သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့


၂၃ ရက်နိုဝင်ဘာလ ၂၀၁၇ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည် ပြန်ပို့ရေးအစီအစဉ် လက်မှတ်ထိုးစဉ် (Zaw Htay)
၂၃ ရက်နိုဝင်ဘာလ ၂၀၁၇ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည် ပြန်ပို့ရေးအစီအစဉ် လက်မှတ်ထိုးစဉ် (Zaw Htay)

ရခိုင်ပြည်နယ်ဖက်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားကြသူတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ၂ နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ကို ဒီကနေ့ ဖွ့ဲစည်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား နိုဝင်ဘာ ၂၃ ရက်နေ့က သဘောတူခဲ့တဲ့ကြတဲ့ သဘောတူညီချက်အရ ဒီလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ တနိုင်ငံကို အဖွဲ့ဝင် ၁၅ ယောက်ပါပြီး စုစုပေါင်း အဖွဲ့ဝင် ၃၀ ပါတဲ့ ပူးတွဲလုပ်ငန်းအဖွဲ့မှာ မြန်မာနိုင်ငံဖက်က နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဦးဆောင်ပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်ကတော့ နိုင်ငံခြားရေးဌာန အတွင်းဝန် Md. Shahidul Haque က ဦးဆောင်ပါတယ်။ ဦးမြင့်သူဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ Md. Haque ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ဒါကားမြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ပူးတွဲလုပ်ငန်းအဖွဲ့အနေနဲ့ ပြန်လာကြမယ့်သူတွေကို စိစစ်ရေး၊ အချိန်ဇယား၊ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးအစီအစဉ်။ လက်ခံမယ့် လုပ်ထုံး လုပ်နည်းနဲ့ ဆက်သွယ်ရေး စတာတွေကို ဒုက္ခသည်ပြန်လည် ပို့ဆောင်ရးလုပ်ငန်းစဉ်ပါ အစီအစဉ်အရ သဘောတူထားတဲ့ အချိန်အတိုင်းအတာ ဘောင်အတွင်းမှာ လုပ်ငန်းစတင်ဖို့ ဖြစ်ပါတယ်။ သဘောတူစာချုပ် ချုပ်ဆိုပြီး ၂ လအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ပူးတွဲကော်မတီက အသေအချာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က သဘောတူ စာချုပ်အရဆိုရင် နေရပ်ပြန်ပို့ရေးကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်ရမှာဖြစ်ပေမဲ့ ဖေဖော်ဝါရီလလောက်မှ စတင်နိုင်မယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဌာနသတင်းရပ်ကွက်ကို ကိုကားပြီး Daily Star သတင်းထဲမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG