သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈေတြ အားေပးကူညီမႈ စြပ္စဲြခ်က္ KNPP ပယ္ခ်


KNPP members in military training

အၾကမ္းဖက္မႈေတြ အားေပးကူညီမႈ စြပ္စဲြခ်က္ KNPP ပယ္ခ်

{{Zawgyi/Unicode}}

အၾကမ္းဖက္လုပ္ရပ္ေတြကုိ အားေပးကူညီေနတယ္လုိ႔ ျမန္မာစစ္ေခါင္းေဆာင္က စြပ္စဲြလုိက္တဲ့အေပၚ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔တခုျဖစ္တဲ့ KNPP ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီက ပယ္ခ်လုိက္ပါတယ္။

NCA အပစ္ရပ္သေဘာတူစာခ်ဳပ္ကုိ လက္မွတ္ထိုးမထားတဲ့ KNPP နဲ႔ KIA အဖြဲ႔ေတြဟာ လက္နက္ကုိင္ဆန္႔က်င္ေနသူေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကုိ ကူညီပူးေပါင္းေနၾကၿပီး၊ အၾကမ္းဖက္မႈေတြ ေပၚေပါက္ေနတဲ့ ကယားျပည္နယ္မွာ တည္ၿငိမ္ေအာင္ လုပ္ေနရတယ္လုိိ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေသာၾကာေန႔ စစ္ေကာင္စီ အစည္းအေဝးမွာ ေျပာခဲ့တဲ့အေပၚ တုံ႔ျပန္လုိက္တာပါ။

စစ္ေကာင္စီတပ္ေတြက အရပ္သားေတြကိုပါ ရက္ရက္စက္စက္ အၾကမ္းဖက္ေနတာေၾကာင့္၊ ျပည္သူေတြနဲ႔အတူ ခုခံေနရတာသာ ျဖစ္တယ္လို႔လည္း KNPP ေျပာခြင့္ရ နဲနယ္ဖလိုး ကေျပာပါတယ္။ ကိုဝင္းမင္းက ေမးျမန္းတင္ျပထားပါတယ္။

ကိုဝင္းမင္း ။.။ ေနျပည္ေတာ္မွာ မေန႔ကလုပ္တဲ့ စစ္ေကာင္စီ ရဲ႕ ဒီႏွစ္ ပထမဆုံးေဆြးေႏြးပြဲ ၁ /၂ဝ၂၂ ထဲမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ က ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ခဲ့ရာမွာ အာဆီယံဘုံသေဘာတူညီခ်က္ နံပတ္ ၁ ျဖစ္တဲ့ ပတ္သက္သူမ်ားနဲ႔ အၾကမ္းဖက္မႈရပ္ေရး ထဲ့ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီ တႏွစ္ျပည့္ခါနီး လက္နက္ကိုင္အၾကမ္းဖက္အေၾကာင္းေတြေျပာရာမွာေတာ့ KNPP အေပၚ အခုလို အၾကမ္းဖက္မႈေတြ ကူညီလုပ္ေဆာင္ေနတာကို ဗိုလ္ခ်ဳပ္မွဴးႀကီးက ေျပာလာတဲ့အတြက္ KNPP ရဲ႕ ႏိုင္ငံတကာနဲ႔ မဟာမိတ္ေရးရာေျပာခြင့္ရ နဲ႔နယ္ပလိုး က အခုလိုတုံျပန္လိုက္ပါတယ္။

နဲ႔နယ္ပလိုး (KNPP) ။. ။က်ေနာ္တို႔ျပည္နယ္မွာေတာ့ အၾကမ္းဖက္လုပ္ငန္းက ဘယ္သူကေန စလဲဆိုတာကိုေတာ့ က်ေနာ္တို႔ေမးရမွာေပါ့ေနာ္။ ျပည္သူေတြက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနတာကို စစ္အုပ္စုက အၾကမ္းဖက္ႏိုမ္နင္းတယ္။ KNPP ကိုစြပ္စြဲတယ္ဆိုတာက က်ေနာ္တို႔ KNPP အဖြဲ႔အေနနဲ႔ ၁ဝႏွစ္ဝန္က်င္ေလာက္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ ေတြ႔ဆုံေဆြးေႏြးေရးျဖစ္စဥ္က ဘယ္မွအရာမေရာက္ခဲ့ေတာ့ေလ အင္အားသုံးေျဖရွင္းခဲ့တဲ့အတြက္ ျပည္သူေတြဖက္ကေန ကိုယ္ကုိကုိယ္ကာကြယ္တဲ့အေနနဲ႔ ျပန္လည္ခုခံေတာ္လွန္ေနတဲ့အေနအထားမ်ုိးျဖစ္ပါတယ္။ ျပည္သူေတြကေန ဒီအၾကမ္းဖက္မႈကို စတင္တာမဟုတ္ဘူး ။ ဒီအၾကမ္းဖက္မႈက စစ္အုပ္စုကေန. စတင္တဲ့အၾကမ္းဖက္မႈျဖစ္ပါတယ္။

ကိုဝင္းမင္း ။. ။ ကယားျပည္နယ္အတြင္း တိုက္ပြဲေတြအတြင္း စစ္ေကာင္စီအေနနဲ႔ စစ္သားနဲ႔ အရပ္သားမခြဲေတာ့ဘူးလို႔ နဲ႔နယ္ဖလိုး က ရွင္းျပပါတယ္။

နဲ႔နယ္ပလိုး ။. ။ စစ္အုပ္စုကေနၿပီးေတာ့ သာလြန္အင္အားကို သုံးတာေတာ့ ေတြ႔ရတာေပါ့ေနာ္။ ေလေၾကာင္းကတိုက္တာ၊ အေျမာက္ေတြသုံးတုိက္တာေတြ႔ရတယ္။ အရပ္သားျပည္သူေတြေနထိုင္တဲ့ေနရာေတြမွာ ရမ္းသမ္းပစ္ခတ္တာေတြရိွိတယ္။ ဘာသာေရးအရအထြတ္အျမတ္ထားတဲ့ေနရာေတြကိုလည္း ပစ္မွတ္ထားၿပီးတိုက္ခိုက္တာေတြရွိသလို အရပ္သားျပည္သူေတြ အေဆာက္အအုံေတြထဲေနၿပီးေတာ့ ဖ်က္ဆီးတာေတြလည္းရွိတယ္။ ၿပီးေတာ့ အဲဒီထက္ ရုပ္ဆုိးတာကေတာ့ သူတို႔အေလာင္းေတြကို အရပ္သားျပည္သူေတြအိမ္ထဲထဲ့ထြက္သြားမီးရိႈ႕တာရွိသလို အိမ္ေနာက္ေဖးမွာျမဳတ္ထားတာလည္းရွိပါတယ္။ အဲလုိေၾကာင့္္ က်ေနာ္တို႔ စစ္ေဘးေရွာင္ေတြက တသိန္းခြဲေက်ာ္ေလာက္ရွိသြားၿပီေပါ့ေနာ္။ စစ္ေဘးေရွာင္ေတြက ထြက္ေျပးေနရသလို အစာေရစာမလုံေလာက္မႈေတြ ေဆးဝါးမလုံေလာက္မႈေတြနဲ႔ ရင္ဆုိင္ေနရသလို သူတို႔လုံၿခဳံေရးလည္း စိုးရိမ္ရတဲ့အေနအထားေရာက္ေနပါတယ္ခင္ဗ်။

ကိုဝင္းမင္း ။. ။ ဗို္္လ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ က ကယားျပည္နယ္ တည္ၿငိမ္ဖို႔ လုပ္ေဆာင္ေနတာရွိတာကိုလည္း နဲနယ္ပလိုး က အခုလိုေျပာပါတယ္။

နဲ႔နယ္ပလိုး ။. ။ စစ္ေကာင္စီကေတာ့ ဒီျပည္နယ္ကို ျပန္လည္စိုးမိုးႏိုင္ဖို႔အတြက္ စစ္အုပ္ခ်ဳပ္ေရးနဲ႔ျပန္လုပ္ေနတာျဖစ္တယ္။ သူတို႔ရဲ႕ နယ္ေျမစိုးမိုးေရးျဖစ္စဥ္မွာဆိုလို႔ရွိရင္ သူတို႔ဖက္က အၾကမ္းဖက္ၿပီးေတာ့ လုပ္သြားတာရွိတဲ့အတြက္ေၾကာင့္ အခုနက ျပည္သူေတြ လက္နက္ကိုင္ၿပီးေတာ့ ေတာ္လွန္ပုန္ကန္ေနၾကရတာျဖစ္ပါတယ္။ KNPP ကလည္း ျပည္သူနဲ႔ တသားတည္းရပ္တည္တဲ့အဖြဲ႔အစည္းျဖစ္တဲ့အတြက္ ခုခံကာကြယ္ေနရတာျဖစ္ပါတယ္ခင္ဗ်။

ကိုဝင္းမင္း ။. ။ တခ်ိန္တည္းမွာပဲ စစ္ေကာင္စီဥကၠဌ ေျပာလာတဲ့ အၾကမ္းဖက္မႈေတြရပ္ေရးေဆြးေႏြးပြဲမွာလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမွာပါဝင္ခဲ့တဲ့ နဲ႔နယ္ပလုိး ကလည္း

နဲ႔နယ္ပလုိး ။. ။ ဒီအခ်ိန္မ်ုိးမွာခက္လိမ့္မယ္။ ဘာလို႔ဆိုေတာ့ စစ္ေကာင္စီဖက္ကေန တကယ္ပဲ ဆႏၵဘယ္ေလာက္ရွိသလဲဆိုတာ ၿငိမ္းခ်မ္းေရးလိုခ်င္တယ္လို႔ေျပာတာလည္း သူတို႔ပဲ။ ဒါေပမယ့္ စစ္မွန္တဲ့ၿငိ္မ္းခ်မ္းေရးမျဖစ္ေအာင္ေဆြးေႏြးတာလည္း သူတို႔ပဲ။ စစ္အာဏာသိမ္းၿပီး တိုင္းျပည္ကို အၾကမ္းဖက္အုပ္ခ်ဳပ္ေနတဲ့အခါမ်ဳိးမွာ ျပည္သူျပည္သားေတြအေနနဲ႔လည္း ဒီလိုေဆြးေႏြးမႈမ်ဳိးကို ဒီလိုယုံၾကည္မႈအင္မတန္မွ နည္းပါးေနတဲ့အခါမ်ုိးမွာ ေဆြးေႏြးဖို႔ကေတာ့ ခက္ခဲလိမ့္မယ္ေပါ့။

ကိုဝင္းမင္း ။. ။ အခုလို ယုံၾကည္မႈပ်က္ျပားလာခ်ိန္မွာ အျပစ္မဲ့ျပည္သူေတြအႏိုင္ရဖို႔ နိုင္ငံတကာအေနနဲ႔ လည္း ေလယာဥ္မပ်ံသန္းရဇုံသတ္မွတ္ၿပီး လူသားခ်င္းစာနာမႈအကူအညီေပးဖို႔ KNPP အေနနဲ႔ KNU အမ်ဳိးသားအစည္းအရုံးနဲ႔ CNF ခ်င္းအမ်ဳိးသားတပ္ဦးတို႔နဲ႔ေပါင္းၿပီး ပူးတြဲေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္ခင္ဗ်ာ။

.................................................

တိုက္႐ိုက္ လင့္ခ္


အကြမ်းဖက်မှုတွေ အားပေးကူညီမှု စွပ်စွဲချက် KNPP ပယ်ချ

{{Unicode}}

အကြမ်းဖက်လုပ်ရပ်တွေကို အားပေးကူညီနေတယ်လို့ မြန်မာစစ်ခေါင်းဆောင်က စွပ်စွဲလိုက်တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပယ်ချလိုက်ပါတယ်။

NCA အပစ်ရပ်သဘောတူစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ KNPP နဲ့ KIA အဖွဲ့တွေဟာ လက်နက်ကိုင်ဆန့်ကျင်နေသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကူညီပူးပေါင်းနေကြပြီး၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတဲ့ ကယားပြည်နယ်မှာ တည်ငြိမ်အောင် လုပ်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သောကြာနေ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာပါ။

စစ်ကောင်စီတပ်တွေက အရပ်သားတွေကိုပါ ရက်ရက်စက်စက် အကြမ်းဖက်နေတာကြောင့်၊ ပြည်သူတွေနဲ့အတူ ခုခံနေရတာသာ ဖြစ်တယ်လို့လည်း KNPP ပြောခွင့်ရ နဲနယ်ဖလိုး ကပြောပါတယ်။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ကိုဝင်းမင်း ။. ။ နေပြည်တော်မှာ မနေ့ကလုပ်တဲ့ စစ်ကောင်စီ ရဲ့ ဒီနှစ် ပထမဆုံးဆွေးနွေးပွဲ ၁ /၂ဝ၂၂ ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရာမှာ အာဆီယံဘုံသဘောတူညီချက် နံပတ် ၁ ဖြစ်တဲ့ ပတ်သက်သူများနဲ့ အကြမ်းဖက်မှုရပ်ရေး ထဲ့ပြောခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ တနှစ်ပြည့်ခါနီး လက်နက်ကိုင်အကြမ်းဖက်အကြောင်းတွေပြောရာမှာတော့ KNPP အပေါ် အခုလို အကြမ်းဖက်မှုတွေ ကူညီလုပ်ဆောင်နေတာကို ဗိုလ်ချုပ်မှူးကြီးက ပြောလာတဲ့အတွက် KNPP ရဲ့ နိုင်ငံတကာနဲ့ မဟာမိတ်ရေးရာပြောခွင့်ရ နဲ့နယ်ပလိုး က အခုလိုတုံပြန်လိုက်ပါတယ်။

နဲ့နယ်ပလိုး (KNPP) ။. ။ ကျနော်တို့ပြည်နယ်မှာတော့ အကြမ်းဖက်လုပ်ငန်းက ဘယ်သူကနေ စလဲဆိုတာကိုတော့ ကျနော်တို့မေးရမှာပေါ့နော်။ ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတာကို စစ်အုပ်စုက အကြမ်းဖက်နိုမ်နင်းတယ်။ KNPP ကိုစွပ်စွဲတယ်ဆိုတာက ကျနော်တို့ KNPP အဖွဲ့အနေနဲ့ ၁ဝနှစ်ဝန်ကျင်လောက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်က ဘယ်မှအရာမရောက်ခဲ့တော့လေ အင်အားသုံးဖြေရှင်းခဲ့တဲ့အတွက် ပြည်သူတွေဖက်ကနေ ကိုယ်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်လည်ခုခံတော်လှန်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ပြည်သူတွေကနေ ဒီအကြမ်းဖက်မှုကို စတင်တာမဟုတ်ဘူး ။ ဒီအကြမ်းဖက်မှုက စစ်အုပ်စုကနေ. စတင်တဲ့အကြမ်းဖက်မှုဖြစ်ပါတယ်။

ကိုဝင်းမင်း ။. ။ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီအနေနဲ့ စစ်သားနဲ့ အရပ်သားမခွဲတော့ဘူးလို့ နဲ့နယ်ဖလိုး က ရှင်းပြပါတယ်။

နဲ့နယ်ပလိုး ။. ။ စစ်အုပ်စုကနေပြီးတော့ သာလွန်အင်အားကို သုံးတာတော့ တွေ့ရတာပေါ့နော်။ လေကြောင်းကတိုက်တာ၊ အမြောက်တွေသုံးတိုက်တာတွေ့ရတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ဘာသာရေးအရအထွတ်အမြတ်ထားတဲ့နေရာတွေကိုလည်း ပစ်မှတ်ထားပြီးတိုက်ခိုက်တာတွေရှိသလို အရပ်သားပြည်သူတွေ အဆောက်အအုံတွေထဲနေပြီးတော့ ဖျက်ဆီးတာတွေလည်းရှိတယ်။ ပြီးတော့ အဲဒီထက် ရုပ်ဆိုးတာကတော့ သူတို့အလောင်းတွေကို အရပ်သားပြည်သူတွေအိမ်ထဲထဲ့ထွက်သွားမီးရှို့တာရှိသလို အိမ်နောက်ဖေးမှာမြုတ်ထားတာလည်းရှိပါတယ်။ အဲလိုကြောင့် ကျနော်တို့ စစ်ဘေးရှောင်တွေက တသိန်းခွဲကျော်လောက်ရှိသွားပြီပေါ့နော်။ စစ်ဘေးရှောင်တွေက ထွက်ပြေးနေရသလို အစာရေစာမလုံလောက်မှုတွေ ဆေးဝါးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရသလို သူတို့လုံခြုံရေးလည်း စိုးရိမ်ရတဲ့အနေအထားရောက်နေပါတယ်ခင်ဗျ။

ကိုဝင်းမင်း ။. ။ ဗို်လ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ကယားပြည်နယ် တည်ငြိမ်ဖို့ လုပ်ဆောင်နေတာရှိတာကိုလည်း နဲနယ်ပလိုး က အခုလိုပြောပါတယ်။

နဲ့နယ်ပလိုး ။. ။ စစ်ကောင်စီကတော့ ဒီပြည်နယ်ကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးနဲ့ပြန်လုပ်နေတာဖြစ်တယ်။ သူတို့ရဲ့ နယ်မြေစိုးမိုးရေးဖြစ်စဉ်မှာဆိုလို့ရှိရင် သူတို့ဖက်က အကြမ်းဖက်ပြီးတော့ လုပ်သွားတာရှိတဲ့အတွက်ကြောင့် အခုနက ပြည်သူတွေ လက်နက်ကိုင်ပြီးတော့ တော်လှန်ပုန်ကန်နေကြရတာဖြစ်ပါတယ်။ KNPP ကလည်း ပြည်သူနဲ့ တသားတည်းရပ်တည်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ခုခံကာကွယ်နေရတာဖြစ်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း ။. ။ တချိန်တည်းမှာပဲ စစ်ကောင်စီဥက္ကဌ ပြောလာတဲ့ အကြမ်းဖက်မှုတွေရပ်ရေးဆွေးနွေးပွဲမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ နဲ့နယ်ပလိုး ကလည်း

နဲ့နယ်ပလိုး ။. ။ ဒီအချိန်မျိုးမှာခက်လိမ့်မယ်။ ဘာလို့ဆိုတော့ စစ်ကောင်စီဖက်ကနေ တကယ်ပဲ ဆန္ဒဘယ်လောက်ရှိသလဲဆိုတာ ငြိမ်းချမ်းရေးလိုချင်တယ်လို့ပြောတာလည်း သူတို့ပဲ။ ဒါပေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးမဖြစ်အောင်ဆွေးနွေးတာလည်း သူတို့ပဲ။ စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို အကြမ်းဖက်အုပ်ချုပ်နေတဲ့အခါမျိုးမှာ ပြည်သူပြည်သားတွေအနေနဲ့လည်း ဒီလိုဆွေးနွေးမှုမျိုးကို ဒီလိုယုံကြည်မှုအင်မတန်မှ နည်းပါးနေတဲ့အခါမျိုးမှာ ဆွေးနွေးဖို့ကတော့ ခက်ခဲလိမ့်မယ်ပေါ့။

ကိုဝင်းမင်း ။. ။ အခုလို ယုံကြည်မှုပျက်ပြားလာချိန်မှာ အပြစ်မဲ့ပြည်သူတွေအနိုင်ရဖို့ နိုင်ငံတကာအနေနဲ့ လည်း လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ KNPP အနေနဲ့ KNU အမျိုးသားအစည်းအရုံးနဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့နဲ့ပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG