သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းရာမှာ ငွေညှစ်တဲ့စွပ်စွဲချက်တွေထွက်ပေါ်


စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)
စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)

စစ်ကောင်စီက အရွယ်ရောက်သူတွေ စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးပြီး တပ်သားသစ်စုဆောင်းရာမှာ အသက်အရွယ်ကြီးရင့်သူတွေပါဝင်နေသလို ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

မန္တလေးတိုင်းအတွင်း ကျောက်ပန်းတောင်း၊ ညောင်ဦး စတဲ့မြို့တွေနဲ့ မကွေးတိုင်းအတွင်း ချောက်၊ ရေနံချောင်းစတဲ့ မြို့တွေမှာ မြို့စောင့်တပ်ဖွဲ့စည်းရေးနဲ့ ထောက်ပံ့ရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ လူတွေကို အဓမ္မဆင့်ခေါ်နေတာကြောင့် ငွေပေးပြီး ပြန်ရွေးနေရတဲ့အကြောင်း ဒေသခံတယောက်က VOA ကို ပြောပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ရာမှာ ငွေညှစ်တောင်းခံတဲ့သတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လတ်တလော တစုံတရာပြောဆိုတာတော့ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလကပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားနဲ့ ၁၈ နှစ်က ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်သလို ပညာရှင်အဖြစ် သတ်မှတ်ခံရတဲ့အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်၊ အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် အသက် ၃၅ နှင့် ၆၅ နှစ်ရှိသူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကိုလည်း စစ်ကောင်စီက ဖွဲ့စည်းပြီး စစ်မှုထမ်းအဖြစ်ပါဝင်ဖို့ နေရာတချို့မှာ ဆင့်ခေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG