သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက်ကျင်းပမည်


လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ ခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၈ ခုတို့က စုစုပေါင်း လစ်လပ်ကိုယ်စားလှယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ကျင်းပမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တခေါက် ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တုန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ ဝင်ရောက်ပြိုင်ဆိုင်ကြမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

လွှတ်တော်ပုံမှန်သက်တမ်း တရပ် အတွင်း မဲဆန္ဒနယ်တစ်ခုခုမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရတာကြောင့်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်သွားတာ၊ ကွယ်လွန်သွားတာ ဥပဒေနှင့်အညီ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရတာ ဒါမှမဟုတ် တာဝန်ကနေ ရုပ်သိမ်းခံရတာတို့ကြောင့် လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေအတွက် ခုလိုကြားဖြတ်ရွေးကောက်ပွဲတွေကို ကျင်းပပါတယ်။

ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေထဲမှာ ဆိပ်ကမ်း၊ တာမွေ၊ မြင်းခြံ၊ မြစ်ကြီးနား၊ ရသေ့တောင်စတဲ့မြို့နယ်တွေအပြင် နေပြည်တော် ပြည်ထောင်စု နယ်မြေမှအပ မန္တလေးတိုင်းဒေသကြီး ၁ ခုလုံး ပါဝင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG