(Zawgyi / Unicode)
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာလည်း မုတ်သုံမိုးရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၇ ယောက် သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့မနက် အစောပိုင်းက ဆင်းရဲသားရပ်ကွက်တခုအတွင်း မြေပြိုကျခဲ့တာကြောင့် အိမ်ခြေအတော်များများ ပျက်စီးခဲ့တာပါ။
နောက်ထပ် သီးခြား တောင်ခြေနေရာတခုမှာလည်း တဲအိမ်တွေ တခုပေါ်တခုဆင့်ပြီး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ပြိုကျတဲ့ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူ အနည်းဆုံး ၁၅ ဦးလောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်နေပါတယ်။ မုတ်သုံမိုးကြောင့် မွမ်ဘိုင်းမြို့ နေရာအတော်များများ ရေလွှမ်းမိုးမှု ကြုံနေရတာပါ။ ရထားလမ်းတွေ ရေကျော်နေတာကြောင့်လည်း ရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားရပါတယ်။
အိန္ဒိယမှာ နှစ်စဉ် ဇွန်လက စက်တင်ဘာထိ မုတ်သုံရာသီမိုးဒဏ်ကြောင့် မြေပြိုပြီး အဆောက်အဦးတွေ ပျက်စီးပြိုကျတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရလေ့ ရှိပါတယ်။
---------------------
(Unicode)