သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ျမန္မာေတြ ျပည္တြင္းကို ေငြလြဲေျပာင္းခြင့္ ဗဟိုဘဏ္ကန္႔သတ္


အေမရိကန္ေဒၚလာမ်ား။

[[Zawgyi/Unicode]]

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ ျပည္တြင္းကို လႊဲေျပာင္းေပးပို႔တဲ့ လစာဝင္ေငြေတြကို တျခားသူေတြကို ေရာင္းခ်တာ၊ ဒါမွမဟုတ္ ႏိုင္ငံျခားသုံးေငြ ေရာင္းဝယ္ေဖါက္ကားတဲ့ AD လိုင္စဥ္ရ ဘဏ္ကို လႊဲေျပာင္းတာေတြ လုပ္တဲ့အခါ ၂၁ ရက္အတြင္း အၿပီးသတ္ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း ဗဟိုဘဏ္က ၫႊန္ၾကားခ်က္ ထုတ္ျပန္ပါတယ္။

ျပည္တြင္းကို လႊဲေျပာင္းေပးပို႔တဲ့ လစာေတြကို ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ေရာင္းခ်တာ၊ AD လိုင္စင္ရ ဘဏ္ေတြကို လႊဲေျပာင္းတာေတြ လြတ္လြတ္လပ္လပ္ လုပ္ႏိုင္ေၾကာင္း ဗဟိုဘဏ္က မေန႔က ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒါေပမဲ့ တဆင့္ဝယ္ယူထားတဲ့ ကုမၸဏီေတြ လူေတြ၊ အဖြဲ႕အစည္းေတြအေနနဲ႔ေတာ့ ထပ္ဆင့္ေရာင္းခ်တာကို ခြင့္မျပဳဘူးလို႔ တားျမစ္ထားတယ္။ လႊဲေျပာင္းေရာင္းခ်တာကို ၂၁ ရက္အတြင္း အၿပီးသတ္ လုပ္ေဆာင္ဖို႔ ကန္႔သတ္ခ်က္ ထုတ္ျပန္တာျဖစ္ပါတယ္။

က်ပ္ေငြတန္ဖိုး မၾကဳံစဖူး ထိုးက်ေနခ်ိန္၊ ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းတဲ့ ေနာက္ထပ္ ၫႊန္ၾကားခ်က္တခု ထပ္ထြက္လာတာပါ။

ဘဏ္ထဲမွာ ႏိုင္ငံျခားေငြကိုင္ေဆာင္ႏိုင္တဲ့ အခ်ိန္ကာလကို ကန႔္သတ္လိုက္တာျဖစ္သလို၊ ေရာင္းခ်တဲ့အခါမွာလဲ ဗဟိုဘဏ္ရဲ႕ ရည္ၫႊန္းေငြလဲႏႈန္းအတိုင္းပဲ ေရာင္းခ်ရမွာျဖစ္တဲ့အတြက္ ျပည္ပမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အခက္ေတြ႕ႏိုင္တယ္လို႔ ေလ့လာသူေတြ သုံးသပ္ပါတယ္။

ဗဟိုဘဏ္ရဲ႕ ရည္ၫႊန္းေငြလဲႏႈန္းနဲ႔ ျပင္ပေပါက္ေစ်း ကြာဟာေနတဲ့အတြက္ သီတင္းသုံးပတ္အတြင္း အၿပီးသတ္ေရာင္းခ်ရတဲ့အခါ ေရာင္းခ်သူေတြ နစ္နာႏိုင္တယ္ဆိုၿပီး ျပည္ပမွာ အလုပ္လုပ္ကိ္ုင္ေနသူေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

[[Unicode]]

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို လွှဲပြောင်းပေးပို့တဲ့ လစာဝင်ငွေတွေကို တခြားသူတွေကို ရောင်းချတာ၊ ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖေါက်ကားတဲ့ AD လိုင်စဉ်ရ ဘဏ်ကို လွှဲပြောင်းတာတွေ လုပ်တဲ့အခါ ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ရမှာဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

ပြည်တွင်းကို လွှဲပြောင်းပေးပို့တဲ့ လစာတွေကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ရောင်းချတာ၊ AD လိုင်စင်ရ ဘဏ်တွေကို လွှဲပြောင်းတာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြောင်း ဗဟိုဘဏ်က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ တဆင့်ဝယ်ယူထားတဲ့ ကုမ္ပဏီတွေ လူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့တော့ ထပ်ဆင့်ရောင်းချတာကို ခွင့်မပြုဘူးလို့ တားမြစ်ထားတယ်။ လွှဲပြောင်းရောင်းချတာကို ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ဖို့ ကန့်သတ်ချက် ထုတ်ပြန်တာဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုး မကြုံစဖူး ထိုးကျနေချိန်၊ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်ရေး ကြိုးပမ်းတဲ့ နောက်ထပ် ညွှန်ကြားချက်တခု ထပ်ထွက်လာတာပါ။

ဘဏ်ထဲမှာ နိုင်ငံခြားငွေကိုင်ဆောင်နိုင်တဲ့ အချိန်ကာလကို ကန့်သတ်လိုက်တာဖြစ်သလို၊ ရောင်းချတဲ့အခါမှာလဲ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းအတိုင်းပဲ ရောင်းချရမှာဖြစ်တဲ့အတွက် ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အခက်တွေ့နိုင်တယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေး ကွာဟာနေတဲ့အတွက် သီတင်းသုံးပတ်အတွင်း အပြီးသတ်ရောင်းချရတဲ့အခါ ရောင်းချသူတွေ နစ်နာနိုင်တယ်ဆိုပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG