့ ဘာေၾကာင့္ ျဖဳတ္သိမ္းသလဲဆိုတာ အတိအက် အေၾကာင္း ျပခ်က္ မေပးဘူးလို႔ ျဖဳတ္ခံရသူေတြကေျပာပါတယ္။ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက လုပ္ငန္းလုပ္ခြင့္ရပ္ခဲ့တဲ့ Mizzima နဲ႔ DVB အသံလႊင့္ဌာနကေတြက ဆက္လက္ျပသေနတဲ့ သတင္း အစီအစဥ္ေတြကို PSI ၿဂိဳလ္တုေတြကေန ဆက္ၿပီး ဖမ္းယူၾကည့္ေနၾကခ်ိန္မွာ ခုလို လိုက္ၿပီး ျဖဳတ္သိ္မ္းခိုင္းေနတာလည္းျဖစ္ပါတယ္။ ရန္ကုန္တိုင္းထဲက လိႈင္သာယာၿမိဳ႕နယ္မွာလည္း အိမ္ေတြမွာ တပ္ဆင္တဲ့ စေလာင္းေတြ ဆႏၵျပရာ အသံုးျပဳတဲ့ ဒိုင္ကာေတြ ဓားေတြကို အုပ္ခ်ဳပ္ေရးမွဴး႐ုံးထံလာအပ္ဖို႔ လိုက္ေအာ္ေနတယ္လို႔ ၿမိဳ႕ခံေတြ ေျပာေနၾကပါတယ္။

ေျမာက္ဒဂံုၿမိဳ႕နယ္နဲ႔ ေတာင္ဥကၠလာက ရပ္ကြက္ေတြမွာလည္း စေလာင္းေတြကိုျဖဳတ္သိမ္းဖို႔ လိုက္ေအာ္ေနတယ္လို႔ လူမႈကြန္ယက္ေပၚမွာ ေရးတင္ေနၾကေပမဲ့ ဗီအိုေအက သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။

ျမန္မာႏိုင္ငံမွာ VOA ၊ Mizzima၊ DVB စတဲ့ သတင္းဌာနေတြက ထုတ္လႊင့္ျပသတဲ့ သတင္းေတြကို ဖမ္းယူၾကည့္ႏိုင္တဲ့ PSI ၿဂိဳဟ္တုစေလာင္းေတြကို အာဏာသိမ္းထားသူေတြက လိုက္လံျဖဳတ္ခိုင္းေနတာပါ။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ထဲကက ရပ္ကြက္ေတြမွာလည္း PSI စေလာင္းေတြကုိ ျဖဳတ္ခုိင္းဖို႔ အာဏာပိုင္ေတြက လိုက္ေအာ္ခဲ့ၿပီး တခ်ဳိ႕ကလည္း စုိးရိမ္လို႔ ႀကိဳၿပီး ျဖဳတ္သိမ္းထားၾကပါတယ္။

“မေန႔က သူငယ္ခ်င္းတစ္ေယာက္ လွမ္းေျပာလို႔ က်ေနာ္တပ္ထားတဲ့ ဟာေတာင္မွျဖဳတ္ထားလိုက္ၿပီး ေလာေလာဆယ္ေတာ့ အဲ့လို လိုက္ၿပီးေတာ့ အပ္ခိုင္းတာက်ေတာ့မရွိေသးဘူး၊ မရွိဘူးဆိုေတာ့ ဟိုရက္က လာေတာ့ ေၾကညာသြားတယ္ လာေၾကညာသြားတယ္။ က်ေနာ္လည္း မသိလိုက္ဘူး က်ေနာ္လည္း အျပင္ေရာက္ေနတာမို႔ က်ေနာ္လည္းေျပးေနတယ္ဆိုေတာ့။”

မေန႔က ၿဂိဳလ္တုစေလာင္းေတြ ျဖဳတ္ဖုိ႔ လိုက္ေအာ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ဒီေန႔ေတာ့ မျဖဳတ္လည္းရတယ္လို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဳးက ေျပာတယ္လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ဗီြအိုကိုေျပာပါတယ္။

“ျဖဳတ္ခုိင္းတာက ဒီတပ္ကထင္တယ္ က်ေနာ္သိတာက အုပ္ခ်ဳပ္ေရးက သိတာေပါ့သူတို႔ အုပ္ခ်ဳပ္ေရးမွဴးက အပိုင္းမွာ သူ႔ရပ္ကြက္နဲ႔သူ ေျပာတယ္ေပါ့ ေျပာေတာ့ ရြာအစံုေတာ့ ေအာ္တာေပါ့ ျဖဳတ္ရမယ္ ဘာညာ အဲ့လိုမ်ဳိး အဓိက PSI စေလာင္းေတြကို ျဖဳတ္ရမယ္ အဲ့လိုေျပာတယ္။ ၿပီးေတာ့ အဲ့လိုမ်ဳိးမဟုတ္ဘဲနဲ႔စေလာင္းမျဖဳတ္နဲ႔ စက္ကိုပဲျဖဳတ္ ၿပီးေတာ့ ရဲစခန္းမွာ အပ္ရမယ္အဲ့လိုမ်ဳိးတယ္၊ ဒီေန႔မနက္ သိတာက (ထပ္သိတာက) ျဖဳတ္လည္း မျဖဳတ္နဲ႔ဒီဘက္မွာေတာ့ PSI စေလာင္းထဲမွာ ဟိုဟာလည္း မရေတာ့ Mizzima တို႔
DVB လည္းမရဘူးဆိုေတာ့ ျဖဳတ္မလိုေတာ့ဘူး၊ အဲ့လိုသတင္းေတြလည္း ၾကားေနရတယ္အဲ့လိုရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးတစ္ေယာက္က ေျပာတယ္ ဒါဆိုရင္ ျဖဳတ္စရာမလိုဘူး ဘာမရဘူးဆိုရင္ ဒီတိုင္ပစ္ထားလိုက္ေတာ့ အဲ့လိုမ်ဳိးလည္းေျပာတယ္ အုပ္ခ်ဳပ္ေရးမွဴး တစ္ေယာက္က။”

မေန႔တုန္းက ဧရာဝတီတိုင္းနဲ႔ မြန္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ဳိ႕ေတြမွာ PSI ျဂိဳဟ္တုစေလာင္းကို အိမ္ေတြမွာ လိုက္လံျဖဳတ္ခိုင္းေနတာေတြ အေရာင္းဆိုင္မွာ သိမ္းဆည္းတာ၊ ဆက္မေရာင္းဖို႔ သတိေပးထားခဲ့ပါတယ္။

VOA ၊ Mizzima၊ DVB စတဲ့ သတင္းဌာနေတြက ထုတ္လႊင့္ျပသတဲ့ သတင္းေတြကို ဖမ္းယူၾကည့္႐ႈႏိုင္တာေၾကာင့္ အခုလိုလိုက္လံျဖဳတ္သိမ္းေနတာျဖစ္ၿပီး သတင္းအေမွာင္ခ်ဖို႔ အာဏာသိမ္းစစ္ေကာင္စီက ႀကိဳးပမ္းေနတယ္လို႔ ျပည္သူလူထုေတြက ေျပာေနၾကပါတယ္။

႐ုပ္သံၿဂိဳဟ္တု စေလာင္းေတြ ျဖဳတ္သိမ္းခံေနရ
please wait

No media source currently available

0:00 0:04:46 0:00
တိုက္႐ိုက္ လင့္ခ္

..............

ရုပ်သံဂြိုဟ်တု စလောင်းတွေ ဖြုတ်သိမ်းခံနေရ

(Unicode)

VOA အပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ အသံလွှင့်ဌာနတွေက ထုတ်လွှင့်နေတဲ့ သတင်းတွေ အစီအစဉ်တွေကို ဖမ်းယူကြည့်နိုင်တဲ့ PSI ဂြိုလ်တုစလောင်းတွေကို ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများမှာ အာဏာပိုင်တွေ လိုက်ပြီးဖြုတ်သိမ်းနေပါတယ်။ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေထဲက ရပ်ကွက်တွေမှာလည်း PSI ဂြိုလ်တုစလောင်းတွေ ဖြုတ်ဖို့ လမ်းတွေထဲ လိုက်အော်ပြောနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း အတော်များများ တပ်ဆင်ကြည့်နေကြတဲ့ PSI ဂြိုလ်တုစလောင်းတွေကို ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ဧပြီလ ၈ ရက်နေ့ မနေ့ကတည်းကစပြီး လိုက်လံဖြုတ်ခိုင်းနေတာတွေ အရောင်းဆိုင်မှာ သိမ်းဆည်းနေတာ အာဏာသိမ်း စစ်ကောင်စီက လုပ်ဆောင်နေပါတယ်။ ဒီကနေ့မှာလည်း ရန်ကုန်တိုင်း အလုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နဲ့ လမ်းမတော်မြို့နယ်တွေထဲကနေအိမ်တွေမှာ
တပ်ဆင်ထားတဲ့ PSI ဂြိုဟ်စလောင်းတွေကို အိမ်ပေါ်အထိ အာဏာပိုင်တွေတက်ပြီး လိုက်ဖြုတ်သိမ်းတာမျိုးတွေ လုပ်နေတာပါ။

အလုံမြို့နယ် ဌာနာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားပြ အိမ်ပေါ်တက်ပြီး ဒီကနေ့ စလောင်း လာဖြုတ်သိမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

အလုံ မြိုခံ “ကျနော်က မနက်က ဒီအလုံလမ်းဘက်ထွက်တော့ အဲ့ဟိုဘက်မှာ သူတို့ရဲတပ်ဖွဲ့ဘက်က ကားပေါ့နော်၊ ရပ်ပြီးတော့ အဲ့မှာ အိမ်ပေါ်တက်ပြီးတော့သူတို့ အဲ့စလောင်းတွေ ဖြုတ်နေကြတာ သူတို့တက်ဖြုတ်ပြီး သိမ်းသွားတာပေါ့နော် အဲ့ဒါတော့ တွေ့ခဲ့တယ်၊ ကျနော်တို့ဒီဘက် အလုံဒီဘက်လမ်းကျတော့ လမ်းအရှည်ကြီးကို ကျနော်တို့က လမ်းအရှည်ကြီးဆိုတော့ကျန်တာတစ်ယောက်စကား တစ်ယောက်အဲ့လိုပေါ့နော်
တွေ့လည်းတွေ့ကြားလည်းကြားဆိုတော့ ကျနော်တို့ ဒီဘက်က လူတွေကျတော့ ကိုယ်ဟာကိုယ်ပဲပြန်ဖြုတ်သိမ်းထားလိုက်တာပေါ့၊ သူတို့ကတော့ အဲ့ Sky Net ဗန်းက လွဲပြီးတော့ ကျန်တာအကုန်လုံး သူတို့ဖြုတ်သိမ်းတဲ့ ပုံစံဖြစ်နေတာ၊”

လမ်းမတော်မြို့နယ်မှာလည်း သံပုံးတီးတာ နံပါတ်ဖြုတ်တာ လမ်းမပေါ်နဲ့ နံရံတွေမှာ စာသားရေးသားရာ အသုံးပြုတဲ့ ဆေးဗူးတွေ မသုံးဖို့နဲ့ စလောင်းတွေ ဖြုတ်သိမ်းဖို့ လုပ်နေတယ်လို့ လမ်းမတော်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“သူတို့မနေ့က ထွေအုပ်ကနေ အစည်းအဝေးလုပ်တယ်ခင်ဗျာ ရပ်ကွက်လူကြီးတွေနဲ့ လမ်းထဲက ရပ်မိရပ်ဖလူကြီးလို့ သူတို့ထင်တဲ့ လူတွေသွားတက်တယ် သွားတက်ပြီးတော့ ဒီ PSI စလောင်းကိစ္စနဲ့ ဒီဆေးမှုတ်တဲ့ ကိစ္စတွေ နံပါတ်ဖြုတ်တဲ့ ကိစ္စတွေ သံပုံးတီးတဲ့ ကိစ္စတွေ ထိန်းသိမ်းကြပ်မတ်ဖို့ဆိုပြီးတော့ သူတို့ပြောလိုက်တယ်ပေါ့ တချို့ဒီ ဗဟိုစီဘက်မှာကျတော့ လိုက်ဖြုတ်တယ်လို့ ပြောထားတယ် ဒီဘက်ကလူတွေက
လိုက်ဖြုတ်ထားတယ် သူတို့ဘက်က လာဖြုတ်တာခင်ဗျ ရဲတွေကိုယ်တိုင်တက်ပြီး လာဖြုတ်တယ် ဟုတ်။”

ခုလို အိမ်တွေမှာ တပ်ထားတဲ့ PSI ဂြိုလ်တုစလောင်းတွေကို လိုက်ဖြုတ်နေပေမဲ့ ဘာကြောင့် ဖြုတ်သိမ်းသလဲဆိုတာ အတိအကျ အကြောင်း ပြချက် မပေးဘူးလို့ ဖြုတ်ခံရသူတွေကပြောပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက လုပ်ငန်းလုပ်ခွင့်ရပ်ခဲ့တဲ့ Mizzima နဲ့ DVB အသံလွှင့်ဌာနကတွေက ဆက်လက်ပြသနေတဲ့ သတင်း အစီအစဉ်တွေကို PSI ဂြိုလ်တုတွေကနေ ဆက်ပြီး ဖမ်းယူကြည့်နေကြချိန်မှာ ခုလို လိုက်ပြီး ဖြုတ်သိမ်းခိုင်းနေတာလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲက လှိုင်သာယာမြို့နယ်မှာလည်း အိမ်တွေမှာ တပ်ဆင်တဲ့ စလောင်းတွေ ဆန္ဒပြရာ အသုံးပြုတဲ့ ဒိုင်ကာတွေ ဓားတွေကို အုပ်ချုပ်ရေးမှူးရုံးထံလာအပ်ဖို့ လိုက်အော်နေတယ်လို့ မြို့ခံတွေ ပြောနေကြပါတယ်။

မြောက်ဒဂုံမြို့နယ်နဲ့ တောင်ဥက္ကလာက ရပ်ကွက်တွေမှာလည်း စလောင်းတွေကိုဖြုတ်သိမ်းဖို့ လိုက်အော်နေတယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးတင်နေကြပေမဲ့ ဗီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။
မြန်မာနိုင်ငံမှာ VOA ၊ Mizzima၊ DVB စတဲ့ သတင်းဌာနတွေက ထုတ်လွှင့်ပြသတဲ့ သတင်းတွေကို ဖမ်းယူကြည့်နိုင်တဲ့ PSI ဂြိုဟ်တုစလောင်းတွေကို အာဏာသိမ်းထားသူတွေက လိုက်လံဖြုတ်ခိုင်းနေတာပါ။

ကရင်ပြည်နယ် ဘားအံမြို့ထဲကက ရပ်ကွက်တွေမှာလည်း PSI စလောင်းတွေကို ဖြုတ်ခိုင်းဖို့ အာဏာပိုင်တွေက လိုက်အော်ခဲ့ပြီး တချို့ကလည်း စိုးရိမ်လို့ ကြိုပြီး ဖြုတ်သိမ်းထားကြပါတယ်။

“မနေ့က သူငယ်ချင်းတစ်ယောက် လှမ်းပြောလို့ ကျနော်တပ်ထားတဲ့ ဟာတောင်မှဖြုတ်ထားလိုက်ပြီး လောလောဆယ်တော့ အဲ့လို လိုက်ပြီးတော့ အပ်ခိုင်းတာကျတော့မရှိသေးဘူး၊ မရှိဘူးဆိုတော့ ဟိုရက်က လာတော့ ကြေညာသွားတယ် လာကြေညာသွားတယ်။ ကျနော်လည်း မသိလိုက်ဘူး ကျနော်လည်း အပြင်ရောက်နေတာမို့ ကျနော်လည်းပြေးနေတယ်ဆိုတော့။”

မနေ့က ဂြိုလ်တုစလောင်းတွေ ဖြုတ်ဖို့ လိုက်အော်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒီနေ့တော့ မဖြုတ်လည်းရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှုးက ပြောတယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ဗွီအိုကိုပြောပါတယ်။

“ဖြုတ်ခိုင်းတာက ဒီတပ်ကထင်တယ် ကျနော်သိတာက အုပ်ချုပ်ရေးက သိတာပေါ့သူတို့ အုပ်ချုပ်ရေးမှူးက အပိုင်းမှာ သူ့ရပ်ကွက်နဲ့သူ ပြောတယ်ပေါ့ ပြောတော့ ရွာအစုံတော့ အော်တာပေါ့ ဖြုတ်ရမယ် ဘာညာ အဲ့လိုမျိုး အဓိက PSI စလောင်းတွေကို ဖြုတ်ရမယ် အဲ့လိုပြောတယ်။ ပြီးတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့စလောင်းမဖြုတ်နဲ့ စက်ကိုပဲဖြုတ် ပြီးတော့ ရဲစခန်းမှာ အပ်ရမယ်အဲ့လိုမျိုးတယ်၊ ဒီနေ့မနက် သိတာက (ထပ်သိတာက) ဖြုတ်လည်း မဖြုတ်နဲ့ဒီဘက်မှာတော့ PSI စလောင်းထဲမှာ ဟိုဟာလည်း မရတော့ Mizzima တို့
DVB လည်းမရဘူးဆိုတော့ ဖြုတ်မလိုတော့ဘူး၊ အဲ့လိုသတင်းတွေလည်း ကြားနေရတယ်အဲ့လိုရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ယောက်က ပြောတယ် ဒါဆိုရင် ဖြုတ်စရာမလိုဘူး ဘာမရဘူးဆိုရင် ဒီတိုင်ပစ်ထားလိုက်တော့ အဲ့လိုမျိုးလည်းပြောတယ် အုပ်ချုပ်ရေးမှူး တစ်ယောက်က။”

မနေ့တုန်းက ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ထဲက မြို့နယ်တချို့တွေမှာ PSI ဂြိုဟ်တုစလောင်းကို အိမ်တွေမှာ လိုက်လံဖြုတ်ခိုင်းနေတာတွေ အရောင်းဆိုင်မှာ သိမ်းဆည်းတာ၊ ဆက်မရောင်းဖို့ သတိပေးထားခဲ့ပါတယ်။

VOA ၊ Mizzima၊ DVB စတဲ့ သတင်းဌာနတွေက ထုတ်လွှင့်ပြသတဲ့ သတင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တာကြောင့် အခုလိုလိုက်လံဖြုတ်သိမ်းနေတာဖြစ်ပြီး သတင်းအမှောင်ချဖို့ အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ပြည်သူလူထုတွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG