သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နေရာတချို့မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ


၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ
၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ

မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ် သန်းခေါင်းစာရင်းကောက်ယူမှုတွေကို စစ်ကောင်စီက စတင်လိုက်ပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်အတွက် မနေ့တုန်းက နေပြည်တော်မှာ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ကြည့်ရှုခဲ့တယ်လို့လည်း ဖော်ပြခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ကောင်စီက ၁ နှစ်အလိုမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အပြီးသတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းတွေမှာတော့ သန်းခေါင်စာရင်းစမ်းသပ်ကောက်ယူမှုကို ကရင်၊ ပဲခူးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ စတင်ခဲ့တယ်လို့ ဖော်ပြထားပြီး၊ အဲ့ဒီနေရာတွေဟာ လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ
၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ

၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမယ့် အစီအစဉ် မတိုင်ခင် စတင်လိုက်တဲ့ စမ်းသပ်မှုဟာ အတိုက်အခံ အင်အားစုတွေကို စစ်ဆေးစောင့်ကြည့်ဖို့ ရည်ရွယ်ချက်လည်း ပါနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို စစ်ဆေးစောင့်ကြည့်တာတွေ လုပ်လာနိုင်တယ်လို့လည်း ဝေဖန်သူတွေက ခန့်မှန်းနေကြပါတယ်။

အမေရိကန် အစိုးရကတော့ စစ်ကောင်စီလက်ထက်မှာ လုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို အတုအယောင်သာဖြစ်တယ်လို့ ပြောထားပြီး၊ ဒီလုပ်ရပ်ကြောင့် သွေးထွက်သံယို ပဋိပက္ခတွေ ပိုများလာနိုင်တယ်လို့လည်း သတိပေးထားတာပါ။ ရုရှားကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်ကို ထောက်ခံကြောင်းနဲ့ ရုရှားရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG