သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နဲ့မွန်နယ်စပ် တိုက်ပွဲပြင်းထန် စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်
ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ဖြစ်တဲ့ ချောင်းနှစ်ခွကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၂ ရက်၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ကတဘက်၊ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတဘက် တိုက်ပွဲပြင်းထန်နေပြီး စစ် ကောင်စီတပ်တွေက လေကြောင်းသုံးတိုက်ခိုက်တဲ့အတွက် ကလေးငယ် (၂)ဦး သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ဖြစ်တဲ့ ချောင်းနှစ်ခွကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၂ ရက်၊ မနက်ပိုင်းကစပြီးစစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာပါ။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလေကြောင်းကနေ ကူပစ်ခဲ့တာကြောင့် အနီးနားကကျေးရွာတွေကိုထိမှန်ခဲ့ပြီး ကလေး ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မွန်ပြည်နယ် ချောင်းနှစ်ခွ ကျေးရွာဘက်မှာ ဒီနေ့နေ့လည်ပိုင်းမှာ လေယာဉ်နဲ့လာပစ်တာပေါ့နော် ကလေေးတွလည်း ပုန်းလျိုးနေရာကနေ ကလေး၂ ယောက် ထိမှန်သွားတာပေါ့နော်။ ပေါလောကျေးရွာက အသက် (၇ ) နှစ်နဲ့အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တာပါ။”

ချောင်းနှစ်ခွ၊ ရေပူ-ကော့ကျိုက်နဲ့ကော့ပနောဖာသိမ် စတဲ့အနီးအနားဝန်းကျင်ကကျေးရွာသားတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ထွက်ပြေးနေရပါတယ်။

ချောင်းနှစ်ခွကျေးရွာ အထ္တရံ (ချောင်းနှစ်ခွ) တံတားမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချောင်းနှစ်ခွနယ်မြေစခန်းကို ကေအန်ယူနဲ့ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ချောင်းနှစ်ခွတံတားလည်းပိတ်လိုက်ရပြီး လူအသွားအလာတွေမရှိတော့ဘူးလို့ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း ချောင်းနှစ်ခွတံတားဂိတ်နဲ့စစ်ကောင်စီရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တို့ကဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အခုဆိုရင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာလည်း နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းကစပြီး စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။

စကခ ၁၂ နဲ့ လှိုင်ဝစစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရအပြီးမှာ အခုလိုမျိုးလက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်လာတယ်လို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

“စကခ ၁၂ အုပ်ချုပ်မှုအောက်မှာရှိတဲ့ လှိုင်ဝဂိတ်ကနေ ရမ်းသမ်းပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ခလရ ၉၇ ကလည်း အာရှလမ်းဘက်ကနေလည်း ကျေးရွာတွေကို လှမ်းပစ်နေတယ်။ လူနေအိမ်တွေပေါ်ကျရောက်တာ လူနေအိမ်ပေါ်ပေါက်ကွဲတာရှိတယ်။ အမြှောက်ကုန်းက မစ်ဇိုင်း ၄ လုံးတွဲတွေ ပစ်တာ။ လူထုတွေဆီကိုပစ်နေတာပါ။ အခုကရင်ပြည်နယ် တပ်မဟာ (၆) မှာ စကစတပ်တွေနဲ့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့တိုင်းတိုက်ပွဲ ဖြစ်နေပါတယ်။”

စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲဖြစ်တိုင်းမှာ လူထုရှိရာကို လက်နက်ကြီးနဲ့ပစ်ခတ်လေ့ရှိကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် ပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်ကလည်း အခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့အချိန်တိုင်းမှာ သဘောတရားက သူတို့က တိုက်ပွဲ ဖြစ်တာနဲ့ သူတို့ စကစဘက်က အထိနာပြီဆိုတာနဲ့ သူတို့ရဲ့အနီးနား ဗျူဟာကုန်းကနေ လက်နက်ကြီးစပစ်တော့တာပဲ။”

စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်ထဲမှာလည်း အထိနာနေပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ၊ ရဲစခန်းတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတွေလည်း အများအပြားရှိနေပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တိုင်းမှာ

စစ်ကောင်စီဘက်က ခြေလျင်တိုက်ခိုက်ရေးတပ်ကိုမသုံးတော့ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေပဲလုပ်တာကြောင့် ကရင်ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံး နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG