သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္အနီး ျမန္မာေရတပ္နဲ႔ တိုက္ပြဲျဖစ္ဟု AA ေျပာဆို


(Zawgyi/Unicode)

ရေသ့ေတာင္ၿမိဳ႕နယ္ ေ႐ြေလာင္းတင္ေက်း႐ြာအနီးမွာ မေန႔ညက တပ္မေတာ္ ေရတပ္ေမာ္ေတာ္ေတြကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဒုံးက်ည္နဲ႔ ပစ္ခတ္ၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လို႔ AA ဘက္က ေျပာပါတယ္။

တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္ခတ္ခဲ့တာေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္ၿပီး ထြတ္ေျပးသြားၾကတယ္လို႔ ေ႐ြေလာင္းတင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေပးပို႔ထားတာပါ။

AA ရခိုင္လက္နက္ကိုင္အဖြဲ႕က ရေသ့ေတာင္ၿမိဳ႕နယ္ ေ႐ြေလာင္းတင္ေက်း႐ြာအနီး စစ္ဆင္ေရး လုပ္ဖို႔ထြက္လာတဲ့ တပ္မေတာ္ ေရတပ္ေမာ္ေတာ္ကို AA အဖြဲ႕က ၾကားျဖတ္ၿပီးေတာ့ ၁၀၇ မီလီမီတာ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔ညကေပါ့ေနာ္။ ဗမာစစ္တပ္ရဲ႕ ဗမာေရတပ္ဘက္ေနၿပီးေတာ့ က်ေနာ္တို႔ကို စစ္ဆင္ေရးလုပ္ဖို႔ ခ်ီတက္လာတဲ့အခ်ိန္ က်ေနာ္တို႔ဘက္ကလည္း သူတို႔ကို ၾကားျဖတ္ၿပီးေတာ့ တိုက္ခိုက္တာ ရွိတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာေပါ့ေနာ္။ အဲဒီမွာေတာ့ ဒီက်ေနာ္တို႔ဘက္က ဗမာေရတပ္ကို ၁၀၇ မီလီမီတာ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တာရွိတယ္။ သူတို႔ဘက္က ထိခိုက္ေသဆုံးမႈကိုေတာ့ စုံစမ္းတုန္းပဲ ရွိေသးတယ္ဗ်ာ။ ဗမာစစ္တပ္ဘက္ကေနၿပီးေတာ့ ကမ္းေျခမွာ ရွိတဲ့ ႐ြာေတြကို လက္နက္ႀကီးေတြနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ပစ္ခတ္တာ ရွိတယ္။ အဲဒီမွာ တစ္ခ်ိဳ႕ ႐ြာကို လာထိတာေတြ ရွိတာေပါ့ေနာ္ ႐ြာက အိမ္တစ္ခ်ိဳ႕ ပ်က္စီးတာ ရွိတယ္လို႔လည္း သိရတယ္ဗ်ာ။"

အဲဒီေနာက္မွာေတာ့ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားၿပီး တပ္မေတာ္က ပစ္လိုက္တဲ့ လက္နက္ႀကီး က်ည္ေတြေၾကာင့္ ေ႐ြေလာင္းတင္ ေက်း႐ြာမွာ IRC က ေဆာက္ေပးထားတဲ့ ေဆးခန္း တခုကိုလည္း လက္နက္ႀကီးက်ည္ ထိမွန္ခဲ့ၿပီး ႐ြားသားတစ္ခ်ိဳ႕လည္း ေၾကာက္လန႔္ၿပီး နီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးသြားၾကတယ္လို႔ တယ္လို႔ ေ႐ြေလာင္းတင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေအး ကေျပာပါတယ္။

"မေန႔က ည ၉ နာရီေလာက္မွာ ပစ္သံၾကားတယ္။ ပစ္သံၾကားေတာ့ ႐ြာကလည္း ေၾကာက္ၿပီးေတာ့ အဲလိုအသံေတြလည္း တစ္ခါမွ မၾကားဖူးေတာ့ အကုန္လုံးေျပးၾက လႊားၾက ဘုန္းႀကီးေက်ာင္းေတြ ဘာေတြေပါ့။ က်ေနာ္တို႔႐ြာမွာ IRC ကေပးထားတဲ့ ေဆးခန္းရွိတယ္။ အဲဒီေဆးခန္းကို ႏွစ္ခ်က္ ထိတယ္။ မိုးလင္းေတာ့ သြားၾကည့္တယ္။ အခုလက္ရွိမွာ ႐ြာသားေတြကေတာ့ ဥဂၢါ ႐ြာကို ေျပသြားၾကတယ္။ ႐ြာမွာေနတဲ့ သူေတြလည္း ေနခဲ့ၾကတယ္။"

ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္ တိုက္ပြဲပြားခဲ့တယ္လို႔ ေဒသခံေတြနဲ႔ AA အဖြဲ႕ကေျပာေပမယ့္ ဘာတိုက္ပြဲမွ မျဖစ္ဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ဝင္းေဇာ္ဦးက ေျပာပါတယ္။

"မဟုတ္ဘူး... က်ေနာ္ေျပာတာ မဟုတ္ဘူး။ NAVY က ဘယ္မွကို မသြားဘူး မဟုတ္ဘူး။"

မေန႔ကလည္း ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ အထြက္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕က အေဝးထိန္း မိုင္းဆြဲတိုက္ခိုက္တာ လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်အနီး မြန်မာရေတပ်နဲ့ တိုက်ပွဲဖြစ်ဟု AA ပြောဆို

ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာအနီးမှာ မနေ့ညက တပ်မတော် ရေတပ်မော်တော်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။

တပ်မတော်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွတ်ပြေးသွားကြတယ်လို့ ရွေလောင်းတင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့က ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာအနီး စစ်ဆင်ရေး လုပ်ဖို့ထွက်လာတဲ့ တပ်မတော် ရေတပ်မော်တော်ကို AA အဖွဲ့က ကြားဖြတ်ပြီးတော့ ၁၀၇ မီလီမီတာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့ညကပေါ့နော်။ ဗမာစစ်တပ်ရဲ့ ဗမာရေတပ်ဘက်နေပြီးတော့ ကျနော်တို့ကို စစ်ဆင်ရေးလုပ်ဖို့ ချီတက်လာတဲ့အချိန် ကျနော်တို့ဘက်ကလည်း သူတို့ကို ကြားဖြတ်ပြီးတော့ တိုက်ခိုက်တာ ရှိတယ်။ ရသေ့တောင်မြို့နယ်ထဲမှာပေါ့နော်။ အဲဒီမှာတော့ ဒီကျနော်တို့ဘက်က ဗမာရေတပ်ကို ၁၀၇ မီလီမီတာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းတုန်းပဲ ရှိသေးတယ်ဗျာ။ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ကမ်းခြေမှာ ရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တာရှိတယ်။ အဲဒီမှာ တစ်ချို့ ရွာကို လာထိတာတွေ ရှိတာပေါ့နော် ရွာက အိမ်တစ်ချို့ ပျက်စီးတာ ရှိတယ်လို့လည်း သိရတယ်ဗျာ။"

အဲဒီနောက်မှာတော့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကြောင့် ရွေလောင်းတင် ကျေးရွာမှာ IRC က ဆောက်ပေးထားတဲ့ ဆေးခန်း တခုကိုလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ရွားသားတစ်ချို့လည်း ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားကြတယ်လို့ တယ်လို့ ရွေလောင်းတင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေး ကပြောပါတယ်။

"မနေ့က ည ၉ နာရီလောက်မှာ ပစ်သံကြားတယ်။ ပစ်သံကြားတော့ ရွာကလည်း ကြောက်ပြီးတော့ အဲလိုအသံတွေလည်း တစ်ခါမှ မကြားဖူးတော့ အကုန်လုံးပြေးကြ လွှားကြ ဘုန်းကြီးကျောင်းတွေ ဘာတွေ ပေါ့။ကျနော်တို့ရွာမှာ IRC ကပေးထားတဲ့ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကို နှစ်ချက် ထိတယ်။ မိုးလင်းတော့ သွားကြည့်တယ်။ အခုလက်ရှိမှာ ရွာသားတွေကတော့ ဥဂ္ဂါ ရွာကို ပြေသွားကြတယ်။ ရွာမှာနေတဲ့ သူတွေလည်း နေခဲ့ကြတယ်။"

ရသေ့တောင်မြို့နယ်မှာ တပ်မတော်တိုက်ပွဲပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ AAအဖွဲ့ကပြောပေမယ့် ဘာတိုက်ပွဲမှမဖြစ်ဘူးလို့ အနောက်ပိုင်းတိုင်း စာဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဝင်းဇော်ဦးက ပြောပါတယ်။

"မဟုတ်ဘူး ကျနော်ပြောတာ မဟုတ်ဘူး။ NAVY က ဘယ်မှကို မသွားဘူး မဟုတ်ဘူး။"

မနေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အထွက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က အဝေးထိန်း မိုင်းဆွဲတိုက်ခိုက်တာ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG