သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးထွက်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ထွက်ခွာ (FB-Senior General Min Aung Hlaing)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ထွက်ခွာ (FB-Senior General Min Aung Hlaing)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ချစ်ကြည်ရေးခရီးစဉ်တခုနဲ့ ဒီကနေ့ ထိုင်းနိုင်ငံကို ထွက်ခွာသွားတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ရဲ့ဖိတ်ကြား ချက်နဲ့ သွားတာလို့ ဆိုပါတယ်။

ခရီးစဉ်ဟာ ဘယ်နှရက်ကြာမယ်ဆိုတာ အဲဒီသတင်းထဲမှာ ဖော်ပြမထားပေမဲ့ ပြည်တွင်းနဲ့ဒေသတွင်းက တခြားသတင်းတွေမှာ တော့ သုံးရက်ကြာမယ်လို့ ဖော်ပြကြပါတယ်။ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံအစိုးရနဲ့ ထိုင်းဘုရင့်တပ်မတော်တို့က အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာသတင်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်မ်တင် ဆူလာနွန်ဒါနဲ့ ရင်းနှီး ခင်မင်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ပရမ်မ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သားအဖြစ် မွေးစားထားတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြတာတွေ ရှိဖူးပါတယ်။ ဒီအတောအတွင်းမှာပဲ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEANက ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ နှစ်စဉ် အစည်း အဝေးတရပ်ကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော် မှာ ဒီကနေ့ကျင်းပပါတယ်။ ဒေသတွင်း လုံခြုံရေးမှာ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို အခုအစည်းအဝေးမှာ အဓိက ဆွေးနွေးကြ မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားနေတဲ့ကိစ္စဟာလည်း အဓိကဆွေးနွေးမယ့် အကြောင်းအရာထဲ ပါမယ်လို့ ခန့်မှန်းကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးထွက်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG