သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္လက္နက္ကိုင္ႏွစ္ဖြဲ႔ၾကား ပစ္ခတ္မႈတြင္း ၁ ဦး ေသဆံုး


မြန္ျပည္နယ္ ေရးၿမိဳ႕ တည္ေနရာ ေျမပံု။ (ဓာတ္ပံု - my.wikipedia.org)

[Zawgyi/Unicode]

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ မြန္တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၂ ခုၾကား အျပန္အလွန္ ပစ္ခတ္မႈျဖစ္ရာက တဦး ေသဆုံးသြားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္က ေမာ္လၿမိဳင္-ေရး ကားလမ္းေဘးက အာယုေတာင္ေက်းရြာ ခမ္းသင္း တံတားအနီး မြန္ျပည္သစ္ပါတီနဲ႔ ေဒသခံျပည္သူ႔စစ္အဖဲြ႔ မြန္ၿငိမ္းခ်မ္းေရးနဲ႔ ကာကြယ္ေရးအဖဲြ႔၀င္ေတြ မေန႔ညေနက အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာက တဦးေသဆုံးသြားခဲ့တာပါ။ ပစ္ခတ္မႈအတြင္း မြန္ျပည္သစ္ပါတီဗဟို႐ုံးမွာ တာဝန္က်ေနတဲ့ ခရုိင္ေကာ္မတီဝင္အဆင့္ရွိသူ ႏိုင္ေဇာ္လတ္ ေသဆုံးသြားတဲ့အတြက္ မြန္ျပည္သူ႔စစ္အဖြဲ႔ကုိ အေရးယူေပးဖုိ႔လည္း မြန္ျပည္သစ္ပါတီ ထားဝယ္ခ႐ုိင္ အတြင္းေရးမွဴး ႏိုင္ခင္ေအးက တရားလုိလုပ္ အမႈဖြင့္တုိင္ၾကားထားေၾကာင္း ေရးၿမိဳ႕နယ္ ရဲစခန္းမွဴး ဝင္းျမင့္က ေျပာပါတယ္။ မြန္ျပည္သစ္ပါတီနဲ႔ ႏုိင္ရာဇာဦးေဆာင္တဲ့ ျပည္သူ႔စစ္အဖဲြ႔ၾကား ပစ္ခတ္မႈအတြက္ အျပန္အလွန္စြပ္စဲြထားတယ္လုိ႔လည္း ဆုိပါတယ္။

“ႏိုင္ရာဇာတို႔အဖြဲ႕က ျပန္ပစ္တယ္၊ ျပန္ပစ္ေတာ့ အဲ့ဒီမွာ အမည္မသိ ၇ ေယာက္ထဲ တစ္ေယာက္က ေသနတ္ဒဏ္ရာနဲ႔ လမ္းေပၚမွာ လဲက်ေသဆံုးတာေပါ့၊ ဘာေၾကာင့္ျဖစ္သြားသလဲဆိုတာ ကံယကံရွင္ ကိုႏိုင္ရာဇာကလည္း.. သူလည္း ဘာေၾကာင့္ ပစ္ခံရသလဲဆိုတာလည္း မသိဘူး။ သူ႔ကို ဘာေၾကာင့္လာပစ္တယ္ဆိုတာ။ မြန္ျပည္သစ္ပါတီက ခ႐ုိုင္အဆင့္ တာဝန္ရွိတဲ့လူ ေသသြားတဲ့လူက၊ အေနာက္ေက်ာမွာ က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ေနာက္ဝမ္းဗိုက္ နံၾကားမွာ က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ဝဲဘက္ ဖင္နားမွာ က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ေနာက္ညာဘက္မွာ က်ည္ေဖာက္ထြက္ဒဏ္ရာ၊ က်ည္ဆံက အဆုတ္ကို ဟိုဘက္ ဒီဘက္ေဖာက္ၿပီးေတာ့ အဆုတ္ပ်က္စီးလို႔ ေသဆံုးတာ။”

ပစ္ခတ္မႈနဲ႔ ပတ္သက္လုိ႔ ၂ ဘက္အဖဲြ႔ၾကား အျပန္အလွန္ စြပ္စဲြေနၾကပါတယ္။ မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာ တာဝန္ခံ ႏိုင္ဗညာလယ္ကေတာ့ ပစ္ခတ္မႈျဖစ္စဥ္အရ မြန္ျပည္သစ္ပါတီ တပ္ဖဲြ႔၀င္ေတြမွာ တာ၀န္မရွိဘူးလုိ႔ေျပာပါတယ္။

“သတင္းမွာ ေတြ႔တာက ႏိုင္ရာဇာတို႔ဘက္က ေျပာတာက သူတို႔စခန္းကို ပစ္လို႔ သူက ျပန္ပစ္လို႔ ေသဆံုးတာေျပာတယ္။ က်ေနာ္အျမင္မွာက်ေတာ့ မျဖစ္ႏိုင္ဘူး၊ တကယ္လို႔ စခန္းကိုပစ္ရင္ လက္နက္ငယ္နဲ႔ ပစၥတို သံုးၿပီးေတာ့ ပစ္တာမဟုတ္ဘူးေလး၊ ပစ္ရင္ေတာ့ လက္နက္ႀကီးနဲ႔ ေမာင္းျပန္နဲ႔ အဲ့ဒီလက္နက္ အမ်ဳိးအစားနဲ႔ပဲ ျဖစ္မွာေပါ့၊ အခုက အခုေသဆံုးတဲ့သူဆီမွာ ပစၥတို တစ္လက္ေတာ့ ေတြ႔ရွိတယ္ေပါ့ေနာ္၊ ေသဆံုးေနရာလည္း စခန္းေရွ႕မဟုတ္ဘူး၊ တစ္ခန္းနဲ႔ တစ္ဖာလံုေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိေနတယ္ဆိုေတာ့ အဲ့မွာ သူ႔ရဲ႕ ေသနတ္မွာလည္း ေသနတ္က်ည္ကလည္း က်ည္အေပါက္မွာရွိတဲ့ က်ည္အတိုင္းပဲ မေလ်ာ့ဘူး။ သူတို႔စခန္းကို ဝင္ပစ္တာ က်ေနာ္အထင္ေတာ့ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။”

ပစ္ခတ္မႈ ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ မြန္ျပည္သူ႔စစ္အဖဲြ႔ တာ၀န္ရွိသူေတြကုိေတာ့ ဆက္သြယ္ေမးျမန္းလုိ႔ မရခဲ့ပါဘူး။ မြန္ၿငိမ္းခ်မ္းေရးနဲ႔ ကာကြယ္ေရး (MMFD) ျပည္သူ႔စစ္အဖဲြ႔ကုိေတာ့ မြန္ျပည္သစ္ပါတီက အနားယူခဲ့တဲ့ စစ္ဦးစီးခ်ဳပ္ေဟာင္း ဗုိလ္ခ်ဳပ္ေအာင္ႏုိင္ ဦးေဆာင္ၿပီး ၂၀၀၈ ခုႏွစ္မွာ ဖဲြ႔စည္းခဲ့တာပါ။ စစ္ဦးစီးခ်ဳပ္ေဟာင္း ဗုိလ္ခ်ဳပ္ေအာင္ႏုိင္ ကြယ္လြန္ၿပီးေနာက္ အခုအခါ ဥကၠ႒အျဖစ္ ဗုိလ္မွဴးႀကီး ႏုိင္ေရွာင္က ဦးေဆာင္ေနၿပီး ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္က ေဒသတခ်ဳိ႕မွာ လႈပ္ရွားေနတဲ့ အဖဲြ႔လည္း ျဖစ္ပါတယ္။ မြန္ျပည္သစ္ပါတီကေတာ့ ၂၀၁၈ ခုႏွစ္မွာပဲ ျမန္မာအစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕တစ္ဖြဲ႔ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်လက်နက်ကိုင်နှစ်ဖွဲ့ကြား ပစ်ခတ်မှုတွင်း ၁ ဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်မှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခုကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ရာက တဦး သေဆုံးသွားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

မွန်ပြည်နယ် ရေးမြို့နယ်က မော်လမြိုင်-ရေး ကားလမ်းဘေးက အာယုတောင်ကျေးရွာ ခမ်းသင်း တံတားအနီး မွန်ပြည်သစ်ပါတီနဲ့ ဒေသခံပြည်သူ့စစ်အဖွဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ မနေ့ညနေက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက တဦးသေဆုံးသွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း မွန်ပြည်သစ်ပါတီဗဟိုရုံးမှာ တာဝန်ကျနေတဲ့ ခရိုင်ကော်မတီဝင်အဆင့်ရှိသူ နိုင်ဇော်လတ် သေဆုံးသွားတဲ့အတွက် မွန်ပြည်သူ့စစ်အဖွဲ့ကို အရေးယူပေးဖို့လည်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ခင်အေးက တရားလိုလုပ် အမှုဖွင့်တိုင်ကြားထားကြောင်း ရေးမြို့နယ် ရဲစခန်းမှူး ဝင်းမြင့်က ပြောပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ နိုင်ရာဇာဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကြား ပစ်ခတ်မှုအတွက် အပြန်အလှန်စွပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။

“နိုင်ရာဇာတို့အဖွဲ့က ပြန်ပစ်တယ်၊ ပြန်ပစ်တော့ အဲ့ဒီမှာ အမည်မသိ ၇ ယောက်ထဲ တစ်ယောက်က သေနတ်ဒဏ်ရာနဲ့ လမ်းပေါ်မှာ လဲကျသေဆုံးတာပေါ့၊ ဘာကြောင့်ဖြစ်သွားသလဲဆိုတာ ကံယကံရှင် ကိုနိုင်ရာဇာကလည်း.. သူလည်း ဘာကြောင့် ပစ်ခံရသလဲဆိုတာလည်း မသိဘူး။ သူ့ကို ဘာကြောင့်လာပစ်တယ်ဆိုတာ။ မွန်ပြည်သစ်ပါတီက ခရိုင်အဆင့် တာဝန်ရှိတဲ့လူ သေသွားတဲ့လူက၊ အနောက်ကျောမှာ ကျည်ဖောက်ဝင်ဒဏ်ရာ၊ နောက်ဝမ်းဗိုက် နံကြားမှာ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲဘက် ဖင်နားမှာ ကျည်ဖောက်ဝင်ဒဏ်ရာ၊ နောက်ညာဘက်မှာ ကျည်ဖောက်ထွက်ဒဏ်ရာ၊ ကျည်ဆံက အဆုတ်ကို ဟိုဘက် ဒီဘက်ဖောက်ပြီးတော့ အဆုတ်ပျက်စီးလို့ သေဆုံးတာ။”

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ၂ ဘက်အဖွဲ့ကြား အပြန်အလှန် စွပ်စွဲနေကြပါတယ်။ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညာလယ်ကတော့ ပစ်ခတ်မှုဖြစ်စဉ်အရ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေမှာ တာဝန်မရှိဘူးလို့ပြောပါတယ်။

“သတင်းမှာ တွေ့တာက နိုင်ရာဇာတို့ဘက်က ပြောတာက သူတို့စခန်းကို ပစ်လို့ သူက ပြန်ပစ်လို့ သေဆုံးတာပြောတယ်။ ကျနော်အမြင်မှာကျတော့ မဖြစ်နိုင်ဘူး၊ တကယ်လို့ စခန်းကိုပစ်ရင် လက်နက်ငယ်နဲ့ ပစ္စတို သုံးပြီးတော့ ပစ်တာမဟုတ်ဘူးလေး၊ ပစ်ရင်တော့ လက်နက်ကြီးနဲ့ မောင်းပြန်နဲ့ အဲ့ဒီလက်နက် အမျိုးအစားနဲ့ပဲ ဖြစ်မှာပေါ့၊ အခုက အခုသေဆုံးတဲ့သူဆီမှာ ပစ္စတို တစ်လက်တော့ တွေ့ရှိတယ်ပေါ့နော်၊ သေဆုံးနေရာလည်း စခန်းရှေ့မဟုတ်ဘူး၊ တစ်ခန်းနဲ့ တစ်ဖာလုံကျော်ကျော်လောက်တော့ ရှိနေတယ်ဆိုတော့ အဲ့မှာ သူ့ရဲ့ သေနတ်မှာလည်း သေနတ်ကျည်ကလည်း ကျည်အပေါက်မှာရှိတဲ့ ကျည်အတိုင်းပဲ မလျော့ဘူး။ သူတို့စခန်းကို ဝင်ပစ်တာ ကျနော်အထင်တော့ မဖြစ်နိုင်ဘူးပေါ့နော်။”

ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ မွန်ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး (MMFD) ပြည်သူ့စစ်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီက အနားယူခဲ့တဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ဦးဆောင်ပြီး ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်ပြီးနောက် အခုအခါ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး နိုင်ရှောင်က ဦးဆောင်နေပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဒေသတချို့မှာ လှုပ်ရှားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီကတော့ ၂၀၁၈ ခုနှစ်မှာပဲ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG