သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြားက စစ်ရေးပြအခမ်းအနား 


၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)
၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)

ဒီနေ့ နေပြည်တော်မှာ မြန်မာစစ်တပ်ရဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားနဲ့ စစ်ရေးပြ အခမ်းအနားတွေ ကို စစ်ကောင်စီက ကျင်းပနေပါတယ်။ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းတာတွေ ပါဝင်ပြီး နေပြည်တော်ရဲ့ ရာသီဥတုအခြေအနေကြောင့် ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ညနေပိုင်းမှာ ကျင်းပတာဖြစ်တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုထားပါတယ်။

တိုင်းရင်းသားဒေသတွေနဲ့ ပြည်တွင်းနေရာတချို့မှာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြှင့်နေပြီး မြန်မာစစ်တပ်က စစ်စခန်းတွေ အများအပြား လက်လွှတ်ဆုံးရှုံးနေရချိန်မှာ တပ်မတော်နေ့ အခမ်းအနား ကျင်းပတာပါ။ စစ်တပ်တပ်ဖွဲ့ဝင် အများအပြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတာတွေ ရှိသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ လက်နက်ချ ခိုဝင်တာတွေလည်း ရှိနေပါတယ်။

၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)
၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)

ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူတွေကတော့ ဒုတိကမ္ဘာစစ်အတွင်း တိုင်းပြည်လွတ်လပ်ရေးအတွက် ဂျပန်တွေကို တွန်းလှန်ခဲ့တဲ့ နေ့ကို အကြောင်းပြုပြီး ပေါ်ပေါက်ခဲ့တဲ့နေ့ ဖြစ်တာကြောင့် တပ်မတော်နေ့အစား ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲ ခေါ်ဝေါ်လေ့ရှိပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ လေကြောင်းက ထိုးစစ်တွေကြောင့် လေယာဉ်ဆီ တင်ပို့မှုတွေ ပိတ်ပင်ဖို့၊ ဝင်ငွေ ရနိုင်တဲ့ အရင်းအမြစ်တွေကို ပိတ်ပင်ဖို့ တောင်းဆိုမှုတွေလည်း အရှိန်မြင့်လာနေပါတယ်။

ဒီနေ့ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားတွေဟာ စစ်တပ်အနေနဲ့ အင်အားခိုင်မာနေဆဲ ဖြစ်တာကို ပြသဖို့ ကြိုးပမ်းမှု ဖြစ်ပေမဲ့လည်း မြန်မာစစ်ကောင်စီဟာ ဆယ်စုနှစ်တွေအတွင်း သူ့ရဲ့ ရပ်တည်မှုအပေါ်အကြီးမားဆုံး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီး အင်အားချိ့နဲ့လာတာကို တွေ့နေရတယ်လို့ ပြည်တွင်း ပြည်ပ လေ့လာ အကဲခတ် သူတွေက ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG