သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခုနှစ်အတွက် မြန်မာ့စီးပွား ဖွံ့ဖြိုးမှုနှုန်း ၃% သာရှိမည် (ကမ္ဘာ့ဘဏ်)


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တွင်းတနေရာမှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့ (ဇွန် ၁၀၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တွင်းတနေရာမှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့ (ဇွန် ၁၀၊ ၂၀၂၀)

ဒီနှစ် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နိုင်ဖွယ်ရှိပြီး ဒီနှစ်ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ လာမယ့် ၆ လအတွင်း ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုနှုန်း (GDP) ၃ % လောက်ပဲ တိုးနိုင်တယ်လို့ ကမ္ဘာဘဏ်က ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာလာတဲ့အထိ ပြည်တွင်း ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေဆဲမို့ တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်နိုင်တဲ့အကြောင်းကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး သုံးသပ် ခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေတာ၊ လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ပိုမို ဆိုးရွားလာနေတာနဲ့ အလုပ်မဖြစ်တဲ့ ပေါ်လစီတွေက နိုင်ငံရေးနဲ့ လူမှု ပြဿနာတွေ ရှိနေပြီးဖြစ်တဲ့ တိုင်းပြည် စီးပွားရေးကို ပိုမို ဆိုးရွားသွားစေမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုတွေအပေါ် ကန့်သတ် ထိန်းချုပ်မှု၊ မသေချာ မရေရာတဲ့ ပြဌာန်းချက်တွေကြောင့် စီးပွားလုပ်ငန်း လုပ်ကိုင်တဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

အရှေ့အာရှဒေသ နိုင်ငံတွေမှာ ကပ်ရောဂါကာအလွန် စီးပွားပြန်လည် ဦးမော့တာတွေ ရှိလာနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ၂၀၁၉ ကာလတွေကထက် ပိုပြီး လျော့နည်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ ၁၈% လျော့ကျသွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၃% တိုးတက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

စားသောက်ကုန်နဲ့ လောင်စာဆီဈေးတွေ အဆမတန် မြှင့်တက်နေတဲ့ တချိန်တည်း ဒေါ်လာနဲ့လဲလှယ်တဲ့ မြန်မာကျပ်ငွေ တန်ဖိုးဟာ ၃၁% ကျသွားတဲ့အတွက် မိသားစုတွေ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG