သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ခရီးစဉ် မြန်မာ့အရေး လှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြ


ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)

(Zawgyi / Unicode)

စနေနေ့မှာ အဆုံးသတ်သွားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ပြည်တွင်း ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေ ကန့်ကွက် ဆန္ဒပြကြပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ၂ ရက်ကြာခရီးစဉ် အဆုံးသတ်တဲ့နေ့မှာပဲ နယ်သာလန်နိုင်ငံရောက် မြန်မာတွေ အမ်စတာဒမ်မြို့ ဒမ်စကွဲယားရင်ပြင်မှာ စုဝေး ဆန္ဒပြခဲ့ကြတာပါ။

“ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟာ အခု မြန်မာစစ်အစိုးရနဲ့ပေါင်းပြီး မြန်မာပြည်အရေးကို ဝင်ရောက်စွက်ဖက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတပြည်လုံးဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက်ခြင်းကို မည်သူမှ သဘောတူညီချင်း မရှိပါဘူး။ ဒီအတွက်လည်း ကျနော်တို့ လာရောက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။”

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)

မြန်မာနိုင်ငံ လွပ်လပ်ရေးရခဲ့တာ ၇၄ နှစ် ပြည့်သွားပြီဖြစ်ပေမယ့် လွတ်လပ်မှုကို မခံစားရသေးသလို တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်လာအောင် ရည်ရွယ်ပြီး ဆန္ဒပြရတာလို့လည်း ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုမျိုးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံ့ခေါင်းဆောင် တဦးအဖြစ် ရောက်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို ရန်ကုန်မြို့မှာလည်း တက်ကြွလှုပ်ရှားသူ တချို့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတွေကို လူငယ်တချို့ မီးရှို့ပြီး ဆန္ဒပြခဲ့ကြတာပါ။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေ ကြားမှာပဲ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး သွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)




ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဆန္ဒပြနေကြတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - Burmese Activists in Netherlands)




XS
SM
MD
LG