သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပြဿနာတွေကို ယူကရိန်းအရေးလို ဝိုင်းဝန်းဖြေရှင်းဖို့ Amnesty အဖွဲ့တိုက်တွန်း



နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ယူကရိန်းပြည်သူတွေနဲ့ သွေးစည်းညီညွတ်မှုကို ပြသတာဟာ ကမ္ဘာ့ပေါ်က ပဋိပက္ခတွေကို တုံ့ပြန်တဲ့ အခြေခံ စံပြပုံစံ ဖြစ်သင့်ပြီး တခြားနေရာက ပဋိပက္ခတွေနဲ့ မတူ ချွင်းချက်သဘောမျိုး မဖြစ်သင့်တဲ့အကြောင်း Amnesty International (AI) လူ့အခွင့်အရေး အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပါအဝင်၊ အီသီယိုပီးယား၊ ယီမင်နဲ့ အာဖဂနစ္စတန်လို တခြားနေရာက ပဋိပက္ခတွေ တုံ့ပြန်ရာမှာ ယူကရိန်းအရေးလို အင်တိုက်အားတိုက် တုံ့ပြန်ဖို့ မနေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြဝေဖန်သွားပါတယ်။

ယူကရိန်းပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသဖို့ လိုတဲ့တချိန်တည်းမှာ တခြားပါလက်စတိုင်း၊ အစ်ရီထီရာ (Eritrea)နဲ့ မြန်မာနိုင်ငံက ပြည်သူတွေနဲ့လည်း သွေးစည်းညီညွတ်မှုကိုပြဖို့ လိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ မျဉ်းပြိုင်နှစ်ခုလို ဖြစ်စဉ်မျိုးတွေနဲ့ လှေနံနှစ်ဖက်နင်းတဲ့ ချဉ်းကပ်မှုတွေကို အရင်ကထက်ပို တွေ့ခဲ့ရပါတယ်ဆိုပြီး AI အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် အဲညက် ကယ်လ်မာ(Agnès Callamard) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။


ကမ္ဘာတဝန်း အကြမ်းဖက်မှုကြောင့် ထိခိုက်ရတဲ့ ပြည်သူတွေကို တုံ့ပြန်ရာမှာ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ တပြေးညီရှိဖို့နဲ့ တမျိုးဆီ မဖြစ်သင့်ဘူးလို့လည်း သူကဆိုပါတယ်။ ဒါ့အပြင်၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့တွေရဲ့ နှိမ်နှင်းမှုတွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ တိုးလာတာကိုလည်း AI အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG