သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္နဲ႔ ဥေရာပမွာ တက္ၾကြလႈပ္ရွားသူေတြ စုေဝးဆႏၵျပ


နယူးေယာက္ၿမိဳ႕က ကုလသမဂၢ႐ုံးခ်ဳပ္ေရွ႕မွာ ေႏြဦးေတာ္လွန္ေရး ႏွစ္ပတ္လည္ စုေဝးဆႏၵျပခဲ့ၾကတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၂။ ဓာတ္ပုံ - Kyaw Soe Latt Facebook)

(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ျမန္မာႏုိင္ငံက ဒီမုိကေရစီေရး လႈပ္ရွားမႈေတြကုိ အားေပးေထာက္ခံဖုိ႔ အေမရိကန္နဲ႔ ဥေရာပေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြ စေနေန႔က စုေဝးခဲ့ၾကပါတယ္။ နယ္သာလန္ႏုိင္ငံမွာေတာ့ အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားမႈမွာ ေသဆုံးခဲ့ရသူေတြအတြက္ ေအာက္ေမ့ဆုေတာင္းပဲြနဲ႔အတူ ရန္ပုံေငြ ရွာခဲ့ၾကတယ္လုိ႔လည္း လႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ သံဃာေတာ္တပါးျဖစ္တဲ့ အရွင္စႏၵာဝရက ေျပာပါတယ္။

"ဒီေန႔လုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ ရဲေဘာ္ေတြအားလုံးအတြက္ သူတို႔ကို ရည္စူးၿပီးေတာ့မွ ဆုေတာင္းပြဲလုပ္ပါတယ္။ ၿပီးေတာ့ ဦးဇင္းတို႔ ေႏြဦးေတာ္လွန္ေရးကို အထူးအဓိက ပံ့ပိုးေပးရမယ့္ ေငြတိုက္စာခ်ဳပ္ ေရာင္းခ်တဲ့ပြဲ။ ဒီပြဲမွာ ဒကာ ဒကာမေတြ ေရာက္လာၿပီးေတာ့မွ ေငြတုိက္စာခ်ဳပ္ေတြ ဝယ္ယူ အားေပးၾကတာ အထူးေက်းဇူးတင္ပါတယ္။ ေနာင္လည္း ဆက္ၿပီး ဝယ္ၾကဖို႔၊ မလာေသးတဲ့လူေတြလည္း လာဖို႔၊ ဝယ္ၿပီးသားလူေတြလည္း လစဥ္ အနည္းဆုံးက တလကုိ ၁၀၀ ဆုိတဲ့ ေငြတုိက္စာခ်ဳပ္မ်ဳိးေတြ ဝယ္ႏုိင္ဖို႔အတြက္ ဦးဇင္း တိုက္တြန္းပါတယ္။"

နယ္သာလန္ႏုိင္ငံ လိုင္ဒန္ၿမိဳ႕က လႈပ္ရွားမႈမွာ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအတြက္ ေငြတိုက္စာခ်ဳပ္ ေဒၚလာ ၂၀,၀၀၀ ဖိုးနီးပါး ေရာင္းခ်ႏုိင္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

မၾကာေသးခင္က မုန္တုိင္းဒဏ္သင့္ခဲ့တာေၾကာင့္ အမ်ားျပည္သူသုံး ကား၊ ရထားေတြ မထြက္တာေၾကာင့္ အခက္အခဲတခ်ဳိ႕ ရွိေနတဲ့ၾကားမွာပဲ ျမန္မာ့အေရး လႈပ္ရွားသူေတြ စုေဝးခဲ့ၾကတာပါ။

တခ်ိန္တည္းမွာပဲ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕က ကုလသမဂၢ႐ုံးခ်ဳပ္ ေရွ႕မွာလည္း ေႏြဦးေတာ္လွန္ေရး ႏွစ္ပတ္လည္ လႈပ္ရွားမႈအျဖစ္ သံဃာေတာ္တခ်ဳိ႕ အပါအဝင္ ျမန္မာ့အေရး လႈပ္ရွားသူေတြ စုေဝးဆႏၵျပခဲ့ၾကၿပီး ကုလသမဂၢ အပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝန္းအေနနဲ႔ ျမန္မာ့အေရး အေျပာထက္ လက္ေတြ႔ ႀကိဳးပမ္းဖုိ႔လည္း တုိက္တြန္းခဲ့ၾကပါတယ္။

စေနေန႔မွာပဲ အေမရိကန္ျပည္ေထာင္စုေရာက္ ခ်င္းတိုင္းရင္းသားေတြက ၇၄ ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ အခမ္းအနားကို ေဘာ္လတီမိုးၿမိဳ႕၊ အင္ဒီယားနားပုိလစ္ၿမိဳ႕နဲ႔ အတၱလႏၱာၿမိဳ႕ႀကီးေတြ အပါအဝင္ သူတို႔ေနထိုင္ရာေဒသ အသီးသီးမွာ က်င္းပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ့အရေး အမေရိကန်နဲ့ ဥရောပမှာ တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒပြ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံဖို့ အမေရိကန်နဲ့ ဥရောပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ စနေနေ့က စုဝေးခဲ့ကြပါတယ်။ နယ်သာလန်နိုင်ငံမှာတော့ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုမှာ သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဆုတောင်းပွဲနဲ့အတူ ရန်ပုံငွေ ရှာခဲ့ကြတယ်လို့လည်း လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်စန္ဒာဝရက ပြောပါတယ်။

"ဒီနေ့လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအားလုံးအတွက် သူတို့ကို ရည်စူးပြီးတော့မှ ဆုတောင်းပွဲလုပ်ပါတယ်။ ပြီးတော့ ဦးဇင်းတို့ နွေဦးတော်လှန်ရေးကို အထူးအဓိက ပံ့ပိုးပေးရမယ့် ငွေတိုက်စာချုပ် ရောင်းချတဲ့ပွဲ။"

နယ်သာလန်နိုင်ငံ လိုင်ဒန်မြို့က လှုပ်ရှားမှုမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရအတွက် ငွေတိုက်စာချုပ် ဒေါ်လာ ၂၀,၀၀၀ ဖိုးနီးပါး ရောင်းချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်က မုန်တိုင်းဒဏ်သင့်ခဲ့တာကြောင့် အများပြည်သူသုံး ကား၊ ရထားတွေ မထွက်တာကြောင့် အခက်အခဲတချို့ ရှိနေတဲ့ကြားမှာပဲ မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးခဲ့ကြတာပါ။

တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ် ရှေ့မှာလည်း နွေဦးတော်လှန်ရေး နှစ်ပတ်လည် လှုပ်ရှားမှုအဖြစ် သံဃာတော်တချို့ အပါအဝင် မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာ့အရေး အပြောထက် လက်တွေ့ ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

စနေနေ့မှာပဲ အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသားတွေက ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဘော်လတီမိုးမြို့၊ အင်ဒီယားနားပိုလစ်မြို့နဲ့ အတ္တလန္တာမြို့ကြီးတွေ အပါအဝင် သူတို့နေထိုင်ရာဒေသ အသီးသီးမှာ ကျင်းပကြပါတယ်။

XS
SM
MD
LG