သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးပျက်၊ စက်သုံးဆီဈေးကြီးလို့ လုပ်ငန်းတွေထိခိုက် 


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်းရှိ အဆောက်အဦတခုထဲက လျှပ်စစ်မီတာဘောက်ရှေ့ တယ်လီဖုန်းဂိမ်းကစားနေတဲ့ ကလေးငယ်တဦးကိုတွေ့ရစဉ် (မေ ၂၀၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်းရှိ အဆောက်အဦတခုထဲက လျှပ်စစ်မီတာဘောက်ရှေ့ တယ်လီဖုန်းဂိမ်းကစားနေတဲ့ ကလေးငယ်တဦးကိုတွေ့ရစဉ် (မေ ၂၀၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်း လျှပ်စစ်မီးပျက်တာ ပိုဆိုးလာနေပြီး စက်သုံးဆီရဖို့လည်း ပိုခက်ခဲလာတာကြောင့် လျှပ်စစ်မီးအပေါ်အားထားနေရတဲ့ စီးပွားရေး လုပ်ငန်းတွေ သိသိသာသာ ထိခိုက်လာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပြကြပါတယ်။ အရင်ကတည်းက ပုံမှန် မရတဲ့မီးဟာ ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလထဲမှာတော့ ပိုဆိုးလာတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ အခုတပတ်ထဲမှာ ညလုံးပေါက်မီးပျက်တဲ့ရက်တွေ၊ တနေ့ကုန်နီးပါး မီးပျက်တဲ့ရက်တွေတောင် ရှိတယ်လို့ ဗွီအိုအေကိုပြောပြကြပါတယ်။

ကိုယ်ပိုင်မီးစက်တွေသုံးပြီး လုပ်ငန်းလည်ပတ်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စက်သုံးဆီဈေး သိသိသာသာ တက်နေတာကြောင့်ရော လိုသလောက် ဝယ်လို့မရတဲ့ အခက်အခဲတွေကြောင့်ပါ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာတယ်လို့ ပြောကြပါတယ်။ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးကတော့ လုံးဝ တွက်ချေမကိုက်တော့တဲ့အတွက် လုပ်ငန်း ရပ်နားလိုက်ရတဲ့အကြောင်း ဗွီအိုအေကိုပြောပြပါတယ်။ စက်သုံးဆီက ဈေးကြီးရုံတင်မက သက်ဆိုင်ရာကို အရင်လျှောက်ထားပြီးမှ တဆင့်ချင်း ခွင့်ပြုချက်နဲ့ အဆင့်ဆင့် ဝယ်နေရတာဖြစ်လို့ လုပ်ကိုင်ရ ပို ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

XS
SM
MD
LG