သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူ အင္ငုတ္တိုရြာ အိမ္ေျခ ၁၀၀ ေက်ာ္ မီး႐ႈိ႕ဖ်က္ဆီးခံရ


စစ္ကုိင္းတုိင္းေဒသႀကီး၊ ကန္႔ဘလူၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားျပေျမပုံ။ (Credit: MIMU)

(Zawgyi / Unicode)

စစ္ေကာင္စီအင္အား ၉၀ ေက်ာ္ဟာ ကန္႔ဘလူၿမိဳ႕နယ္ အင္ငုတ္တိုရြာကို ဧၿပီလ ၂၉ ရက္ေန႔က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ဝင္ေရာက္လာၿပီး ေနအိမ္ေတြကို မီး႐ႈိ႕တာ၊ ဖ်က္ဆီးတာေတြ လုပ္ခဲ့တယ္လို႔ ေက်းရြာသားေတြက ေျပာပါတယ္။ ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ဆုံး႐ႈံးခဲ့ၿပီး ထြက္ေျပးေနၾကရတဲ့ ရြာသားေတြမွာ ေနေရးစားေရး အခက္ေတြ႔ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔တာကို အလိမၼာ ေျပာျပမွာပါ။

ကန္႔ဘလူၿမိဳ႕နယ္ အင္ငုတ္တိုေက်းရြာကို ေသာၾကာေန႔ မေန႔က မနက္ ၁၀ နာရီ ဝန္းက်င္ေလာက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြ ပူးေပါင္းၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ဝင္ေရာက္လာတာေၾကာင့္ ရြာသားေတြအားလုံး ထြက္ေျပးေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အင္ငုတ္တိုရြာအနီးက ေက်းရြာတခုျဖစ္တဲ့ ေပါက္ေတာရြာမွာ ဧၿပီ ၂၈ ရက္ေန႔ကစၿပီး စခန္းခ်ေနတဲ့ စစ္ေကာင္စီတပ္ေတြက ပ်ဴေစာထီးေတြနဲ႔ ေပါင္းၿပီး အင္ငုတ္တိုရြာကို လက္နက္ႀကီးေတြနဲ႔ေရာ စက္ေသနတ္ေတြနဲ႔ပါ ပစ္ခတ္ဝင္ေရာက္လာတာလို႔ ေဒသခံက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔က ခ်က္ႀကီးရြာက ပ်ဴေစာထီးေတြနဲ႔ ေပါင္းၿပီးေတာ့ က်ေနာ္တုိ႔ရြာကို ဝင္တယ္။ မနက္ ၁၀ နာရီေလာက္က စဝင္တာ။ ပထမဆုံး သူတို႔ လက္နက္ႀကီးေတြနဲ႔ စပစ္တယ္။ ေနာက္ လက္နက္ငယ္ေတြနဲ႔လည္း ပစ္တယ္ေပါ့ေနာ္။ Machine Gun ေခၚတဲ့ဟာေပါ့၊ အဲ့ဒါေတြနဲ႔ ပစ္တယ္။ အဲ့လို စပစ္ၿပီးေတာ့မွ သူတို႔က ရြာထဲဝင္လာတယ္။ ရြာထဲဝင္လာေတာ့ သူတို႔ေတြက က်ေနာ္တို႔ရြာထိပ္မွာ ေခ်ာင္းေလးတေခ်ာင္း ရွိတယ္။ အဲ့ဒီ ေခ်ာင္းေလးအတိုင္း ဝင္လာတယ္ တခ်ဳိ႕တဝက္က။ တခ်ဳိ႕က အဲ့ကေနမွ ျပန္ၿပီးမွ ရြာထဲကို ခ်က္ႀကီးနဲ႔ ဆက္သြယ္ထားတဲ့ လမ္းအတိုင္း ဝင္လာတာေပါ့။ အဲ့ဒီကေနစၿပီးမွ ၁၀ နာရီခြဲေလာက္က်ေတာ့ ရြာထဲကို လက္နက္ႀကီးနဲ႔ပစ္တယ္။ တခ်ိဳ႕အိမ္ေတြကေတာ့ လက္နက္ႀကီးက်လို႔ မီးေလာင္တယ္။ က်ေနာ္ၾကားမိတာေတာ့ လက္နက္ႀကီးက အလုံး ၃၀ ေလာက္ ပစ္တယ္၊ ခန္႔မွန္းေပါ့ေနာ္။ ျပန္ထြက္သြားေတာ့ ၂ လုံးလားမသိဘူး ထပ္ပစ္ေသးတယ္။”

လက္နက္ႀကီးေၾကာင့္ အိမ္တခ်ိဳ႕ မီးေလာင္သလို တခ်ိဳ႕အိမ္ေတြကိုေတာ့ စစ္ေကာင္စီတပ္သားေတြ ကိုယ္တိုင္ ႐ႈိ႕ခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။ အိမ္အလုံး ၁၂၀ ဝန္းက်င္ မီးေလာင္သြားသလို စပါးေတြနဲ႔ ကၽြဲေတြႏြားေတြဝက္ေတြလည္း မီးထဲပါသြားတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ရြာက အိမ္ေျခ ၃၅၀ ေလာက္ေတာ့ ရွိတယ္ဗ်။ တခ်ဳိ႕အိမ္ေတြကေတာ့ လက္နက္ႀကီးက်လို႔ မီးေလာင္တယ္။ တခ်ဳိ႕အိမ္ေတြက်ေတာ့ သူတို႔ကိုယ္တိုင္ ႐ႈိ႕တာေပါ့။ ရြာလယ္ေကာင္လမ္းမႀကီးရဲ႕ အေရွ႕ဘက္အျခမ္းက အိမ္ေျခအကုန္လုံးနီးပါး ေလာင္သြားတယ္။ ေလာေလာဆယ္ အကုန္လုံး ေလာင္သြားတာက ၁၂၀ ေလာက္ေတာ့ ရွိတယ္။ သူတို႔႐ႈိ႕သြားတာ။ အဲ့မွာေလာင္သြားတာက ဘာေတြပါသြားသလဲဆိုေတာ့ တခ်ိဳ႕တခ်ိဳ႕ေသာ အိမ္ေတြက စပါးေတြပါတယ္။ တခ်ဳိ႕အိမ္ေတြက ႏြားေတြ၊ တခ်ဳိ႕အိမ္ေတြက ဝက္ေတြေပါ့ေနာ္။ အိမ္ေမြးတိရစာၦန္ေတြ ၾကက္ေတြေရာ အကုန္ပါသြားတာ ေတြ႔တယ္။”

စစ္ေကာင္စီတပ္ေတြ ဝင္မလာခင္ ႀကိဳတင္သတင္းရတဲ့အတြက္ ရြာသားေတြ ေရွာင္တိမ္းႏိုင္ခဲ့ၿပီး ဖမ္းဆီးခံရတာ ထိခိုက္ဒဏ္ရာရတာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ စစ္ေကာင္စီတပ္ေတြ ရြာကထြက္သြားေပမဲ့ ေက်းရြာသားေတြကေတာ့ ရြာကိုမျပန္ရဲဘဲ ေတာထဲမွာပဲ ပုန္းေအာင္ေနၾကရတယ္လို႔ ေဒသခံက ေျပာပါတယ္။

“ရြာထဲကိုေတာ့ တခ်ဳိ႕တဝက္ကေတာ့ ျပန္ၿပီးေတာ့ ပစၥည္းေလးေတြ၊ ေစာင္ေလးေတြ၊ စားစရာေလးေတြ လာယူတာေတာ့ ရွိတယ္။ ျပန္လာလို႔ေတာ့ မရေသးဘူးေပါ့။ ခုေလာေလာဆယ္ကေတာ့ ေျမႀကီးေပၚအိပ္တဲ့သူကအိပ္၊ တခ်ဳိ႕ေတြကလည္း လယ္ေတာေတြ ဘာေတြမွာေပါ့။ အားလုံးကေတာ့ ဒီလိုပဲ အဆင္ေျပသလို လုပ္ၿပီးပဲ ေနၾကရတာေပါ့။”

စစ္ေရွာင္ေတြအတြက္ အစားအေသာက္နဲ႔ ေနထိုင္ေရး အခက္အခဲေတြ ရွိေနၾကပါတယ္။ အင္ငုတ္တိုရြာအနီးမွာ တိုက္ပြဲေတြ မရွိေပမဲ့ ရြာနီးဝန္းက်င္ ေနရာတခ်ဳိ႕မွာ မိုင္းေပါက္ကြဲမႈတခ်ဳိ႕ ရွိတာေၾကာင့္ စစ္ေကာင္စီတပ္ေတြက အင္ငုတ္တိုရြာမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ရွိႏိုင္တယ္လို႔ ယူဆၿပီး ဝင္ေရာက္ရွင္းလင္းတာ ျဖစ္ႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ အင္ငုတ္တိုရြာနဲ႔ ပတ္သက္လို႔ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ဒါေပမဲ့ စစ္ကိုင္းတိုင္းအတြင္း PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ ေက်းရြာေတြကို အကာအကြယ္ယူၿပီး သူတို႔ကို တိုက္ခိုက္ေနတာေၾကာင့္ ေက်းရြာကို အထိမနာေစဘဲ နယ္ေျမရွင္းလင္းေရးေတြ ေဆာင္ရြက္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာဆိုဖူးပါတယ္။ စစ္ကိုင္းတိုင္းအတြင္း ခုလို နယ္ေျမရွင္းလင္း စစ္ဆင္ေရးေတြေၾကာင့္လည္း ေဒသခံေက်းရြာသား ေသာင္းနဲ႔ခ်ီၿပီး အိုးအိမ္စြန႔္ခြာ ေျပးေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ကန့်ဘလူ အင်ငုတ်တိုရွာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီအင်အား ၉၀ ကျော်ဟာ ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာကို ဧပြီလ ၂၉ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ထွက်ပြေးနေကြရတဲ့ ရွာသားတွေမှာ နေရေးစားရေး အခက်တွေ့နေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို အလိမ္မာ ပြောပြမှာပါ။

ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာကို သောကြာနေ့ မနေ့က မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသားတွေအားလုံး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်ငုတ်တိုရွာအနီးက ကျေးရွာတခုဖြစ်တဲ့ ပေါက်တောရွာမှာ ဧပြီ ၂၈ ရက်နေ့ကစပြီး စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေက ပျူစောထီးတွေနဲ့ ပေါင်းပြီး အင်ငုတ်တိုရွာကို လက်နက်ကြီးတွေနဲ့ရော စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ဝင်ရောက်လာတာလို့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က ချက်ကြီးရွာက ပျူစောထီးတွေနဲ့ ပေါင်းပြီးတော့ ကျနော်တို့ရွာကို ဝင်တယ်။ မနက် ၁၀ နာရီလောက်က စဝင်တာ။ ပထမဆုံး သူတို့ လက်နက်ကြီးတွေနဲ့ စပစ်တယ်။ နောက် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်ပေါ့နော်။ Machine Gun ခေါ်တဲ့ဟာပေါ့၊ အဲ့ဒါတွေနဲ့ ပစ်တယ်။ အဲ့လို စပစ်ပြီးတော့မှ သူတို့က ရွာထဲဝင်လာတယ်။ ရွာထဲဝင်လာတော့ သူတို့တွေက ကျနော်တို့ရွာထိပ်မှာ ချောင်းလေးတချောင်း ရှိတယ်။ အဲ့ဒီ ချောင်းလေးအတိုင်း ဝင်လာတယ် တချို့တဝက်က။ တချို့က အဲ့ကနေမှ ပြန်ပြီးမှ ရွာထဲကို ချက်ကြီးနဲ့ ဆက်သွယ်ထားတဲ့ လမ်းအတိုင်း ဝင်လာတာပေါ့။ အဲ့ဒီကနေစပြီးမှ ၁၀ နာရီခွဲလောက်ကျတော့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ တချို့အိမ်တွေကတော့ လက်နက်ကြီးကျလို့ မီးလောင်တယ်။ ကျနော်ကြားမိတာတော့ လက်နက်ကြီးက အလုံး ၃၀ လောက် ပစ်တယ်၊ ခန့်မှန်းပေါ့နော်။ ပြန်ထွက်သွားတော့ ၂ လုံးလားမသိဘူး ထပ်ပစ်သေးတယ်။”

လက်နက်ကြီးကြောင့် အိမ်တချို့ မီးလောင်သလို တချို့အိမ်တွေကိုတော့ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင် ရှို့ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ အိမ်အလုံး ၁၂၀ ဝန်းကျင် မီးလောင်သွားသလို စပါးတွေနဲ့ ကျွဲတွေနွားတွေဝက်တွေလည်း မီးထဲပါသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာက အိမ်ခြေ ၃၅၀ လောက်တော့ ရှိတယ်ဗျ။ တချို့အိမ်တွေကတော့ လက်နက်ကြီးကျလို့ မီးလောင်တယ်။ တချို့အိမ်တွေကျတော့ သူတို့ကိုယ်တိုင် ရှို့တာပေါ့။ ရွာလယ်ကောင်လမ်းမကြီးရဲ့ အရှေ့ဘက်အခြမ်းက အိမ်ခြေအကုန်လုံးနီးပါး လောင်သွားတယ်။ လောလောဆယ် အကုန်လုံး လောင်သွားတာက ၁၂၀ လောက်တော့ ရှိတယ်။ သူတို့ရှို့သွားတာ။ အဲ့မှာလောင်သွားတာက ဘာတွေပါသွားသလဲဆိုတော့ တချို့တချို့သော အိမ်တွေက စပါးတွေပါတယ်။ တချို့အိမ်တွေက နွားတွေ၊ တချို့အိမ်တွေက ဝက်တွေပေါ့နော်။ အိမ်မွေးတိရစ္ဆာန်တွေ ကြက်တွေရော အကုန်ပါသွားတာ တွေ့တယ်။”

စစ်ကောင်စီတပ်တွေ ဝင်မလာခင် ကြိုတင်သတင်းရတဲ့အတွက် ရွာသားတွေ ရှောင်တိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးခံရတာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ရွာကထွက်သွားပေမဲ့ ကျေးရွာသားတွေကတော့ ရွာကိုမပြန်ရဲဘဲ တောထဲမှာပဲ ပုန်းအောင်နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

“ရွာထဲကိုတော့ တချို့တဝက်ကတော့ ပြန်ပြီးတော့ ပစ္စည်းလေးတွေ၊ စောင်လေးတွေ၊ စားစရာလေးတွေ လာယူတာတော့ ရှိတယ်။ ပြန်လာလို့တော့ မရသေးဘူးပေါ့။ ခုလောလောဆယ်ကတော့ မြေကြီးပေါ်အိပ်တဲ့သူကအိပ်၊ တချို့တွေကလည်း လယ်တောတွေ ဘာတွေမှာပေါ့။ အားလုံးကတော့ ဒီလိုပဲ အဆင်ပြေသလို လုပ်ပြီးပဲ နေကြရတာပေါ့။”

စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ နေထိုင်ရေး အခက်အခဲတွေ ရှိနေကြပါတယ်။ အင်ငုတ်တိုရွာအနီးမှာ တိုက်ပွဲတွေ မရှိပေမဲ့ ရွာနီးဝန်းကျင် နေရာတချို့မှာ မိုင်းပေါက်ကွဲမှုတချို့ ရှိတာကြောင့် စစ်ကောင်စီတပ်တွေက အင်ငုတ်တိုရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနိုင်တယ်လို့ ယူဆပြီး ဝင်ရောက်ရှင်းလင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ အင်ငုတ်တိုရွာနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကိုင်းတိုင်းအတွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျေးရွာတွေကို အကာအကွယ်ယူပြီး သူတို့ကို တိုက်ခိုက်နေတာကြောင့် ကျေးရွာကို အထိမနာစေဘဲ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုဖူးပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ခုလို နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကြောင့်လည်း ဒေသခံကျေးရွာသား သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ပြေးနေကြရပါတယ်။

XS
SM
MD
LG