ရခိုင္ျပည္နယ္ေတာင္းပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ ေဒသခံေတြကို ULA/AAနဲ႔ မပတ္သတ္ဖို႔ စစ္ေကာင္စီတပ္သားေတြ တစ္႐ြာဝင္တစ္႐ြာထြက္ ၿခိမ္းေခ်ာက္ ေျပာဆိုတာေတြရွိသလို ေက်း႐ြာေတြအနီးမွာ တပ္စြဲ ေနထိုင္တာေတြေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဖက္ကေတာ့ ယာယီအပစ္ရပ္ထားတဲ့ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြေၾကာင့္ အခ်ိန္မေ႐ြး တိုက္ပြဲျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုထားတာ ရွိပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကိုအေျခခံၿပီး ကိုခင္ေမာင္စိုးမင္းက တင္ျပေပးပါမယ္။
စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ယာယီအပစ္ရပ္ထားတဲ့ ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီဖက္က လူအင္အား လက္နက္အင္အားေတြ ျဖည့္တင္းတာေတြရွိေနသလို ရခိုင္ေတာင္ပိုင္းက သံတြဲ ေတာင္ကုတ္ ေက်ာက္ျဖဴ ရမ္းၿဗဲစတဲ့ ၿမိဳ႕နယ္ေတြက ေဒသခံေတြကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ မပတ္သတ္ဖို႔ ၿခိမ္းေျခာက္ေျပာဆိုတာေတြ ရွိေနတယ္ လို႔ေဒသခံေတြက ေျပာဆိုၾကပါတယ္။
ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကင္းေက်း႐ြာအုပ္စု၊ ေအာင္ေဇယ် ေက်း႐ြာမွာဆိုရင္လည္း ဒီကေန႔ မနက္ပိုင္းက စစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္လာၿပီး ေဒသခံေတြကို တစ္အိမ္တစ္ေယာက္ မလာမေနရ ေခၚယူေတြ႕ဆုံေနတယ္လို႔ ေဒသခံေတြေျပာဆိုၾကပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္း ေက်း႐ြာတခ်ိဳ႕မွာ အခုလို စစ္ေကာင္စီ စစ္ေၾကာင္း ခပ္စိတ္စိတ္ ဝင္ထြက္သြားလာေနတာေတြ ပိုမ်ားလာတယ္လို႔ ေက်ာက္ျဖဴ ၿမိဳ႕နယ္ ဇင္ေခ်ာင္းတိုက္နယ္ေဒသခံ တစ္ဦးက ေျပာပါတယ္။
“ စိုးရိမ္မႈကေတာ့ ရွိတယ္ဗ်ာ။ အရင္ ၿပီးခဲ့တဲ့လကထက္ ဒီလကပိုၿပီးေတာ့ စစ္ေၾကာင္းေတြက စိပ္လာတယ္၊ မ်ားလာတယ္။ အရင္ ၃ရက္ တစ္ေၾကာင္း ၁ ပတ္မွာ ၂ ေၾကာင္းထြက္တယ္။ အဲေလာက္ပဲ ရွိတယ္။ အခုက တစ္ေန႔မွာ သုံးေၾကာင္းထြက္တယ္။ ႏွစ္ေၾကာင္းထြက္တယ္။ အနည္းဆုံး ႏွစ္ေၾကာင္း။ အဲလို ျဖစ္လာတာဆိုေတာ့ ျပည္သူလူထုအေနနဲ႔ က်ေနာ္တို႔ ျပည္နယ္မွာေတာ့ တခုခုေတာ့ ျဖစ္ေတာ့မယ္၊ စစ္ပြဲေတာ့ျဖစ္မွာပဲ၊ ဘယ္လိုေနရာမွာ တိမ္းေရွာင္ရမလဲ၊ ဘယ္လို စားရမလဲ၊ ဘယ္လိုေနရမလဲဆိုၿပီး ထိတ္လန႔္ေနရတာေပါ့ဗ်ာ။”
ဒါ့အျပင္ စစ္ေကာင္စီ စစ္ေၾကာင္းေတြ ဝင္လာထြက္သြားတာေတြ ေက်း႐ြာအတြင္းမွာ စခန္းခ် ေနထိုင္ေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ေၾကာက္လန႔္ေနၾကရတယ္လို႔ ဇင္ေခ်ာင္းေဒသခံတစ္ဦးက ေျပာပါတယ္။
“ စစ္ေၾကာင္းသြားတဲ့ေနရာေတြမွာ လုပ္ငန္းရွိတယ္။ အဲဒီမွာ စစ္ေၾကာင္းရွိတယ္ဆိုရင္ မသြားရဲဘူးဗ်ာ။ ေၾကာက္စိတ္ေတြက ပိုတာေပါ့။ အားလုံးအဲဒီအတိုင္းပါပဲ က်ီးလန႔္စာစား ျဖစ္ေနၾကတယ္။ သူတို႔လာလို႔ရွိရင္ သူတို႔ကိုျမင္ရင္ ေၾကာက္တာေပါ့။ က်န္ေတာ္ တေယာက္တည္း မဟုတ္ပါဘူး။ အခုေတြ႕ေနရတယ္ ေဈးေတြမွာဆိုရင္လည္း သူတို႔ဝင္လာၿပီး ေဈးဝယ္ရင္ ပိုက္ဆံမေတာင္းရဲဘူး။ သူတို႔ေပးသေလာက္ပဲ ယူရတယ္၊ မေတာင္းရဲဘူး။ ပစၥည္းတန္းဖိုးကို မျဖတ္ရဲဘူး။ အဲေလာက္ထိ ေဒသခံေတြက ေၾကာက္စိတ္ပို လာၾကတာေပါ့ဗ်ာ။”
ရခိုင္ေဒသခံေတြအေနနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ မပတ္သတ္ဖို႔ စစ္ေကာင္စီက ၿခိမ္းေျခာက္ ေျပာဆိုတာေတြအျပင္ ေက်း႐ြာတြင္း စစ္ေကာင္စီတပ္သားေတြ စခန္းခ်ေန ထိုင္ေနတာေၾကာင့္ အခ်ိန္မေ႐ြးတိုက္ပြဲ ျပန္ျဖစ္လာႏိုင္တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ၿပီးခဲတဲ့ ေဖေဖာ္ဝါရီလ အကုန္ပိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။
“အထူးသျဖင့္ ျမန္မာစစ္တပ္က တ႐ြာဝင္တ႐ြာထြက္ သြားၿပီးေတာ့ အဆက္အသြယ္မလုပ္ဖို႔ ကူညီေထာက္ပံ့မႈမလုပ္ဖို႔နဲ႔ ULA/AA ဟာ တရားမဝင္ အဖြဲ႕အစည္းဆိုၿပီးေတာ့ ေျပာဆိုေန တာေတြရွိတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး က်ေနာ္တို႔အေနနဲ႔ အထူးသတိထားေစာင့္ၾကည့္ ေနတာေတြ ရွိေနပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ ဒီလိုလုပ္ရပ္ အျပဳအမႈေတြကို ဆက္ၿပီးေတာ့ ဆိုးဆိုး႐ြား႐ြားလုပ္လာရင္ တိုက္ပြဲ လမ္းေၾကာင္းကို အခ်ိန္မေ႐ြး ျပန္ေရာက္သြားႏိုင္တဲ့ အေနအထားရွိေနတယ္။”
ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အၾကား နားလည္မႈနဲ႔ ယာယီအပစ္ရပ္ထားတယ္ ဆိုေပမယ့္ အပစ္ရပ္ထားတဲ့ သုံးလအတြင္းမွာ စစ္ေကာင္စီအေနနဲ႔ အဲဒီ ယာယီအပစ္ရပ္သေဘာ တူညီခ်က္ေတြကို ခ်ိဳးေဖာက္ေနတာေတြ ရွိသလို ေဒသခံေတြရဲ႕ ကုန္စည္စီးဆင္းမႈေတြ၊ ခရီးသြားလာေရးေတြကို ကန႔္သတ္ထားဆဲျဖစ္တယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။
{Unicode}
ရခိုင်ဒေသခံတွေ AA နဲ့ မပတ်သက်ဖို့ စစ်ကောင်စီခြိမ်းချောက်မှု တိုက်ပွဲဘက်ဦးတည်နိုင် (AA ပြောခွင့်ရ)
ရခိုင်ပြည်နယ်တောင်းပိုင်းက မြို့နယ်တချို့မှာ ဒေသခံတွေကို ULA/AAနဲ့ မပတ်သတ်ဖို့ စစ်ကောင်စီတပ်သားတွေ တစ်ရွာဝင်တစ်ရွာထွက် ခြိမ်းချောက် ပြောဆိုတာတွေရှိသလို ကျေးရွာတွေအနီးမှာ တပ်စွဲ နေထိုင်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ ယာယီအပစ်ရပ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကိုအခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ယာယီအပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖက်က လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းတာတွေရှိနေသလို ရခိုင်တောင်ပိုင်းက သံတွဲ တောင်ကုတ် ကျောက်ဖြူ ရမ်းဗြဲစတဲ့ မြို့နယ်တွေက ဒေသခံတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မပတ်သတ်ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတယ် လို့ဒေသခံတွေက ပြောဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ အောင်ဇေယျ ကျေးရွာမှာဆိုရင်လည်း ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံတွေကို တစ်အိမ်တစ်ယောက် မလာမနေရ ခေါ်ယူတွေ့ဆုံနေတယ်လို့ ဒေသခံတွေပြောဆိုကြပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခုလို စစ်ကောင်စီ စစ်ကြောင်း ခပ်စိတ်စိတ် ဝင်ထွက်သွားလာနေတာတွေ ပိုများလာတယ်လို့ ကျောက်ဖြူ မြို့နယ် ဇင်ချောင်းတိုက်နယ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ စိုးရိမ်မှုကတော့ ရှိတယ်ဗျာ။ အရင် ပြီးခဲ့တဲ့လကထက် ဒီလကပိုပြီးတော့ စစ်ကြောင်းတွေက စိပ်လာတယ်၊ များလာတယ်။ အရင် ၃ရက် တစ်ကြောင်း ၁ ပတ်မှာ ၂ ကြောင်းထွက်တယ်။ အဲလောက်ပဲ ရှိတယ်။ အခုက တစ်နေ့မှာ သုံးကြောင်းထွက်တယ်။ နှစ်ကြောင်းထွက်တယ်။ အနည်းဆုံး နှစ်ကြောင်း။ အဲလို ဖြစ်လာတာဆိုတော့ ပြည်သူလူထုအနေနဲ့ ကျနော်တို့ ပြည်နယ်မှာတော့ တခုခုတော့ ဖြစ်တော့မယ်၊ စစ်ပွဲတော့ဖြစ်မှာပဲ၊ ဘယ်လိုနေရာမှာ တိမ်းရှောင်ရမလဲ၊ ဘယ်လို စားရမလဲ၊ ဘယ်လိုနေရမလဲဆိုပြီး ထိတ်လန့်နေရတာပေါ့ဗျာ။”
ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာထွက်သွားတာတွေ ကျေးရွာအတွင်းမှာ စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ကြောက်လန့်နေကြရတယ်လို့ ဇင်ချောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ စစ်ကြောင်းသွားတဲ့နေရာတွေမှာ လုပ်ငန်းရှိတယ်။ အဲဒီမှာ စစ်ကြောင်းရှိတယ်ဆိုရင် မသွားရဲဘူးဗျာ။ ကြောက်စိတ်တွေက ပိုတာပေါ့။ အားလုံးအဲဒီအတိုင်းပါပဲ ကျီးလန့်စာစား ဖြစ်နေကြတယ်။ သူတို့လာလို့ရှိရင် သူတို့ကိုမြင်ရင် ကြောက်တာပေါ့။ ကျန်တော် တယောက်တည်း မဟုတ်ပါဘူး။ အခုတွေ့နေရတယ် ဈေးတွေမှာဆိုရင်လည်း သူတို့ဝင်လာပြီး ဈေးဝယ်ရင် ပိုက်ဆံမတောင်းရဲဘူး။ သူတို့ပေးသလောက်ပဲ ယူရတယ်၊ မတောင်းရဲဘူး။ ပစ္စည်းတန်းဖိုးကို မဖြတ်ရဲဘူး။ အဲလောက်ထိ ဒေသခံတွေက ကြောက်စိတ်ပို လာကြတာပေါ့ဗျာ။”
ရခိုင်ဒေသခံတွေအနေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မပတ်သတ်ဖို့ စစ်ကောင်စီက ခြိမ်းခြောက် ပြောဆိုတာတွေအပြင် ကျေးရွာတွင်း စစ်ကောင်စီတပ်သားတွေ စခန်းချနေ ထိုင်နေတာကြောင့် အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်လာနိုင်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြီးခဲတဲ့ ဖေဖော်ဝါရီလ အကုန်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
“အထူးသဖြင့် မြန်မာစစ်တပ်က တရွာဝင်တရွာထွက် သွားပြီးတော့ အဆက်အသွယ်မလုပ်ဖို့ ကူညီထောက်ပံ့မှုမလုပ်ဖို့နဲ့ ULA/AA ဟာ တရားမဝင် အဖွဲ့အစည်းဆိုပြီးတော့ ပြောဆိုနေ တာတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျနော်တို့အနေနဲ့ အထူးသတိထားစောင့်ကြည့် နေတာတွေ ရှိနေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ် အပြုအမှုတွေကို ဆက်ပြီးတော့ ဆိုးဆိုးရွားရွားလုပ်လာရင် တိုက်ပွဲ လမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်တဲ့ အနေအထားရှိနေတယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား နားလည်မှုနဲ့ ယာယီအပစ်ရပ်ထားတယ် ဆိုပေမယ့် အပစ်ရပ်ထားတဲ့ သုံးလအတွင်းမှာ စစ်ကောင်စီအနေနဲ့ အဲဒီ ယာယီအပစ်ရပ်သဘော တူညီချက်တွေကို ချိုးဖောက်နေတာတွေ ရှိသလို ဒေသခံတွေရဲ့ ကုန်စည်စီးဆင်းမှုတွေ၊ ခရီးသွားလာရေးတွေကို ကန့်သတ်ထားဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။