သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့အနီး တိုက်ပွဲတွေပြင်းထန်နေ


(ယခင်ပုံဟောင်း) တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)
(ယခင်ပုံဟောင်း) တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)

ကရင်ပြည်နယ် မြဝတီ မြို့အနီးမှာ KNU-KNLA ၊ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ နေ့စဥ်နီးပါး ရှိနေပြီး မနေ့က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေဆုံးသူတွေလည်း ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ မြဝတီဘက်က တိုက်ပွဲ အခြေအနေတချို့ကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တဝိုက်မှာ KNU-KNLA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဥ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေပြီး ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဇူလိုင်လ ၆ ရက် မနက်အစောပိုင်းမှာတော့ မြဝတီမြို့အနီး ပွင့်လင်းအေးမြိုင်ရွာမှာ နှစ်ဘက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ KNLA PDF ပူး‌ပေါင်းတပ်ဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

"ဒီနေ့မနက်ကစပြီး မြဝတီမှာ တိုက်ပွဲဖြစ်တယ်။ မြဝတီအနီး နာတုံးတံတားလို့လည်း ခေါ်တယ်။ ပွင်လင်းအေးမြိုင်လို့ လည်း ခေါ်တယ်။ အဲဒီရွာနေရာနားမှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတယ် စကစ တွေနဲ့ KNLA PDF ပူး‌ပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။၊ ၅ ရက်နေ့ ကလည်း အသက် ၄၅ နှစ်အရွယ် ဦးတင်ဝင်းဆိုသူ ကလည်း ပုညရှင်ဘုန်းကြီးကျောင်းထဲမှာ သေဆုံးသွားတယ်။ သူတို့က (စကစ) က အဲ့ဒီ ဘုန်းကြီးကျောင်းဝင်းနားမှာ KNLA PDF တပ်တွေ ဝင်ထွက်နိုင်တယ်ဆိုပြီး အဲဒီနားမှာပဲ မိုင်းထောင်ထားတာ။"

ဒီနေ့ တိုက်ပွဲက ပြင်းထန်တဲ့အကြောင်း ဒေသခံတဦးကလည်းပြောပါတယ်။ ဒေသခံတွေ အတွက်ကတော့ လေယာဉ်သံတွေ၊ လက်နက်ကြီး သံတွေ ကြားရင်ကိုပဲ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

"ဒီနေ့ ဖြစ်တာ မေတ္တာလင်းမြိုင်နဲ့တုံးတံတားနားမှာဖြစ်တယ် လေကေ့ကော်ဘက်သွားတဲ့ဘက်မှာပေါ့ ၊ တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ထမင်းအိုးတွေတောင်လှုပ်တယ် ထမင်းအိုတည်တုန်းလည်းမီးပျက်သွားတယ် ထမင်းအိုးပဲဆက်တည်ရမလား ထ ပဲပြေးရမလားဆိုပြီး ဖြစ်နေတယ် ကြဲချတယ်။ ပစ်တာတော့ ဘယ်ဘက်ကနေ ပစ်နေလဲမသိဘူး။"

ဒီကနေ့ တနေ့လုံး လက်နက်ကြီးသံတွေ ကြားနေရပြီး ပြီးခဲ့တဲ့ရက်တွေကလည်း လက်နက်ကြီးကျည်ဆံတွေ ကျရောက် ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်ရာ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာလည်း ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စခန်း ၃ ခုနဲ့ စစ်ဆေးရေးဂိတ် (၁) ခုကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ နှစ်ဘက် တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံးတာ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG