သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် မိုဒီ ရန်ကုန်မှာ အိန္ဒိယနွယ်ဖွားတွေနဲ့ တွေ့ဆုံမည်


India ဝန်ကြီးချုပ် မိုဒီ
India ဝန်ကြီးချုပ် မိုဒီ

India ဝန်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ မြန်မာနိုင်ငံကိုရောက်လာမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်ကနေ မြန်မာနဲ့ India ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ် Modi ကပြောကြားထားပါတယ်။

လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စတွေအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားနိုင်ရေးဆွေးနွေးမယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ India ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ကျရင်တော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ India နွယ်ဖွားတွေနဲ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ India ရဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်တယ်လို့ မြန်မာ India နွယ်ဘွားတွေဆီပေးပို့တဲ့ Email ထဲမှာ Mr. Modi ကပြောကြားထားပါတယ်။ သူတို့ရဲ့အတွေးအမြင်တွေကို Narendra Modi ဆိုတဲ့ Mobile App ထဲက ဆွေးနွေးပွဲစကားဝိုင်းကတဆင့်သူ့ဆီ Email ပို့ပေးဖို့လည်း ဖိတ်ကြားထားပါတယ်။

India ဝန်ကြီးချုပ်ဟာ ရန်ကုန်မြို့မှာ အာဇာနည်ဗိမ္မာန်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ဆီကိုလည်း သွားရောက်ဖို့ရှိပါတယ်။ ဒါ့အပြင် ပုဂံမြို့ကို သွားရောက်ပြီး ရှေးဟောင်းဘုရားတွေကို ဖူးမြှော်မှာဖြစ်ပါတယ်။ ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် India က အကူအညီပေးနေတာတွေကိုလည်း လေ့လာမယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG