သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္စိမ္းထုတ္လုပ္ေရးလုပ္ငန္း ျမန္မာစစ္တပ္ကိုေထာက္ပံ့ေပး - Global Witness


ကခ်င္ ျပည္နယ္ ထြက္ ျမန္မာ့ေက်ာက္စိမ္း (ဓာတ္ပံု - Wired)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ေက်ာက္စိမ္း ထုတ္လုပ္ေရာင္း၀ယ္မႈက ရတဲ့ အက်ဳိးစီးပြားအားလုံးကို စစ္တပ္ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ နီးစပ္သူ အားလုံးက ရယူေနၿပီး ဒီလုပ္ငန္းဟာ အာဏာသိမ္းစစ္တပ္ ေရရွည္ရပ္တည္ဖို႔ ၀င္ေငြရေစတဲ့ အေရးႀကီးတဲ့ စီးပြားေရးလုပ္ငန္း တခုျဖစ္တဲအ့ေၾကာင္း Globla Witness အဖြဲ႔ႀကီးက အစီရင္ခံစာ ထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံအတြင္းက ထြက္တဲ့ ေက်ာက္စိမ္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္း ျပည္ပကို တရားမ၀င္ခိုးထုတ္ေရာင္းခ်ေနၿပီး အားလုံး နီးပါး တ႐ုတ္ႏိုင္ငံက ၀ယ္ယူေနတာလို႔လည္း Global Witness က အစီရင္ခံစာ မွာ ေဖၚျပပါတယ္။

"အစီရင္ခံစာထဲမွာ ေရးသားထားသလို မတည္ၿငိမ္မႈေတြ၊ အလြဲသုံးစားမႈေတြက ဖားကန္႔နဲ႔ ေက်ာက္စိမ္း တူးေဖၚေနတဲ့ေဒသတခုထဲမွာတင္ ကြက္ၿပီးေတာ့ ျဖစ္ေနတာ မဟုတ္ပါဘူး။ ဒီလုပ္ငန္းနဲ႔ ဆက္ႏြယ္တဲ့ မတည္ၿငိမ္မႈေတြ တခုၿပီးတခု မီးခိုးၾကြက္ေလွ်ာက္ေပၚလာေနတာကို တ႐ုတ္အစိုးရက နားလည္သင့္ပါတယ္" လို႔ Global Witness အဖြဲ႔ႀကီးက Keel Dietz က AP သတင္းဌာနကို ေျပာဆိုသြားပါတယ္။ ေက်ာက္စိမ္းတူးေဖၚေနတဲ့ နယ္စပ္ ေဒသ၊ ကခ်င္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြ တိုးလာတဲ့ အေျခအေနကို ေထာက္ျပၿပီး၊ ျမန္မာႏိုင္ငံရဲ႕ ေၾကာက္မက္ဖြယ္ရာ အက်င့္ပ်က္မႈႀကီးထဲမွာ တ႐ုတ္ႏိုင္ငံ တာ၀န္သိသိ ရပ္တည္ဖို႔လည္း Global Witness အဖြဲ႔ႀကီးက ေတာင္းဆိုပါတယ္။

ကမာၻေပၚက ေက်ာက္စိမ္းအားလုံးရဲ႕ ၇၀ ရာခိုင္ႏႈန္း ျမန္မာႏိုင္ငံက ထြက္ၿပီး ဒီလုပ္ငန္းကေန ေဒၚလာ ဘီလ်ံနဲ႔ခ်ီ ၀င္ေငြ ရေနပါတယ္။ ေက်ာက္စိမ္းလုပ္ငန္းက ရတဲ့ အက်ဳိးအျမတ္ေတြဟာ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕မိသားစုအပါအ၀င္ စစ္တပ္ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ဆက္ႏြယ္ ေနတယ္လို႔ Globla Witness အဖြဲ႔ႀကီးက ေရးသားထားပါတယ္။ စစ္တပ္ ေရရွည္ အာဏာခ်ဳပ္ကိုင္ဖို႔ ပင္မစီးပြားေရးလုပ္ငန္း ျဖစ္ေနတဲ့အတြက္ ေက်ာက္စိမ္း၀ယ္ယူတာေတြ ပိတ္ပင္ အေရးယူဖို႔ ႏိုင္ငံတကာကို Global Witness အဖြဲ႔ႀကီးက ေတာင္းဆိုထားပါတယ္။ ေက်ာက္စိမ္းဟာ တိုင္းျပည္အတြက္ အဖိုးတန္ ရတနာ ျဖစ္ရမယ့္အစား စစ္တပ္နဲ႔ တျခားလက္နက္ကိုင္ အဖြဲ႔ေတြအၾကား အာဏာပဋိပကၡ လြန္ဆြဲပြဲနဲ႔ အက်င့္ပ်က္ခ်စားမႈေတြေပၚလာဖို႔ အခရာက်တဲ့ တြင္းထြက္ပစၥည္းတခု ျဖစ္လာတယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness

(Unicode)

မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲအ့ကြောင်း Globla Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ပြည်ပကို တရားမဝင်ခိုးထုတ်ရောင်းချနေပြီး အားလုံး နီးပါး တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း Global Witness က အစီရင်ခံစာ မှာ ဖေါ်ပြပါတယ်။

"အစီရင်ခံစာထဲမှာ ရေးသားထားသလို မတည်ငြိမ်မှုတွေ၊ အလွဲသုံးစားမှုတွေက ဖားကန့်နဲ့ ကျောက်စိမ်း တူးဖေါ်နေတဲ့ဒေသတခုထဲမှာတင် ကွက်ပြီးတော့ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ မတည်ငြိမ်မှုတွေ တခုပြီးတခု မီးခိုးကြွက်လျှောက်ပေါ်လာနေတာကို တရုတ်အစိုးရက နားလည်သင့်ပါတယ်" လို့ Global Witness အဖွဲ့ကြီးက Keel Dietz က AP သတင်းဌာနကို ပြောဆိုသွားပါတယ်။ ကျောက်စိမ်းတူးဖေါ်နေတဲ့ နယ်စပ် ဒေသ၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ တိုးလာတဲ့ အခြေအနေကို ထောက်ပြပြီး၊ မြန်မာနိုင်ငံရဲ့ ကြောက်မက်ဖွယ်ရာ အကျင့်ပျက်မှုကြီးထဲမှာ တရုတ်နိုင်ငံ တာဝန်သိသိ ရပ်တည်ဖို့လည်း Global Witness အဖွဲ့ကြီးက တောင်းဆိုပါတယ်။

ကမ္ဘာပေါ်က ကျောက်စိမ်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း မြန်မာနိုင်ငံက ထွက်ပြီး ဒီလုပ်ငန်းကနေ ဒေါ်လာ ဘီလျံနဲ့ချီ ဝင်ငွေ ရနေပါတယ်။ ကျောက်စိမ်းလုပ်ငန်းက ရတဲ့ အကျိုးအမြတ်တွေဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိသားစုအပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆက်နွယ် နေတယ်လို့ Globla Witness အဖွဲ့ကြီးက ရေးသားထားပါတယ်။ စစ်တပ် ရေရှည် အာဏာချုပ်ကိုင်ဖို့ ပင်မစီးပွားရေးလုပ်ငန်း ဖြစ်နေတဲ့အတွက် ကျောက်စိမ်းဝယ်ယူတာတွေ ပိတ်ပင် အရေးယူဖို့ နိုင်ငံတကာကို Global Witness အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။ ကျောက်စိမ်းဟာ တိုင်းပြည်အတွက် အဖိုးတန် ရတနာ ဖြစ်ရမယ့်အစား စစ်တပ်နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေအကြား အာဏာပဋိပက္ခ လွန်ဆွဲပွဲနဲ့ အကျင့်ပျက်ချစားမှုတွေပေါ်လာဖို့ အခရာကျတဲ့ တွင်းထွက်ပစ္စည်းတခု ဖြစ်လာတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG