သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းရင္းလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔  ေတြ႕ဆုံေဆြးေႏြးဖို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚ


ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ (ဧၿပီ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ကိုယ္တိုင္ ေတြ႕ဆုံေဆြးေႏြးမယ္လို႔ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဖိတ္ေခၚလိုက္ပါတယ္။ တႏိုင္ငံလုံးမွာ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးမယ္လို႔ ဒီေန႔ ေျပာၾကားတဲ့ မိန႔္ခြန္းထဲမွာ စစ္ေကာင္စီအႀကီးအကဲက ေျပာၾကားခဲ့တာပါ။ အပစ္ရပ္လက္ မွတ္ထိုးထားတဲ့ တိုင္းရင္းသားအဖြဲ႕ေတြ၊ မထိုးရေသးတဲ့ အဖြဲ႕တြနဲ႔ ေတြ႕ဆုံမွာျဖစ္ေပမယ့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြနဲ႔ေတာ့ ေတ့ြဆုံမွာ မဟုတ္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီအေၾကာင္းအျပည့္အစုံကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေရွ႕ႏွစ္ ၂၀၂၃ ခုႏွစ္က်ရင္ လြတ္လပ္ေရးရာတာ ၇၅ ႏွစ္ျပည့္မွာျဖစ္ေပမယ့္ လြတ္လပ္ေရး အႏွစ္သာရေတြကို ျပည္သူေတြ အျပည့္အဝ မခံစားႏိုင္ေသးဘူးလို႔ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီေန႔ ဧၿပီ ၂၂ ရက္မွာ ေျပာၾကားတဲ့ ၿငိမ္းခ်မ္းေရးဆိုင္ရာ မိန႔္ခြန္းမွာ ေျပာၾကားပါတယ္။ သေဘာထားကြဲမႈအေပၚ အေျခခံတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ျဖစ္ တာမို႔ တႏိုင္ငံလုံးမွာ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေစဖို႔ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ သူကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္လို႔ ခုလို ဖိတ္ေခၚပါတယ္။

“တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ေခါင္းေဆာင္မ်ားကို ေတြ႕ဆုံေဆြးေႏြးဖို႔ အတြက္ ဖိတ္ေခၚပါတယ္။ အဖြဲ႕မ်ားအားလုံးကို က်ေနာ္ကိုယ္တိုင္ေတြ႕ပါမယ္။ ၿပီးရင္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ေတြနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္သြားပါမယ္။ လိုအပ္ရင္လည္း ေဆြးေႏြးမႈေတြထပ္မံျပဳလုပ္သြားပါမယ္။ ဒီေဆြးေႏြးပြဲကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အသီးသီးရဲ႕ ေခါင္းေဆာင္မ်ားကိုယ္တိုင္နဲ႔ အဖြဲ႕ဝင္ ၂ ဦးဆီ တက္ေရာက္ေပးၾကပါ။ တက္ေရာက္ မယ့္သူပုဂၢိဳလ္ေတြရဲ႕ အမည္ ကို ၂၀၂၂ ေမလ ၉ ရက္ေန႔ေနာက္ဆုံးထား ျပန္ၾကားေပးေစလိုပါတယ္။”

အားလုံးလက္တြဲၿပီး ႐ိုးသားပြင့္လင္းစြာ ေဆြးေႏြးသြားမယ္လို႔လည္း ဆိုပါတယ္။ ေဆြးေႏြးမယ့္ရက္ေတြကိုေတာ့ ၂ ဘက္ညႇိႏႈိင္းၿပီး သတ္မွတ္မယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မိန႔္ခြန္းထဲမွာ ေျပာသြားပါတယ္။ စစ္ေကာင္စီအႀကီးအကဲ ကိုယ္တိုင္ေတ့ြဆုံမယ့္ ေဆြးေႏြးပြဲမွာ တိုင္းရင္းသားေတြဘက္က လိုလားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာဆို ေဆြးေႏြးႏိုင္ၿပီး စစ္ေကာင္စီဘက္ကလည္း လုပ္ေပးႏိုင္သမွ်ကို ျပန္ေဆြးေႏြးမယ္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ ေဆြးေႏြးမယ့္ ကမ္းလွမ္းခ်က္မွာ အပစ္ရပ္လက္ မွတ္ထိုးထားတဲ့ တိုင္းရင္း သားအဖြဲ႕ေတြေရာ၊ လက္မွတ္ မထိုးရေသးတဲ့ အဖြဲ႕ေတြပါ ပါေပမယ့္ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖြဲ႕ေတြအတြက္ေတာ့ မပါဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ အၾကမ္းဖက္အဖြဲ႕ေတြအေနနဲ႔ ေၾကညာထားတဲ့ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ ေတြေတာ့ ပါမွာမဟုတ္ပါဘူးခင္ဗ်။”

၂၀၂၁ ခုႏွစ္မွာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္တပ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္ႏွင္းမႈေတြရွိခဲ့ၿပီးေနာက္ လက္နက္ကိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ေပၚေပါက္လာခဲ့တာပါ။ လက္ရွိ ကရင္ျပည္ နယ္၊ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းစတဲ့ေဒသေတြမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ ပြဲေတြ ရွိေနပါတယ္။ တႏိုင္ငံလုံးမွာ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးအတြက္လို႔ ဆိုၿပီး စစ္ေကာင္စီအႀကီးအကဲ ေဆြးေႏြးဖို႔ ဖိတ္ေခၚတဲ့ထဲမွာ PDF အဖြဲ႕ေတြ မပါရင္ ထိေရာက္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ ျဖစ္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ျမန္မာႏိုင္ငံထဲက လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ပတ္သက္လို႔ ျပည္တြင္း ျပည္ပ အေၾကာင္းအခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ျပည္တြင္းက အေၾကာင္းအခ်က္ေတြကို ေတ့ြဆုံေဆြးေႏြးၿပီး အရင္ေျဖရွင္းမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ေနရတဲ့အေၾကာင္းကေတာ့ internal factor ေကာ external factor ေကာ ၂ ခုလုံးရွိတာေပါ့။ external factor ကလည္းက်ေနာ္တို႔ႏိုင္ငံမွာ ႐ိုက္ခတ္မႈရွိပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဘယ္လို internal factor ေကာ external factor ေကာ ရွိတယ္ျဖစ္ေစ။ အဓိကက်တာကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာသလိုပဲ၊ ျပည့္အင္အားသည္ ျပည္တြင္းမွာသာရွိသည္ဆိုတဲ့ အတိုင္းပဲ။ က်ေနာ္တို႔ internal factor ကို အရင္ဆုံး ေျပလည္ေအာင္လုပ္မယ္ေပါ့။ ဒါကိုရည္႐ြယ္ၿပီး႐ိုးသားပြင့္လင္းစြာေဆြးေႏြးသြား ဖို႔ရွိပါတယ္။”

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေဆြးေႏြးဖို႔ NCA လက္မွတ္ထိုးပြဲ ၆ ႏွစ္ျပည့္ခ်ိန္ ၂၀၂၁ ခုႏွစ္က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စတင္ကမ္းလွမ္းခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ က်င္းပခဲ့တဲ့ စိန္ရတု ျပည္ေထာင္စုေန႔ ျပည္ေထာင္စုေန႔ အခမ္းအနား မက်င္းပခင္ကလည္း တိုင္းရင္းသားေခါင္းေဆာင္ေတြကို တက္ေရာက္ဖို႔ စစ္ေကာင္စီက ဖိတ္ၾကားခဲ့ၿပီး ႀကိဳတင္သတ္မွတ္ခ်က္မထားဘဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲလုပ္ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ ျပည္ေထာင္စုေန႔ အခမ္းအနားကို တိုင္းရင္းသားအဖြဲ႕ တခ်ိဳ႕ တက္ေရာက္ခဲ့ျခင္းမရွိသလို တက္ေရာက္တဲ့အဖြဲ႕ ကိုယ္စားလွယ္ေတြမွာလည္း အဆုံးအျဖတ္ေပးႏိုင္တဲ့ ေခါင္းေဆာင္ေတြ မပါတဲ့အတြက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ မလုပ္ႏိုင္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။ တနိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ဒီနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ စစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့တာပါ။ အပစ်ရပ်လက် မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ မထိုးရသေးတဲ့ အဖွဲ့တွနဲ့ တွေ့ဆုံမှာဖြစ်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့တော့ တေ့ွဆုံမှာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအကြောင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့နှစ် ၂၀၂၃ ခုနှစ်ကျရင် လွတ်လပ်ရေးရာတာ ၇၅ နှစ်ပြည့်မှာဖြစ်ပေမယ့် လွတ်လပ်ရေး အနှစ်သာရတွေကို ပြည်သူတွေ အပြည့်အဝ မခံစားနိုင်သေးဘူးလို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ဧပြီ ၂၂ ရက်မှာ ပြောကြားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းမှာ ပြောကြားပါတယ်။ သဘောထားကွဲမှုအပေါ် အခြေခံတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဖြစ် တာမို့ တနိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ ခုလို ဖိတ်ခေါ်ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ဆွေးနွေးမှုတွေထပ်မံပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးဆီ တက်ရောက်ပေးကြပါ။ တက်ရောက် မယ့်သူပုဂ္ဂိုလ်တွေရဲ့ အမည် ကို ၂၀၂၂ မေလ ၉ ရက်နေ့နောက်ဆုံးထား ပြန်ကြားပေးစေလိုပါတယ်။”

အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။ ဆွေးနွေးမယ့်ရက်တွေကိုတော့ ၂ ဘက်ညှိနှိုင်းပြီး သတ်မှတ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ စစ်ကောင်စီအကြီးအကဲ ကိုယ်တိုင်တေ့ွဆုံမယ့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးနိုင်ပြီး စစ်ကောင်စီဘက်ကလည်း လုပ်ပေးနိုင်သမျှကို ပြန်ဆွေးနွေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဆွေးနွေးမယ့် ကမ်းလှမ်းချက်မှာ အပစ်ရပ်လက် မှတ်ထိုးထားတဲ့ တိုင်းရင်း သားအဖွဲ့တွေရော၊ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေပါ ပါပေမယ့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေအတွက်တော့ မပါဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ကျနော်တို့ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ကြေညာထားတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေတော့ ပါမှာမဟုတ်ပါဘူးခင်ဗျ။”

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေရှိခဲ့ပြီးနောက် လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာခဲ့တာပါ။ လက်ရှိ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက် ပွဲတွေ ရှိနေပါတယ်။ တနိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက်လို့ ဆိုပြီး စစ်ကောင်စီအကြီးအကဲ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ထဲမှာ PDF အဖွဲ့တွေ မပါရင် ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ အကြောင်းအချက်တွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြည်တွင်းက အကြောင်းအချက်တွေကို တေ့ွဆုံဆွေးနွေးပြီး အရင်ဖြေရှင်းမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေရတဲ့အကြောင်းကတော့ internal factor ကော external factor ကော ၂ ခုလုံးရှိတာပေါ့။ external factor ကလည်းကျနော်တို့နိုင်ငံမှာ ရိုက်ခတ်မှုရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ကတော့ ဘယ်လို internal factor ကော external factor ကော ရှိတယ်ဖြစ်စေ။ အဓိကကျတာကတော့ ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲ၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့ အတိုင်းပဲ။ ကျနော်တို့ internal factor ကို အရင်ဆုံး ပြေလည်အောင်လုပ်မယ်ပေါ့။ ဒါကိုရည်ရွယ်ပြီးရိုးသားပွင့်လင်းစွာဆွေးနွေးသွား ဖို့ရှိပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ NCA လက်မှတ်ထိုးပွဲ ၆ နှစ်ပြည့်ချိန် ၂၀၂၁ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စတင်ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ စိန်ရတု ပြည်ထောင်စုနေ့ ပြည်ထောင်စုနေ့ အခမ်းအနား မကျင်းပခင်ကလည်း တိုင်းရင်းသားခေါင်းဆောင်တွေကို တက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားခဲ့ပြီး ကြိုတင်သတ်မှတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသားအဖွဲ့ တချို့ တက်ရောက်ခဲ့ခြင်းမရှိသလို တက်ရောက်တဲ့အဖွဲ့ ကိုယ်စားလှယ်တွေမှာလည်း အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ မပါတဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မလုပ်နိုင်ခဲ့ပါဘူး။
================

XS
SM
MD
LG