(Zawgyi / Unicode)
ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ ARSA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လုိ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴးက ေျပာပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ သတင္းေပးပုိ႔ထားပါတယ္။
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ ကင္းလွည့္ေနတဲ့ ျမန္မာလုံၿခံဳေရးတပ္ဖြဲ႔ေတြနဲ႔ ARSA အဖြဲ႔တို႔ စေနေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။
“က်ေနာ္တုိ႔ ဒီမနက္မွာေတာ့ ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္မွာ ARSA နဲ႔ က်ေနာ္တုိ႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ ရွိတယ္။ မနက္ ၇ နာရီခြဲေလာက္မွာ နယ္ျခားမွတ္တိုင္ ဘီပီ-၄၁ ရဲကင္းစခန္း နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က သူ႔ရဲ႕ ပုံမွန္ နယ္ေျမလုံၿခံဳေရးအတြက္ နယ္ျခားၿခံစည္း႐ုိးတေလွ်ာက္မွာ ကင္းလွည့္ၿပီး ေဆာင္ရြက္ခဲ့တယ္။ ဘဂၤလားေဒ့ရွ္ဘက္ျခမ္းကေနၿပီးမွ ARSA အၾကမ္းဖက္ေသာင္းက်န္းသူက ဒီကင္းလွည့္ေနတဲ့အဖြဲ႔ကို ၿခံဳခိုတိုက္ခိုက္ခဲ့တာ ရွိတယ္။ နယ္ျခားေစာင့္ရဲအဖြဲ႔ရယ္ တပ္မေတာ္ကေနၿပီးေတာ့မွ စစ္ကူေပးၿပီး ေဆာင္ရြက္ခဲ့တယ္။ ၿခံဳခိုတိုက္ခိုက္ခဲ့တဲ့အတြက္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔က ဒုရဲအုပ္တေယာက္နဲ႔ စစ္တပ္ကတဦး ဒဏ္ရာရခဲ့တာ ရွိတယ္။”
တိုက္ပြဲအတြင္း ARSA ဘက္မွာ အထိအခိုက္ရွိမရွိ ဆိုတာကိုေတာ့ မသိရပါဘူး။
ဒီလပိုင္းေတြအတြင္း နယ္စပ္တေလွ်ာက္မွာ ARSA အဖြဲ႔ရဲ႕လႈပ္ရွားမႈ မ်ားလာတယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။
“က်ေနာ္တုိ႔အေနနဲ႔ကေတာ့ ICJ Report က ဒီေမလထဲမွာ တင္မွာပါ။ အဲဒီအခ်ိန္အတြင္းမွာ ARSA ရဲ႕ လႈပ္ရွားမႈေတြ ပိုမိုမ်ားျပားလာတဲ့သတင္း ရရွိထားတာ ရွိတဲ့အတြက္ နယ္ျခားေဒသ လုံၿခံဳေရးကို က်ေနာ္တုိ႔ စနစ္တက် ေဆာင္ရြက္လ်က္ရွိတယ္။”
ဧၿပီလကုန္ပိုင္းက ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွတ္တိုင္အမွတ္ ဘီပီ-၄၁ ရဲ႕ ေျမာက္ဘက္ မီတာ ၁၅၀၀ ခန႔္အကြာမွာ မသကၤာဖြယ္ရာ အမ်ိဳးသားႏွစ္ဦးကို ေတြ႔ရွိခဲ့လို႔ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနတဲ့အဖြဲ႔က စစ္ေဆးဖို႔ ေခၚယူခဲ့ေပမယ့္ ထြက္ေျပးသြားတဲ့အတြက္ ပစ္ခတ္ခဲ့ရတယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
အေသဖမ္းဆီးရမိတဲ့ အဲဒီအမ်ိဳးသားႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းနဲ႔အတူ မူးယစ္ေဆးဝါး၊ မိုင္းနဲ႔ ဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းရခဲ့ၿပီး ေအာင္ဇူနယ္ေျမရဲစခန္းကို အပ္ႏွံေၾကာင္း ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ့ရ္ႏိုင္ငံ နယ္စပ္နဲ႔ ထိစပ္ေနတဲ့ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ ARSA အဖြဲ႔က မၾကာခနဆိုသလို ဗုံးခြဲတိုက္ခိုက္တာ ၿခဳံခိုတိုက္ခိုက္တာေတြ လုပ္ေလ့ရွိပါတယ္။
၂၀၂၀ ျပည့္ႏွစ္ အစပိုင္းမွာ နယ္ျခားေစာင့္ရဲအဖြဲ႔ ဒုရဲမွဴးတဦးနဲ႔ ရဲတပ္ဖြဲ႔၀င္တခ်ိဳ႕ ကားမိုင္းခြဲခံရလို႔ ေသဆုံးခဲ့သလို ARSA အဖြဲ႔က တိုက္ခိုက္လို႔ ေအာင္ဇူနယ္ေျမရဲစခန္းက ရဲတပ္ဖြဲ႔၀င္တခ်ိဳ႕ က်ဆုံးခဲ့တယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ နယ္ျခားေစာင့္စခန္း ၃၀ ဝန္းက်င္ကို လက္နက္ကိုင္ေဆာင္ထားတဲ့ ARSA အမည္ခံ ႐ိုဟင္ဂ်ာေတြက အုပ္စုဖြဲ႔ တိုက္ခိုက္ခဲ့လို႔ ၃၈ ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔ဝင္ ၁၂ ဦး ေသဆုံးခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
အဲဒီ အခင္းျဖစ္ပြားၿပီးေနာက္ပိုင္း တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္တာမွာ ႐ုိဟင္ဂ်ာ ၇ သိန္းေက်ာ္ ေနရပ္ကေန ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးၿပီး ဒုကၡသည္အျဖစ္ ေနထိုင္ေနရပါတယ္။
႐ုိဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံတဲ့ ျမန္မာအစိုးရက အဲဒီဒုကၡသည္ေတြကို ျပန္လည္လက္ခံေရး အစီအစဥ္ေတြ လုပ္ေဆာင္ထားေပမယ့္လည္း လက္ရွိ COVID-19 ကပ္ေရာဂါ က်ေရာက္ေနခ်ိန္မွာ အဲဒီအစီအစဥ္ေတြအားလံုး ရပ္ဆိုင္းေနပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းေတြတုန္းကေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္လာတဲ့ ဒုကၡသည္တခ်ိဳ႕ေတာ့ ရွိခဲ့ပါတယ္။
-------------------------------
(Unicode)
ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်မတော်ပြော
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ကင်းလှည့်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ARSA အဖွဲ့တို့ စနေနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ဒီမနက်မှာတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ARSA နဲ့ ကျနော်တို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ရှိတယ်။ မနက် ၇ နာရီခွဲလောက်မှာ နယ်ခြားမှတ်တိုင် ဘီပီ-၄၁ ရဲကင်းစခန်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က သူ့ရဲ့ ပုံမှန် နယ်မြေလုံခြုံရေးအတွက် နယ်ခြားခြံစည်းရိုးတလျှောက်မှာ ကင်းလှည့်ပြီး ဆောင်ရွက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေပြီးမှ ARSA အကြမ်းဖက်သောင်းကျန်းသူက ဒီကင်းလှည့်နေတဲ့အဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာ ရှိတယ်။ နယ်ခြားစောင့်ရဲအဖွဲ့ရယ် တပ်မတော်ကနေပြီးတော့မှ စစ်ကူပေးပြီး ဆောင်ရွက်ခဲ့တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲအုပ်တယောက်နဲ့ စစ်တပ်ကတဦး ဒဏ်ရာရခဲ့တာ ရှိတယ်။”
တိုက်ပွဲအတွင်း ARSA ဘက်မှာ အထိအခိုက်ရှိမရှိ ဆိုတာကိုတော့ မသိရပါဘူး။
ဒီလပိုင်းတွေအတွင်း နယ်စပ်တလျှောက်မှာ ARSA အဖွဲ့ရဲ့လှုပ်ရှားမှု များလာတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ ICJ Report က ဒီမေလထဲမှာ တင်မှာပါ။ အဲဒီအချိန်အတွင်းမှာ ARSA ရဲ့ လှုပ်ရှားမှုတွေ ပိုမိုများပြားလာတဲ့သတင်း ရရှိထားတာ ရှိတဲ့အတွက် နယ်ခြားဒေသ လုံခြုံရေးကို ကျနော်တို့ စနစ်တကျ ဆောင်ရွက်လျက်ရှိတယ်။”
ဧပြီလကုန်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ရဲ့ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့လို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့က စစ်ဆေးဖို့ ခေါ်ယူခဲ့ပေမယ့် ထွက်ပြေးသွားတဲ့အတွက် ပစ်ခတ်ခဲ့ရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အသေဖမ်းဆီးရမိတဲ့ အဲဒီအမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းနဲ့အတူ မူးယစ်ဆေးဝါး၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရခဲ့ပြီး အောင်ဇူနယ်မြေရဲစခန်းကို အပ်နှံကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရ်နိုင်ငံ နယ်စပ်နဲ့ ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာ ARSA အဖွဲ့က မကြာခနဆိုသလို ဗုံးခွဲတိုက်ခိုက်တာ ခြုံခိုတိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။
၂၀၂၀ ပြည့်နှစ် အစပိုင်းမှာ နယ်ခြားစောင့်ရဲအဖွဲ့ ဒုရဲမှူးတဦးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကားမိုင်းခွဲခံရလို့ သေဆုံးခဲ့သလို ARSA အဖွဲ့က တိုက်ခိုက်လို့ အောင်ဇူနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ နယ်ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လို့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ အခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာမှာ ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးပြီး ဒုက္ခသည်အဖြစ် နေထိုင်နေရပါတယ်။
ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံတဲ့ မြန်မာအစိုးရက အဲဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေ လုပ်ဆောင်ထားပေမယ့်လည်း လက်ရှိ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်မှာ အဲဒီအစီအစဉ်တွေအားလုံး ရပ်ဆိုင်းနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာတဲ့ ဒုက္ခသည်တချို့တော့ ရှိခဲ့ပါတယ်။