သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေအပေါ် အလုပ်ရှင်တရားစွဲမှု ထိုင်းတရားရုံးပယ်ချ


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် သူတို့ တိုင်ကြားစွပ်စွဲခဲ့တဲ့ ကုမ္ပဏီက အသရေဖျက်မှုနဲ့ ပြန်တရားစွဲခဲ့တာကို ဘန်ကောက်မြို. တရားခုံရုံးတစ်ခုက အပြစ်မရှိကြောင်းဆုံးဖြတ်ပေးလိုက်ပါတယ်။

ခုလို ခုံရုံးက ဆုံးဖြတ်ပေးလိုက်တာက ထိုင်းရောက်မြန်မာရွှေ.ပြောင်းအလုပ်သမား အခွင့်အရေးအတွက် ရှားရှားပါးပါး ထူးခြားတဲ့ တရားရေးဆိုင်ရာ အောင်မြင်မှုကြီးပါ။

ဒီထိုင်းခုံရုံး တရားသူကြီးတစ်ဦးက မြန်မာအလုပ်သမားတွေအနေနဲ့ မတရားလုပ်ခံရမှုတွေ အတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့တာမှာ မှားယွင်းစွပ်စွဲတာမပါဘူး၊ ရိုးရိုးသားသား တိုင်ခဲ့တာဖြစ်တယ်၊ သူတို့မှာ အပြစ်မရှိဘူးလို့ဒီနေ့ကြေညာလိုက်ပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမား (၁၄) ဦး အနေနဲ့ သူတို့လုပ်ခဲ့တဲ့ ထိုင်းကြက်မွေးခြံ လုပ်ငန်းထဲမှာ မတရားအလုပ်ခိုင်းစေ ခံခဲ့ရတယ်လို့ ၂၀၁၆ ခုနှစ်တုန်းက ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကို တိုင်ကြားခဲ့အပြီးမှာ၊ပြီးခဲ့တဲ့ အောက်တိုဘာလတုန်း က ဒီ Thammakaset ကြက်မွေးလုပ်ငန်း ကုမ္ပဏီက အသရေဖျက်မှုနဲ့ ပြန်တရားစွဲခဲ့တာပါ။

ဒီမြန်မာအလုပ်သမားတွေရဲ့ တိုင်ကြားစွပ်စွဲမှုတွေထဲမှာ မတရားဖိအားပေး အချိန်ပို ခိုင်းစေတာတွေ၊ အနည်းဆုံးလုပ်ခငွေထက် လျော့ပေးတာတွေ၊ သူတို့ နိုင်ငံကူး လက်မှတ်တွေကို သိမ်းဆည်းထားတာတွေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်မရတာတွေ ပါဝင်ပါတယ်။

ခုလို အလုပ်သမားအခွင့်အရေးတောင်းဆိုတာကို လုပ်ငန်းရှင်ဖက်က ပြန်တရားစွဲခဲ့မှုအပေါ် ထိုင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူနဲ့ရှေ.နေတွေ ဘက်ကလည်း မြန်မာအလုပ်သမားတွေ အခွင့်အရေးအတွက် ကာကွယ်ပေးဖို့ ဝိုင်းဝန်းလှုပ်ရှားမှုတွေ တိုးလုပ်ပေးခဲ့ပါတယ်။

ခုလို ခုံရုံးဆုံးဖြတ်ချက်အပေါ် မြန်မာအလုပ်သမားတွေဖက်က ရှေ.နေလိုက်ပေးတဲ့ ထိုင်းရှေ.နေ Nakhon Chompuchat က တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်၊ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေက မတရားလုပ်နေတာတွေကို ထုတ်ပြောဖို့ ကြောက်နေစရာမလိုတော့ဘူးလို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG