သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီခေါင်းဆောင် ဘဲလာရုစ်နိုင်ငံ သွားရောက်မည်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားကာကကွယ်ရေးဝန်ကြီးတို့ မော်စကိုနိုင်ငံမှာ တွေ့ဆုံစဥ်။ (မတ်လ ၅၊ ၂၀၂၅)
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားကာကကွယ်ရေးဝန်ကြီးတို့ မော်စကိုနိုင်ငံမှာ တွေ့ဆုံစဥ်။ (မတ်လ ၅၊ ၂၀၂၅)

ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘဲလာရုစ် နိုင်ငံကိုသွားမှာဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ ဘဲလာရုစ်သမ္မတ Alexander Lukashenko ရဲ့ ဖိတ်ကြားချက်အရ ခုလို သွားရောက်တာဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားမှဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ရုရှားသမ္မတ Vladimir Putin အပါအဝင် အစိုးရနဲ့ လွှတ်တော် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်မှာပဲ စစ်ကောင်စီအကြီးအကဲရဲ့ ဘဲလာရုစ်ခရီးစဉ်ကို ကြေညာခဲ့တာပါ။

ဘဲလာရုစ်သမ္မတ လူကာရှန်းကိုးဟာ ၁၉၉၄ ခုနှစ် ကတည်းက အာဏာရလာတာကြောင့် ဥရောပမှာ အာဏာအရှည်ကြာဆုံး ချုပ်ကိုင်ထားတဲ့ သမ္မတလည်းဖြစ်ပါတယ်။ အတိုက်အခံတွေအပေါ် ဖိနှိပ်ရက်စက်ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် နိုင်ငံတကာက ဝိုင်းဝန်းဆန့်ကျင်ထားတဲ့ လူကာရှန်းကိုးဟာ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားက ကျူးကျော်ရာမှာလည်း ဘဲလာရုစ်နယ်မြေ အသုံးပြုခွင့်ပေးခဲ့ပါတယ်။

မြန်မာနဲ့ ဘဲလာရုစ်ကြား ကာလအတော်ကြာကတည်းက ဆက်ဆံရေးထူထောင်လာခဲ့တာဖြစ်ပြီး ဘဲလာရုစ်က မြန်မာကို လက်နက်တွေရောင်းချတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလအစောပိုင်းတုန်းကတော့ ဘဲလာရုစ်နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov ဟာ မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေဆွေးနွေးသလို ဒီနှစ်အတွင်း ပူးပေါင်းဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့တယ်လို့ ဘဲလာရုစ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလလယ်တုန်းကလည်း အဲဒီအချိန်က ဘဲလာရုစ် နိုင်ငံခြားရေးဝန်ကြီး Sergei Aleinik ရဲ့ ဖိတ်ကြားချက်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဘဲလာရုစ်ကိုသွားရောက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

စစ်ကောင်စီခေါင်းဆောင် ဘဲလာရုစ်နိုင်ငံ သွားရောက်မည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG