ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ တၿပိဳင္တည္းေကာက္ယူဖို႔ စစ္ေကာင္စီဘက္က ျပင္ဆင္ေနပါတယ္။ သန္းေခါင္စာရင္းေကာက္ၿပီးမွ ေ႐ြးေကာက္ပြဲက်င္းပႏိုင္တယ္ဆိုတဲ့ တြက္ဆမႈေတြလည္းရွိေနပါတယ္။ စစ္ေကာင္စီကဘက္ကေတာ့ ေနရာအႏွံ႔ေ႐ြးေကာက္ပြဲက်င္းပဖို႔သာ ျပင္ဆင္ေနတယ္လို႔ တုံ႔ျပန္ပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို အေျခခံၿပီး မစုျမတ္မြန္က ေျပာျပမွာပါ။
တႏိုင္ငံလုံး သန္းေခါင္းစာရင္းေကာက္ခံမႈကို ေရွ႕ႏွစ္ ေအာက္တိုဘာ ၁ ရက္မွာ စတင္ေကာက္ခံသြားမယ္လို႔ ႏိုင္ငံပိုင္းသတင္းစာေတြမွာ ေဖာ္ျပခဲ့ၿပီးေနာက္ ေ႐ြးေကာက္ပြဲ ေနာက္ဆုတ္သြားမလားဆိုတဲ့ သုံးသပ္မႈေတြ ထြက္ေပၚလာခဲ့တာပါ။ အေရးေပၚကာလသက္တမ္း တိုးျမႇင့္ဖို႔ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က က်င္းပခဲ့တဲ့ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လုံၿခဳံေရး အစည္းအေဝးမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး လူဦးေရစာရင္းေတြ မွန္ကန္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနေသးတယ္လို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုခဲ့တာမို႔ အခုလို သုံးသပ္ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၂၄ သန္းေခါင္စာရင္းေကာက္ၿပီးမွ ေ႐ြးေကာက္ပြဲက်င္းပမွာလားလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို ဗြီအိုေအက ေမးတဲ့အခါ သူက အခုလို တုန႔္ျပန္ ပါတယ္။
“က်ေနာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔က ဦးတည္ခ်က္ေတြ ေရွ႕လုပ္ငန္းစဥ္ေတြ ရွိပါတယ္။ ေရွ႕လုပ္ငန္းစဥ္ေတြမွာ ပါၿပီးသား ျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ ဦးတည္ေဆာင္႐ြက္တာသည္ ျပည္သူလူထုဘဝ တည္ၿငိမ္ေအးခ်မ္းေရး၊ ၿပီးရင္ လမ္းပန္းဆက္သြယ္ေရး ဦးတည္မယ္ဆိုတာ ပါၿပီးျဖစ္ပါတယ္။ ဒါေတြ ဦးတည္ေနတာသည္ ခုနေျပာတဲ့ ေ႐ြးေကာက္ပြဲကိုေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ပ်ံ႕ပ်ံ႕ႏွံ႔ႏွံလုပ္ႏိုင္ဖို႔ တိုင္းရင္းသားျပည္သူတရပ္လုံး ပါဝင္ႏိုင္ဖို႔ အၿမဲဦးတည္ေဆာင္ ႐ြက္လ်က္ရွိပါတယ္။”
စစ္ေကာင္စီဘက္က ေ႐ြးေကာက္ပြဲတစ္ရပ္ျပဳလုပ္မယ္လို႔ ေၾကညာထားေပမဲ့ ဘယ္ေတာ့လဲဆိုတာ အတိအက်ေျပာျခင္း မရွိေသးပါဘူး ေ႐ြးေကာက္ပြဲအတြက္ အခ်ိန္ဇယား ဘယ္လိုသတ္မွတ္ထားသလဲလို႔ စစ္ေကာင္စီ ေျပာခြင့္ရကို ဗြီအိုေအက အႀကိမ္ႀကိမ္ ေမးေပမယ့္ ရွင္းရွင္းလင္း လင္းျပန္ေျဖတာ မရွိခဲ့ပါဘူး။ လက္ရွိမွာေတာ့ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္တဲ့အေနနဲ႔ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒသစ္အရ ႏိုင္ငံေရးပါတီေတြ မွတ္ပုံတင္ေလွ်ာက္ထားဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က အခ်ိန္ ၂ လ ေပးထားပါတယ္။ ဒါေတြၿပီးစီးသြားမွသာ ေ႐ြးေကာက္ပြဲအတြက္ အဆင့္ဆင့္ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္မယ္လို႔ ထုတ္ျပန္ထားပါတယ္။ လတ္တေလာမွာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒသစ္အရ ရွိရင္းစြဲ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္မွာ ပါတီ ၁၉ ခုသာ မွတ္ပုံတင္ထားပါေသးတယ္။ ပါတီေတြဘက္ကေတာ့ ေကာ္မရွင္ဘက္က ေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္လို႔ ဘယ္လိုမွ ေျပာဆိုလာတာ မရွိေသးသလို သူတို႔အေနနဲ႔ ပါတီရပ္တည္ႏိုင္ေရးသာ အခုခ်ိန္ ဦးတည္လုပ္ေဆာင္ေနရ ခ်ိန္သာျဖစ္ေနတယ္လို႔ ျပည္သူ႔ပါတီက ကိုေက်ာ္လင္းက ဗြီအိုေအကို ေျပာပါတယ္။
“က်ေနာ္တို႔ အခုဘာမွ မသိေသးပါဘူး။ တရားဝင္လဲ ဘာမွမထုတ္ျပန္ေတာ့ မသိဘူး။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္လို႔လည္း ေကာ္မရွင္ဘက္က ဘာမွမထုတ္ျပန္ေသးဘူး။ တရားဝင္မေျပာေတာ့ မသိပါဘူး။ က်ေနာ္တို႔ပါတီဘက္ကေတာ့ ျပည္ေထာင္စုအဆင့္ သြားႏိုင္ဖို႔ ပုံစံ (ဇ) စုေဆာင္းေရး လုပ္ေနရတာေပါ့ေလ။ က်ေနာ္တို႔ကေတာ့ ခုပါတီရပ္တည္ႏိုင္ေရးအတြက္ဘဲ စဥ္းစားလုပ္ေနပါတယ္။”
စစ္ေကာင္စီဘက္ကေတာ့ လတ္တေလာ တည္ၿငိမ္ေရးကို ဦးတည္လုပ္ေနတယ္လို႔သာ ေျပာဆိုသလို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းကို ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ တၿပိဳင္တည္းေကာက္ယူဖို႔ စစ္ေကာင္စီဘက္က ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာပါတယ္။
၂၀၂၄ ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔ ညသန္း ေခါင္ယံအခ်ိန္ကို သန္းေခါင္စာရင္း ရည္ၫႊန္းခ်ိန္အျဖစ္ သတ္မွတ္ထားၿပီး အဲဒီေနာက္တစ္ေန႔ ေအာက္တိုဘာလ ၁ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ စုစုေပါင္း ၁၅ ရက္ၾကာ ေကာက္ယူသြားမယ္လို႔ ေျပာပါတယ္။
အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြအမ်ားအျပား ျဖစ္ေပၚေနတဲ့ ေနရာေတြမွာ သန္းေခါင္းစာရင္းကို ဘယ္လို ေကာက္ယူသြားမယ္ဆိုတာနဲ႔ ပတ္သက္လို႔လည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ႀကိဳတင္ျပင္ဆင္ျခင္း၊ စာရင္းေကာက္ယူျခင္း၊ စာရင္းျပဳစုျခင္းနဲ႔ အစီရင္ခံစာထုတ္ျပန္ျခင္း စတဲ့ လုပ္ငန္း ၄ ရပ္ကို ျပင္ဆင္ လုပ္ေဆာင္ေနတယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။ အဲဒီလုပ္ငန္းစဥ္ေတြကို ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ကေန ၂၀၂၆ ခုႏွစ္ မတ္လအထိ စုစုေပါင္း ၅၄ လၾကာ ရည္မွန္းလုပ္ေဆာင္ေနတယ္လို႔လည္း စစ္ေကာင္စီရဲ႕ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ဝန္ႀကီး ဦးျမင့္ႀကိဳင္က ေျပာဆိုထားပါတယ္။
{Unicode}
သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကျင်းပမှာလား
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေပါတယ်။ သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတဲ့ တွက်ဆမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီကဘက်ကတော့ နေရာအနှံ့ရွေးကောက်ပွဲကျင်းပဖို့သာ ပြင်ဆင်နေတယ်လို့ တုံ့ပြန်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က ပြောပြမှာပါ။
တနိုင်ငံလုံး သန်းခေါင်းစာရင်းကောက်ခံမှုကို ရှေ့နှစ် အောက်တိုဘာ ၁ ရက်မှာ စတင်ကောက်ခံသွားမယ်လို့ နိုင်ငံပိုင်းသတင်းစာတွေမှာ ဖော်ပြခဲ့ပြီးနောက် ရွေးကောက်ပွဲ နောက်ဆုတ်သွားမလားဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ အရေးပေါ်ကာလသက်တမ်း တိုးမြှင့်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေစာရင်းတွေ မှန်ကန်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာမို့ အခုလို သုံးသပ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကျင်းပမှာလားလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဗွီအိုအေက မေးတဲ့အခါ သူက အခုလို တုန့်ပြန် ပါတယ်။
“ကျနော်တို့အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့က ဦးတည်ချက်တွေ ရှေ့လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေမှာ ပါပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဦးတည်ဆောင်ရွက်တာသည် ပြည်သူလူထုဘဝ တည်ငြိမ်အေးချမ်းရေး၊ ပြီးရင် လမ်းပန်းဆက်သွယ်ရေး ဦးတည်မယ်ဆိုတာ ပါပြီးဖြစ်ပါတယ်။ ဒါတွေ ဦးတည်နေတာသည် ခုနပြောတဲ့ ရွေးကောက်ပွဲကိုနေရာ တော်တော်များများမှာ ပျံ့ပျံ့နှံ့နှံလုပ်နိုင်ဖို့ တိုင်းရင်းသားပြည်သူတရပ်လုံး ပါဝင်နိုင်ဖို့ အမြဲဦးတည်ဆောင် ရွက်လျက်ရှိပါတယ်။”
စစ်ကောင်စီဘက်က ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်မယ်လို့ ကြေညာထားပေမဲ့ ဘယ်တော့လဲဆိုတာ အတိအကျပြောခြင်း မရှိသေးပါဘူး ရွေးကောက်ပွဲအတွက် အချိန်ဇယား ဘယ်လိုသတ်မှတ်ထားသလဲလို့ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက အကြိမ်ကြိမ် မေးပေမယ့် ရှင်းရှင်းလင်း လင်းပြန်ဖြေတာ မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လျှောက်ထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန် ၂ လ ပေးထားပါတယ်။ ဒါတွေပြီးစီးသွားမှသာ ရွေးကောက်ပွဲအတွက် အဆင့်ဆင့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရှိရင်းစွဲ နိုင်ငံရေးပါတီ ၉၀ ကျော်မှာ ပါတီ ၁၉ ခုသာ မှတ်ပုံတင်ထားပါသေးတယ်။ ပါတီတွေဘက်ကတော့ ကော်မရှင်ဘက်က ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ဘယ်လိုမှ ပြောဆိုလာတာ မရှိသေးသလို သူတို့အနေနဲ့ ပါတီရပ်တည်နိုင်ရေးသာ အခုချိန် ဦးတည်လုပ်ဆောင်နေရ ချိန်သာဖြစ်နေတယ်လို့ ပြည်သူ့ပါတီက ကိုကျော်လင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ အခုဘာမှ မသိသေးပါဘူး။ တရားဝင်လဲ ဘာမှမထုတ်ပြန်တော့ မသိဘူး။ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့လည်း ကော်မရှင်ဘက်က ဘာမှမထုတ်ပြန်သေးဘူး။ တရားဝင်မပြောတော့ မသိပါဘူး။ ကျနော်တို့ပါတီဘက်ကတော့ ပြည်ထောင်စုအဆင့် သွားနိုင်ဖို့ ပုံစံ (ဇ) စုဆောင်းရေး လုပ်နေရတာပေါ့လေ။ ကျနော်တို့ကတော့ ခုပါတီရပ်တည်နိုင်ရေးအတွက်ဘဲ စဉ်းစားလုပ်နေပါတယ်။”
စစ်ကောင်စီဘက်ကတော့ လတ်တလော တည်ငြိမ်ရေးကို ဦးတည်လုပ်နေတယ်လို့သာ ပြောဆိုသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်း ခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး အဲဒီနောက်တစ်နေ့ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူသွားမယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေအများအပြား ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ သန်းခေါင်းစာရင်းကို ဘယ်လို ကောက်ယူသွားမယ်ဆိုတာနဲ့ ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနဲ့ အစီရင်ခံစာထုတ်ပြန်ခြင်း စတဲ့ လုပ်ငန်း ၄ ရပ်ကို ပြင်ဆင် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၆ ခုနှစ် မတ်လအထိ စုစုပေါင်း ၅၄ လကြာ ရည်မှန်းလုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုထားပါတယ်။