သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားလံုၿခံဳေရးစည္းေ၀း 


ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားလံုျခံဳေရးေစာင့္ေနစဥ္

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္- ျမန္မာ ႏွစ္ႏိုင္ငံ နယ္ျခား လုံျခဳံေရးတပ္ဖြဲ႔ေတြရဲ႕ ငါးရက္ၾကာ အဆင့္ျမင့္ ေဆြးေႏြးပြဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Dhaka ၿမိဳ႕မွာ မေန႔က စတင္က်င္းပၿပီး တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္မႈေတြ၊ ႏွစ္ႏိုင္ငံ နယ္ျခား ပူးေပါင္း ကင္းလွည္႔ေရး အစီအစဥ္ေတြနဲ႔ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးကိစၥေတြကို အဓိက ေဆြးေႏြးမယ္လ္ို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ နယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္ထားပါတယ္။

ပုံမွန္က်င္းပေနၾက နယ္စပ္လုံျခဳံေရး သတၱမအႀကိမ္ အစည္းအေ၀း ျဖစ္တဲ့အတြက္ နယ္ျခား မူးယစ္ေဆးဝါး ကုန္ကူးမႈ တိုက္ဖ်က္ေရးနဲ႔ နယ္စပ္ေက်ာ္ ရာဇ၀တ္မႈ ဟန္႔တားေရး ကိစၥေတြအျပင္ ႏွစ္ႏိုင္ငံ တပ္ဖြဲ႔ေတြအၾကား အျပန္အလွန္ သတင္းအခ်က္အလက္ ဖလွယ္ေရး ကိစၥေတြလည္းလည္း ပါ၀င္ပါလိမ့္မယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ဗိုလ္မွဴးခ်ဳပ္ မ်ဳိးသန္း ဦးေဆာင္တဲ့ အဖြဲ႔၀င္ ၈ ဦးပါ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က နယ္ျခားေစာင့္တပ္ အႀကီးအကဲ ဗိုလ္မွဴးခ်ဳပ္ Shafeenu Islam ဦးေဆာင္တဲ့ အဖြဲ႔၀င္ ၁၄ ဦးပါ ကိုယ္စားလွယ္အဖြဲ႔ ေတြ႕ဆုံေဆြးေႏြးၾကတာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေရာက္ေနတဲ့ ဒုကၡသည္အေရးကိစၥကို ေဆြးေႏြးႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံထုတ္ သတင္းတခ်ဳိ႕မွာ ခန္႔မွန္း ေဖၚျပေပမယ့္ ဒီအစည္းအေ၀းဟာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္နဲ႔ သေဘာတူညီခ်က္ေတြထက္၊ နယ္ျခား လုံျခဳေရးကိစၥေတြကို အဓိက ဦးစားေပး ေဆြးေႏြးမယ့္ပုံ ရွိေနပါတယ္။ေဆြးေႏြးပြဲ မွတ္တမ္း ပူးတြဲ ထုတ္ျပန္ခ်က္ကို ဇန္နဝါရီလ ၈ ရက္ေန႔မွာ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္ေတြ လက္မွတ္ေရးထိုးဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားလုံခြုံရေးစည်းဝေး

(Unicode)

ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ နယ်ခြား လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ငါးရက်ကြာ အဆင့်မြင့် ဆွေးနွေးပွဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့မှာ မနေ့က စတင်ကျင်းပပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ၊ နှစ်နိုင်ငံ နယ်ခြား ပူးပေါင်း ကင်းလှည့်ရေး အစီအစဉ်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ပုံမှန်ကျင်းပနေကြ နယ်စပ်လုံခြုံရေး သတ္တမအကြိမ် အစည်းအဝေး ဖြစ်တဲ့အတွက် နယ်ခြား မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ နယ်စပ်ကျော် ရာဇဝတ်မှု ဟန့်တားရေး ကိစ္စတွေအပြင် နှစ်နိုင်ငံ တပ်ဖွဲ့တွေအကြား အပြန်အလှန် သတင်းအချက်အလက် ဖလှယ်ရေး ကိစ္စတွေလည်းလည်း ပါဝင်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗိုလ်မှူးချုပ် မျိုးသန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးချုပ် Shafeenu Islam ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်အရေးကိစ္စကို ဆွေးနွေးနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတချို့မှာ ခန့်မှန်း ဖေါ်ပြပေမယ့် ဒီအစည်းအဝေးဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်နဲ့ သဘောတူညီချက်တွေထက်၊ နယ်ခြား လုံခြုရေးကိစ္စတွေကို အဓိက ဦးစားပေး ဆွေးနွေးမယ့်ပုံ ရှိနေပါတယ်။ဆွေးနွေးပွဲ မှတ်တမ်း ပူးတွဲ ထုတ်ပြန်ချက်ကို ဇန်နဝါရီလ ၈ ရက်နေ့မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG