သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်းမှုကြောင့် ဥတုရာသီဒဏ်ခံရကိန်းပိုများလာနိုင်သုံးသပ်


ဖါးကန့်ဒေသ အကြီးစား ကျောက်မျက်တူးဖေါ်မှုလုပ်ငန်း (ယခင်မှတ်တမ်းဓာတ်ပုံ)
ဖါးကန့်ဒေသ အကြီးစား ကျောက်မျက်တူးဖေါ်မှုလုပ်ငန်း (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်စာနာထောက်ထားရေး အကြပ်အတည်းကိုသာမက မြန်မာပြည်သူတွေ ဥတုရာသီဒဏ် ခံရကိန်းကိုလည်း ပိုပြီးများစေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ရာသီဥတုကြောင့်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုဒဏ်တွေ လျော့နည်းသွားအောင် ရပ်ရွာအသိုက်အဝန်းတွေ ကို ထောက်ခံပံ့ပိုးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို အဆုံးသတ်သွားအောင် ကမ္ဘာ့ခေါင်းဆောင်တွေကူညီရေးက အလွန့်ကို အရေးကြီးလှပါတယ်လို့ မစ္စတာ သောမတ်စ် အင်န်ဒရူး (Thomas Andrews) နဲ့ မစ္စတာ ဒေးဗစ် ဘွိုက်ဒ် (David Boyd) တို့ က ဆော်‌သြလိုက်ပါတယ်။ ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ COP 28 အစမှာ သူတို့ ၂ ယောက်က ခုလို ပြောလိုက်ကြတာပါ။

မစ္စတာသောမတ်စ် အင်န်ဒရူးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်ဖြစ်ပြီး မစ္စတာ ဒေးဗစ်ဘွိုက်ဒ်ကတော့ လုံခြုံစိတ်ချ, သန့်ရှင်း ကျန်းမာ တာရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခံစားခွင့်ဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်ဖို့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကို မတရား ခေါင်းပုံဖြတ်ရယူနေတယ်လို့ သူတို့က ဆိုပါတယ်။ တခြားလက်နက်ကိုင်အဖွဲ့တွေကလည်း အလားတူ လုပ်နေကြတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အန္တရာယ် ကြီးမားနေပါတယ်လို့ သူတို့က ပြောသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG