သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ ဒေသရှိ ကြက်ခြံများတွင် ကြက်တွေ ထောင်ဂဏန်းလောက် ထိ သေဆုံးမူတွေရှိရတာကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ ကစပြီး ကြက်အသေ အများအပြား ဖြစ်နေတဲ့ကြက်မွေးမြူခြံပိုင်ရှင် ၆ဦးတို့ ရဲ့ ကြက်ခြံတွေက ကြက်သား နဲ့ ကြက်ဥတို့ကိုရောင်းချခြင်းမပြုဖို့ အတွက် မြိုနယ်စည်ပင်သာယာက ပိတ်ပင်လိုက်ပါတယ်။ ညွန်ကြားချက်အတိုင်း မလိုက်နာရင်အရေးယူခံရမယ် လို့လည်းဆိုထားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း၊ ထိန်သစ်ရပ်ကွက်တွင်း မှာ ပြီးခဲ့တဲ့တပတ်ခန့် စပြီးကြက်တွေ ထောင်ဂဏန်း အထိအသေ အပျောက်ရှိနေတဲ့အတွက် ကြက်သေများကို ဓါတ်ခွဲစမ်းသပ်မူများ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီနောက်မှာတော့ဇူလိုင်လ ၂၅ရက်နေ့ ကစပြီး ကြက်ခြံပိုင်ရှင် ၆ဦးရဲ့ ကြက်မွေးမြူရေး ကြက်ခြံများက ကြက်တွေနဲ့ ကြက်ဥတွေကို ရောင်းချတာမျိုး မလုပ်ဖို့ အတွက် မြိုနယ် စည်ပင်သာယာက ပိတ်ပင်လိုက်တဲ့ အကြောင်း ကြက်ခြံတွေအနီးမှာ နေထိုင်နေတဲ့ ထားဝယ်မြိုခံတဦးက ပြောပြပါတယ်။

“ကြက်ခြံတွေပိတ်ထားတယ် အမ ကြက်တွေအသေများလို့ ကြက်ရောဂါဖြစ်လို့ သေတာပေါ့ အမရယ် သေတာက ဦမောင်နီကြက်ခြံမှာ ၁၀၀၀ လောက်သေတယ် ကျန်တဲ့သူတွေကတော့ သတင်းမထုတ်ကြဘူး ကြက်သာတွေ မရောင်းရဘူးလို့ ပြောထားတယ် ဦးမောင်နီရယ် ဦးလှမင်းဦးသိန်းတန်ရယ် ဦးမျိုးလွင်ရယ် ကြက်ခြံတွေကနီးနီးလေးပဲ စည်ပင်က ညွန်ကြားထားတယ်”

ညွန်ကြားချက်ကို လိုက်နာမူမရှိတာ စစ်ဆေးတွေ့ ရှိမယ်ဆိုရင် တနင်္သာရီတိုင်း စည်ပင်သာယာရေး ဥပဒေအရေ ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ လောလောဆည်ဈေးတွေမှာတော့ ကြက်သားရောင်းဝယ်စားသုံးနေတာတွေတော့ ရှိနေဆဲဖြစ်ပါတယ်။

ထားဝယ်မြို့က ကြက်ခြံတွေမှ အခုလိုမျိုး ကြက်တွေ ထောင်ဂဏန်းထိ သေဆုံးနေတဲ့အတွက် H5N1 ဗိုင်းရပ်ပိုးတွေ တွေ့ ရှိရတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ အတည်ပြုပြောဆိုမဲ့ အာဏာပိုင်တွေကိုတော့ ဆက်သွယ်လို့မရသေးပါဘူး မြန်မာနိုင်ငံတွင်းမှာ တော့ ရာသီ တုပ် ကွေးရောဂါ H1N1ဗိုင်းရပ် ကူးစက်ခံရသူ ၂၀လောက်ရှိသွားပြီးဖြစ်သလို သေဆုံးသူ ၃ဦးရှိသွားပြီ ဖြစ်ပါတယ်။

ထားဝယ်က ကြက်ခြံအချို့မှာ အခုလို ကြက်တွေ အစုအပြုံလိုက်သေဆုံးမှုကြောင့် အနီးအနားဒေသနဲ့ မြိတ်မြို့တွေမှာပါ ကြက်မွေးမြူရေးခြံတွေကို တိုင်းကျန်းမာရေးဌာနက စစ်ဆေးမှုတွေလုပ်နေပါတယ်။ ထားဝယ် ကြက်ခြံက ကြက်ရောဂါပိုးတွေကို ဓါတ်ခွဲစမ်းသပ်ရလဒ်မှာတော့ H5N1 ကြက်ငှက်တုတ်ကွေးဖြစ်တယ်ဆိုတာကို အတည်ပြုယူရပြီလို့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ဗွီအိုအေက အတည်ပြုခဲ့ပါတယ်။

“လောလောဆည်အဲဒီအကောင်ဖြစ်တဲ့သတင်းကြားလို့ တိုင်းအစိုးရနဲ့ ပေါင်းပြီးတော့ စစ်တာဆေးတာတွေလုပ်၊ သုတ်သင် သင့်တာတွေလည်း သုတ်သင်ပေါ့နော် အဲဒီဟာတွေ လုပ်ပြီးပြီ နောက်ပြီးတော့ ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်တယ်ဆိုတဲ့ နှိုးဆော်ချက်တွေလည်း သတင်းစာကနေ ထုတ်ပြန်ပြီးပြီခင်ဗျ။

မေး။ ။ ကြက်ငှက်တုတ်ကွေး H5N1 ဆိုတာကတော့ အတည်ဖြစ်ပြီပေါ့နော်။

ဖြေ။ ။ အဲဒါကတော့ သေချာပြီခင်ဗျ။”

ဒီလိုအခြေအနေတွေကြောင့် တနင်္သာရီတိုင်းအစိုးရ အနေနဲ့လည်း ထားဝယ်မြို့နယ်တွင်း ကြက်ဘဲ မွေးမြူရေးလုပ်ငန်းဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့သလို၊ ထားဝယ်မြို့နယ်တွင်းရှိ အခြေခံပညာ အလယ်တန်းပညာနဲ့ အထက်တန်းပညာကျောင်းအားလုံးကို ဇူလှိုင် ၃၁ရက်နေ့အထိ ခေတ္တပိတ်ထားဖို့ကိုလည်း အမိန့်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG