သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွား Petronas နဲ႔ ဂ်ပန္ Mitsubishi ျမန္မာ ရဲတံခြန္သဘာဝဓာတ္ေငြ႕အစုရွယ္ယာေတြ႐ုပ္သိမ္းမည္ 


MYANMAR-ECONOMY-OIL-GAS

[[Zawgyi/Unicode]]

မေလးရွား Petronas နဲ႔ ဂ်ပန္ Mitsubishi ကုမၸဏီေတြက ျမန္မာႏိုင္ငံတြင္း ရဲတံခြန္ သဘာဝဓာတ္ေငြ႔ လုပ္ကြက္ေတြမွာပါဝင္ေနတဲ့ သူတို႔ရဲ႕အစုရွယ္ယာေတြကို ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ဒီကုမၸဏီေတြက ေျပာဆိုလိုက္ပါတယ္။ စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံထဲကေန ႏိုင္ငံျခား စြမ္းအင္ကုမၸဏီေတြ ျပန္႐ုပ္သိမ္းေနၾကတဲ့အထဲမွာ အာရွႏိုင္ငံေတြက ကုမၸဏီေတြလည္း ပါ၀င္လာတာပါ။

နည္းပညာနဲ႔ စီးပြားေရး ရႈေထာင့္ကၾကည့္ရင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အေျခအေနေအာက္မွာ စီးပြားေရး ဆက္လုပ္ဖို႔ မလြယ္ေတာ့တာေၾကာင့္ ျဖစ္တယ္လို႔ Mitsubishi ကုမၸဏီ ေျပာခြင့္ရက ဒီကေန႔ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ျမန္မာႏိ္ုင္ငံ ေတာင္ဘက္ကမ္းလြန္ ေဒသမွာရွိတဲ့ ရဲတံခြန္ ဓာတ္ေငြ႕စီမံကိန္းမွာ Mitsubishi ကုမၸဏီက အစုရွယ္ယာ ၁.၉၃ % ပါ၀င္တာ ျဖစ္ၿပီး ဂ်ပန္ JX Myanmar လုပ္ငန္းစုကတဆင့္ ပါ၀င္တာ ျဖစ္ပါတယ္။ တျခား ပူးတြဲ အစုရွယ္ယာရွင္ေတြနဲ႔လည္း Mitsubishi ကုမၸဏီက ေျပာဆို ေဆြးေႏြးတာေတြ လုပ္ေနတယ္လို႔လည္း ကုမၸဏီ ေျပာခြင့္ရက ေျပာပါတယ္။

အလားတူ မေလးရွား Petronas ကုမၸဏီကေတာ့ - ျမန္မာႏိုင္ငံတြင္း ရဲတံခြန္စီမံကိန္းကို လည္ပတ္ေနတဲ့ သူ႔ရဲ႕လက္ခြဲ PC Myanmar (Hong Kong) Limited ကုမၸဏီအေနနဲ႔ Petronas နဲ႔ဆက္စပ္တဲ့ ျမန္မာႏိုင္ငံတြင္းလုပ္ငန္းေတြကို ေရာင္းခ်ဖို႔ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လကတည္းက သေဘာတူညီခ်က္ လက္မွတ္ေရးထိုးထားခဲ့ၿပီး ေရာင္းခ်မႈေတြ အၿပီးသတ္ေနတဲ့အေၾကာင္း ႐ိုက္တာကို ေျပာပါတယ္။ ဒီအစုရွယ္ယာေတြကို ဘယ္သူကဝယ္သြားသလဲ ဆိုတာ ထုတ္ေျပာဖို႔ကိုေတာ့ Patronas ကုမၸဏီ ေျပာခြင့္ရက ျငင္းပါတယ္။ PC Myanmar (Hong Kong) Ltd ဟာ ရဲတံခြန္စီမံကိန္းမွာ အစုရွယ္ယာ ၄၀.၉ % ပါ၀င္ၿပီး ျမန္မာ့ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕လုပ္ငန္းက အစုရွယ္ယာေတြရဲ႕ ၂၀.၅ % ရွိပါတယ္။

ဂ်ပန္ JX Myanmar လုပ္ငန္းစုက ၁၉.၃ % နဲ႔ က်န္တဲ့ အစုရွယ္ယာေတြကိုေတာ့ ထိုင္း PTTEP စြမ္းအင္ကုမၸဏီက ပိုင္တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာင္ပိုင္း ၿပီးခဲ့တဲ့လတုန္းကလည္း အေမရိကန္ Chevron နဲ႔ ျပင္သစ္ TOTAL စြမ္းအင္ ကုမၸဏီေတြက ျမန္မာႏိုင္ငံထဲက လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းခဲ့ၾကပါတယ္။ ဒီအေတာအတြင္း ဖိလစ္ပိုင္ ႏိုင္ငံကေတာ့ - ဒီႏွစ္ထဲ စတင္အသက္၀င္တဲ့ ကမာၻ႔အႀကီးဆံုး လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္မွာ ျမန္မာႏိုင္ငံ ပါ၀င္တာကို လက္မခံေၾကာင္း ေျပာဆိုလိုက္ပါတယ္။ နယူးဇီလန္ ႏိုင္ငံကလည္း အလားတူ ေျပာဆိုထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မလေးရှား Petronas နဲ့ ဂျပန် Mitsubishi မြန်မာ ရဲတံခွန်သဘာဝဓာတ်ငွေ့အစုရှယ်ယာတွေရုပ်သိမ်းမည်

မလေးရှား Petronas နဲ့ ဂျပန် Mitsubishi ကုမ္ပဏီတွေက မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာပါဝင်နေတဲ့ သူတို့ရဲ့အစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ဒီကုမ္ပဏီတွေက ပြောဆိုလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီတွေ ပြန်ရုပ်သိမ်းနေကြတဲ့အထဲမှာ အာရှနိုင်ငံတွေက ကုမ္ပဏီတွေလည်း ပါဝင်လာတာပါ။

နည်းပညာနဲ့ စီးပွားရေး ရှုထောင့်ကကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအောက်မှာ စီးပွားရေး ဆက်လုပ်ဖို့ မလွယ်တော့တာကြောင့် ဖြစ်တယ်လို့ Mitsubishi ကုမ္ပဏီ ပြောခွင့်ရက ဒီကနေ့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်ကမ်းလွန် ဒေသမှာရှိတဲ့ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှာ Mitsubishi ကုမ္ပဏီက အစုရှယ်ယာ ၁.၉၃ % ပါဝင်တာ ဖြစ်ပြီး ဂျပန် JX Myanmar လုပ်ငန်းစုကတဆင့် ပါဝင်တာ ဖြစ်ပါတယ်။ တခြား ပူးတွဲ အစုရှယ်ယာရှင်တွေနဲ့လည်း Mitsubishi ကုမ္ပဏီက ပြောဆို ဆွေးနွေးတာတွေ လုပ်နေတယ်လို့လည်း ကုမ္ပဏီ ပြောခွင့်ရက ပြောပါတယ်။

အလားတူ မလေးရှား Petronas ကုမ္ပဏီကတော့ - မြန်မာနိုင်ငံတွင်း ရဲတံခွန်စီမံကိန်းကို လည်ပတ်နေတဲ့ သူ့ရဲ့လက်ခွဲ PC Myanmar (Hong Kong) Limited ကုမ္ပဏီအနေနဲ့ Petronas နဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက သဘောတူညီချက် လက်မှတ်ရေးထိုးထားခဲ့ပြီး ရောင်းချမှုတွေ အပြီးသတ်နေတဲ့အကြောင်း ရိုက်တာကို ပြောပါတယ်။ ဒီအစုရှယ်ယာတွေကို ဘယ်သူကဝယ်သွားသလဲ ဆိုတာ ထုတ်ပြောဖို့ကိုတော့ Patronas ကုမ္ပဏီ ပြောခွင့်ရက ငြင်းပါတယ်။ PC Myanmar (Hong Kong) Ltd ဟာ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၄၀.၉ % ပါဝင်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက အစုရှယ်ယာတွေရဲ့ ၂၀.၅ % ရှိပါတယ်။

ဂျပန် JX Myanmar လုပ်ငန်းစုက ၁၉.၃ % နဲ့ ကျန်တဲ့ အစုရှယ်ယာတွေကိုတော့ ထိုင်း PTTEP စွမ်းအင်ကုမ္ပဏီက ပိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောင်ပိုင်း ပြီးခဲ့တဲ့လတုန်းကလည်း အမေရိကန် Chevron နဲ့ ပြင်သစ် TOTAL စွမ်းအင် ကုမ္ပဏီတွေက မြန်မာနိုင်ငံထဲက လုပ်ငန်းတွေ ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ ဒီအတောအတွင်း ဖိလစ်ပိုင် နိုင်ငံကတော့ - ဒီနှစ်ထဲ စတင်အသက်ဝင်တဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင်တာကို လက်မခံကြောင်း ပြောဆိုလိုက်ပါတယ်။ နယူးဇီလန် နိုင်ငံကလည်း အလားတူ ပြောဆိုထားတာ ဖြစ်ပါတယ်။
============

XS
SM
MD
LG