သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ မိန့်ခွန်းကြောင့် စစ်ရာဇဝတ်မှုတွေ တိုးလာမှာကို အကဲခတ်တွေသတိပေး


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ၇၈နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ် ၂၇၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ၇၈နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ် ၂၇၊ ၂၀၂၃)

ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောသွားတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်သွားမယ်ဆိုတာ ဝန်ခံလိုက်တာဖြစ်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေက စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌက အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားမယ့်အကြောင်း ပြောလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

မြန်မာနိုင်ငံမှာ မနေ့က စစ်တပ်ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး စစ်ကောင်စီကို ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတွေက ပစ်မှတ်ထား အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဆန့်ကျင်တဲ့ အင်အားစုတွေကို အမြစ်ပြတ်ချေမှူန်းသွားမယ်လို့ သူ့ရဲ့ တပ်မတော်နေ့ မိန့်ခွန်းထဲမှာ အခိုင်အမာပြောကြားသွားပါတယ်။ ဒီအပေါ်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားတုံ့ပြန်ချက်ကို သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို အခုလို Zoom ကနေ ပြောသွားပါတယ်။

"တချိန်တုန်းကလည်း သူ့ကိုယ်သူ လူကောင်းယောင်ဆောင်ပြီးတော့ ငြိမ်းချမ်းရေးနှစ်ဖြစ်ရမယ်ဆိုပြီး ကြေညာသလို ကြေညာ၊ တဖက်သပ်အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ကြေညာတယ်ဆိုပြီး ကြေညာ၊ အားလုံးကလိမ်ညာနေတာ လူတိုင်းပဲသိပါတယ်။ ဆိုတော့ သူဘယ်လိုပဲ ပါးစပ်ဘယ်လိုကထွက်ထွက် မင်သားစကားပဲထွက်ထွက် ဘီလူးစကားပဲထွက်ထွက် သူလုပ်နေတဲ့ လုပ်ရပ်က လူသတ်နေတဲ့ လုပ်ရပ်။ အဲဒါကို သူလူသတ်နေတယ်ဆိုတာကို သူဝန်ခံပြီးတော့၊ ပြည်သူ့အစိုးရကို သူတို့ ပြည်သူတွေကိုသတ်ဖြတ်ဖို့ကြိုးစားမယ်ဆိုတာ သူဝန်ခံသွားတာပဲ။ ဒါက စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ဟာကို ဝန်ခံသွားခြင်းဖြစ်ပါတယ်။"

ဒါဆိုရင် NUG အနေနဲ့ရော ရှေ့ ဆက်ဘယ်လိုရပ်တည်သွားမလဲ။

"ကျွန်တော်တို့ NUG အစိုးရကတော့ ပြည်သူတွေရဲ့ဆန္ဒ၊ စစ်မှန်တဲ့ ဆန္ဒကိုဖြစ်အောင်လို့ သန်နိဌာန်ချပြီး ပြည်သူတွေနဲ့အတူရပ်တည် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့အစိုးရ၊ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ နွေဦးတော်လှန်ရေးကအစိုးရတရပ်ဖြစ်တာနဲ့ အညီပြည်သူတွေရဲ့ဆန္ဒအစစ်မှန်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကြမ်းကြုတ်ရက်စက်တဲ့စစ်အာဏာရှင်စနစ်ကိုကို အမြစ်ကနေ တွန်းလှန် ဖျက်ဆီးပြီးတော့ တိုင်းရင်သားပြည်သူလူထုတွေလိုချင်တောင့်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင်ကြိုးစားနေကြောင်းပြောကြားပါရစေ။"

NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော
NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေကို အကြမ်းဖက်လုပ်ရပ်ကို ထောက်ခံသူတွေအဖြစ် ရှုတ်ချခဲ့ပြီး သူတို့လုပ်ရပ်ဟာ မှားယွင်းနေသလို စစ်တပ်က ကိုယ်နည်းကိုယ်ဟန်နဲ့ဒီမိုကရေစီကို ပုံဖေါ်နေမှုမှာ ပူးပေါင်းပါဝင်သင့်ကြောင်း ပြောကြားခဲ့တာပါ။

တပ်မတော်နေ့ အခမ်းအနားအဖြစ် စစ်ကောင်စီက တရုတ်လုပ် တိုက်လေယာဉ်တချို့ကို သရုပ်ပြ ပြန်သန်းခဲ့ပါတယ်။ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေမှာ ပြင်းထန်လွန်ပြီး လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့ လုပ်ရပ်ကို ဟန့်တားနိုင်ရေး စစ်ကောင်စီနဲ့သူ့ကို ပံ့ပိုးနေတဲ့ လုပ်ငန်းရှင်တွေအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေက ထပ်ပြီးပိတ်ဆို့ အရေးယူတာဟာ ထိရောက်မှုမရှိဘူးဆိုတာကို ပြသနေတယ်လို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

အမေရိကန်အခြေစိုက် Campaign for a New Myanmar ရဲ့ ညွန်ကြားရေးမှူး Simon Billenness က အခုလို zoom ကနေ ဗွီအိုအေကိုပြောပါတယ်။

"ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ အပါအဝင် လက်ရှိအမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်တပ်အပေါ် ထိထိရောက်ရောက် ဖိအားပေးလုပ်ဆောင်တဲ့နေရာမှာ လွဲချော်နေတယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီတွေရောင်းချမှုကို ထိထိရောက်ရောက် တားမြစ်ပိတ်ပင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ မြန်မာလေတပ်အနေနဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသုံးမပြုနိုင်တော့ပဲ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်စေဖို့ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်လာမှာပါ။"

Campaign for a New Myanmar ရဲ့ ညွှန်ကြားရေးမှူး Simon Billenness
Campaign for a New Myanmar ရဲ့ ညွှန်ကြားရေးမှူး Simon Billenness

ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်ဆန့်ကျင်သူတွေကို အပြတ်ချေမှူန်းသွားမယ်လို့ ပြောဆိုတဲ့အပေါ်မှာ မအံသြမိကြောင်း Simon Billenness က အခုလိုပြောပါတယ်။

"ဥရောပသမဂ္ဂက ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေအတိုင်း လုပ်ဆောင်ဖို့ အမေရိကန်ကို ကျနော်တို့ ဖိအားပေးခဲ့ပါတယ်။ ဒါကတော့ စစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဒီအချက်ကို မလုပ်နိုင်ဘူးဖြစ်နေတယ်။ အမေရိကန်က ဒီလိုပိတ်ဆို့အရေးမယူထားတဲ့အတွက် မြန်မာစစ်တပ်အတွက် ရတနာ ဓါတ်ငွေ့ပိုက်လိုင်းကနေရတဲ့ ဝင်ငွေတွေဟာ ထိုင်းနိုင်ငံကနေတဆင့် စီးဝင်နေတယ်။ ဒါကြောင့် မြန်မာစစ်တပ်အပေါ် အမေရိကန်က ထိထိရောက်ရောက် ဖိအားပေးနိုင်ရက်သားနဲ့ မလုပ်ပဲ ပျက်ကွက်နေတယ်။ ဒါကြောင့် အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားတာကို ကျနော့်အနေနဲ့ မအံသြမိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့လုပ်ရပ်တွေကို ပြောင်းလဲစေဖို့ ထိရောက်တဲ့ ဖိအားပေးမှုမျိုးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အာဆီယံနိုင်ငံတွေက မလုပ်နိုင်လို့ပဲဖြစ်ပါတယ်။"

မနေ့က ထုတ်ပြန်တဲ့ ဗြိတိန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ထဲမှာ စစ်တပ်ကို လေယာဉ်လောင်စာဆီ တိုက်ရိုက်ထောက်ပံ့နေတဲ့ မြန်မာကုမ္ပဏီတွေကိုပဲ ပိတ်ဆို့အရေးယူတာဟာ ထိရောက်မှုမရှိဘူးလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကဗွီအိုအေကိုပြောပါတယ်။ စစ်တပ်ကနေ အရပ်သားအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ လေယာဉ်လောင်စာဆီတွေကိုလည်း မှာယူထားတဲ့အတွက် ပါဝင်ပတ်သက်နေတဲ့ UK Mutual Steam Ship Assurance Association ဗြိတိန်ကုမ္ပဏီတချို့ ကိုပါ ဗြိတိန်အစိုးရအနေနဲ့ ပိတ်ဆို့အရေးယူသင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG