သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် နိုဝင်ဘာ ၆ ရက် အခြေအနေ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ မနေ့က COVID -19 ကူးစက်သူ လူနာသစ် နောက်ထပ် ၁,၃၄၂ ယောက် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၅၉,၂၇၇ ယောက်ရှိပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၄,၄၄၉ ခုစစ်ဆေးခဲ့တဲ့ အထဲက အခုလို ရောဂါကူးစက်သူ ၁,၃၀၀ ကျော်တွေ့ရှိတာပါ။ အခုအချိန်ထိ ဓာတ်ခွဲနမူနာ စစ်ဆေးမှုပေါင်း ၇၆၅,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အတည်ပြုလူနာတွေထဲ ရောဂါကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရသူက ၄၃,၂၇၇ ယောက်ရှိပါတယ်။ မနေ့က COVID -19 ကြောင့် သေဆုံးတဲ့သူ ၂၄ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁,၃၇၆ ယောက်ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန်တဲ့ COVID -19 ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာတော့ နိုဝင်ဘာလ ၅ ရက် နေ့အထိ အဆင့် ၇၇ မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက အဆင့် ၇၅ အထိရောက်ခဲ့ပြီး အခု အဆင့်ပြန် ကျ သွားတာပါ။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံး ရှိနေပြီး WHO ရဲ့ ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာ အဆင့် ၂၁ နေရာမှာ ရှိပါတယ်။

မြန်မာကိုဗစ် နိုဝင်ဘာ ၆ ရက် အခြေအနေ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်


.................


(Unicode)




XS
SM
MD
LG